မိုင်းပန်မြို့နယ်တွင် ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ လူအင်အား (၈၀၀)၀န်းကျင် တက်ရောက်

ဖေဖော်ဝါရီ 12, 2017
By Tachileik News Agency

နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားအဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အနောက်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)ရှိ ကွင်းပြင်တွင် ယနေ့ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ လူဦးရေ (၈၀၀)၀န်းကျင် တက်ရောက်လာကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ပုဂ္ဂိုလ်များအား အလေးပြုခဲ့ကြပြီး နှစ်(၇၀)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံမှ ပေးပို့သည့် သ၀ဏ်လွှာအား မိုင်းပန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းဝေလင်း မှ ဖတ်ကြားသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ခမ်း၊ မိုင်းပန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းဝေလင်း နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၈၀၀)၀န်းကျင် တက်ရောက်လာခဲ့ကြောင်း သိရှိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~