ႏွစ္(၇၀)ေျမာက္ ျပည္ေထာင္စုေန႔ အထိမ္းအမွတ္ အခမ္းအနားအား မိုင္းဆတ္ၿမိဳ႕ရွိ ေအာင္ေဇယ်ဘက္စံု အားကစားကြင္းတြင္ က်င္းပျပဳလုပ္ရာ ျပည္ေထာင္စုေန႔ အထိမ္းအမွတ္ စာစီစာကံုးၿပိဳင္ပြဲမ်ားတြင္ ဆုရရွိသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ဆုမ်ားေပးအပ္ခ်ီးျမႇင့္သည့္ အစီအစဥ္အား ထည့္သြင္းက်င္းပေၾကာင္း သိရသည္။
ႏွစ္(၇၀)ေျမာက္ ျပည္ေထာင္စုေန႔ အခမ္းအနားအား ယေန႔ ေဖေဖာ္၀ါရီလ(၁၂)ရက္ေန႔ နံနက္(၇)နာရီခြဲအခ်ိန္က က်င္းပျပဳလုပ္ရာတြင္ ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္ အလံႏွင့္ က်ဆံုးေလၿပီးေသာ အာဇာနည္ပုဂၢိဳလ္မ်ားအား အေလးျပဳခဲ့ၾကၿပီး ႏွစ္(၇၀)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အခမ္းအနားသို႔ ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္၊ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ ထံမွ ေပးပို႔သည့္ သ၀ဏ္လႊာအား မိုင္းဆတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္က ဖတ္ၾကားသည္။
ဆက္လက္၍ ျပည္ေထာင္စုေန႔အထိမ္းအမွတ္ စာစီစာကုံးၿပိဳင္ပဲြတြင္ အထက္တန္းအဆင့္ ဆုရရိွသူမ်ားကို မိုင္းဆတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္က လည္းေကာင္း၊ အလယ္တန္းအဆင့္ဆုရရိွသူမ်ားကို မိုင္းဆတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သူလိႈင္က လည္းေကာင္း၊ မူလတန္းအဆင့္ဆုရရိွသူမ်ားကို ၿမိဳ႕မိၿမိဳ႕ဖ ဦးစိုင္းခ်စ္ေသာင္းက လည္းေကာင္း အသီးသီးဂုဏ္ျပဳဆုမ်ား ေပးအပ္ခ်ီးျမႇင့္သည္။
အဆိုပါ အခမ္းအနားတြင္ ခ႐ိုင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနက ျပည္ေထာင္စုေန႔ အထိမ္းအမွတ္ ဓာတ္ပုံႏွင့္ နံရံကပ္စာေစာင္မ်ား ျပသထားၿပီး “သတင္းစကား”လက္ကမ္းစာေစာင္မ်ား ျဖန္႔ေ၀ခဲ့ေၾကာင္း သိရသည္။
အခမ္းအနားသို႔ မိုင္းဆတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္ႏွင့္ ခရိုင္အဆင့္ ဌာနဆိုင္ရာမ်ား၊ မိုင္းဆတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သူလိႈင္ႏွင့္ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ တိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔အစည္းမ်ား တက္ေရာက္လာေၾကာင္း သိရွိရသည္။
သတင္း/ဓာတ္ပံု - #သန္းေဇာ္ဦး
နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားအား မိုင်းဆတ်မြို့ရှိ အောင်ဇေယျဘက်စုံ အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်သည့် အစီအစဉ်အား ထည့်သွင်းကျင်းပကြောင်း သိရသည်။
နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား ယနေ့ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နံနက်(၇)နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံနှင့် ကျဆုံးလပြေီးသော အာဇာနည်ပုဂ္ဂိုလ်များအား အလေးပြုခဲ့ကြပြီး နှစ်(၇၀)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံမှ ပေးပို့သည့် သဝဏ်လွှာအား မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က ဖတ်ကြားသည်။
ဆက်လက်၍ ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ဆုရရှိသူများကို မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က လည်းကောင်း၊ အလယ်တန်းအဆင့်ဆုရရှိသူများကို မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်က လည်းကောင်း၊ မူလတန်းအဆင့်ဆုရရှိသူများကို မြို့မိမြို့ဖ ဦးစိုင်းချစ်သောင်းက လည်းကောင်း အသီးသီးဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဓာတ်ပုံနှင့် နံရံကပ်စာစောင်များ ပြသထားပြီး “သတင်းစကား”လက်ကမ်းစာစောင်များ ဖြနေ့်ဝခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့အစည်းများ တက်ရောက်လာကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - #သန်းဇော်ဦး