ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လူမှုဝန်ထမ်းရုံး လက်အောက်ရှိ ကလေးပြုစုရေးဌာန၊ ကျိုင်းတုံ အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်း၊ ကျိုင်းတုံပြန်လည်ထူထောင်ရေးစခန်း၊ ကျိုင်းတုံ မူလတန်းကြိုကျောင်းနှင့် တာချီလိတ်မူလတန်းကြိုကျောင်းများမှ ကလေးငယ်များ၏ ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၏ ၂၁ ပင်လုံညီလာခံအား ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် အသီးသီး ကျင်းပပြုလုပ်ကြသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၏ ၂၁ ပင်လုံညီလာခံအား ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၂၄)ကျောင်းမှ ကလေးငယ်များ၏ ငြိမ်းချမ်းရေးသီချင်း၊ ကဗျာ၊ ပုံပြင်ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၁၀ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လူမှုဝန်ထမ်းရုံး လက်အောက်ရှိ ကလေးပြုစုရေးဌာန၊ ကျိုင်းတုံ အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်း၊ ကျိုင်းတုံပြန်လည်ထူထောင်ရေးစခန်း၊ ကျိုင်းတုံ မူလတန်းကြိုကျောင်းနှင့် တာချီလိတ်မူလတန်းကြိုကျောင်းများမှ ကလေးငယ်များ၏ ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၏ ၂၁ ပင်လုံညီလာခံအား ကြိုဆိုဂုဏ်ပြုသည့် အနဖြေင့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် အသီးသီး ကျင်းပပြုလုပ်ကြသည်။
"ဒီနေ့ နံနက်(၉)နာရီမှာ ကျိုင်းတုံ နဲ့ တာချီလိတ်က အစိုးရမူကြိုကျောင်းတွေမှာ တစ်ပြိုင်နက်တည်း ကျင်းပပါတယ်။ နက်ဖြန်(ဖေဖော်ဝါရီ ၁၃ )မှာတော့ ကျိုင်းတုံမှာ မြန်မာကလေးများနေ့ အခမ်းအနား ကျင်းပပြုလုပ်ဖို့ရှိပါတယ်"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှလှထွန်းက ပြောသည်။
ပျော်ပွဲရွှင်ပွဲများအဖြစ် အားကစားပြိုင်ပွဲများ နှင့် ကဗျာ၊ ပုံပြင် အပါအဝင် သီချင်းဆိုပြိုင်ပွဲများကို ထည့်သွင်းကျင်းပပြုလုပ်ခဲ့ရာ ကလေးငယ်များမှာ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြောင်း နှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပရာ မူကြိုကျောင်းများသို့ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက် အားပေးကြကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၏ ၂၁ ပင်လုံညီလာခံအား ကြိုဆိုဂုဏ်ပြုသည့် အနဖြေင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၂၄)ကျောင်းမှ ကလေးငယ်များ၏ ငြိမ်းချမ်းရေးသီချင်း၊ ကဗျာ၊ ပုံပြင်ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၁၀ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။