ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕တြင္ ေရာက္ရိွေနသည့္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ေဖေဖာ္ဝါရီလ (၁၃) ရက္က ေတာင္ႀကီးၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ မိဘမဲ့ ကေလးမ်ားအား အာဟာရေကၽြးေမြးၿပီး မိဘမဲ့ေစာင့္ေရွာက္ေရးေက်ာင္းမ်ားသို႔ စားနပ္ရိကၡာ ပံ့ပိုးျခင္းတို႔ကို လုပ္ေဆာင္ေနသည္။
“ဒီေန႔က ေဖေဖ့ေမြးေန႔လည္းဟုတ္တယ္။ ကေလးမ်ားေန႔လည္း ဟုတ္တယ္။ မ်ားမ်ားစား။ ကုန္ေအာင္စားေနာ္။ အာဟာရရိွမွ က်န္းမာမွာ”ဟု ေဒၚေအာင္ဆန္းစုၾကည္က ကေလးမ်ားအား ေျပာၾကားခဲ့သည္။
ရွမ္းျပည္နယ္ေတာင္ပိုင္း ပင္လံုၿမိဳ႕တြင္ ေဖေဖာ္ဝါရီလ (၁၂) ရက္ေန႔က က်င္းပသည့္ ျပည္ေထာင္စုေန႔ အခမ္းအနားႏွင့္ ၿငိမ္းခ်မ္းေရးစကားဝိုင္းသို႔ တက္ေရာက္သည့္ ႏို္င္ငံေတာ္အတိုင္ပင္ခံသည္ ေတာင္ႀကီးၿမိဳ႕ရိွ မိဘမဲ့ကေလးေစာင့္ေရွာက္ေရးေက်ာင္း (၁၁)ခုမွ မိဘမဲ့ကေလးငယ္ (၂၄၀)အား ေဖေဖာ္ဝါရီလ (၁၃) ရက္ နံနက္ (၁၀)နာရီခြဲခန္႔တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔အထိမ္းအမွတ္ႏွင့္ ကေလးမ်ားေန႔အထိမ္းအမွတ္အျဖစ္ အာဟာရေကၽြးေမြးခဲ့ျခင္းျဖစ္သည္။
“အစိုးရအေနနဲ႔ အခုလို ဂရုတစိုက္လုပ္ေပးတာေၾကာင့္ အားတက္မိိပါတယ္။ မိဘမဲ့ေက်ာင္းေလးေတြ၊ ဆင္းရဲႏြမ္းပါးေက်ာင္းေလးေတြ၊ ဘကေက်ာင္းေလးေတြကို အခုလို ႏိုင္ငံေတာ္အဆင့္က ပံ့ပိုးေပးတာ အသိအမွတ္ျပဳေပးဖို႔ ေမွ်ာ္လင့္မိပါတယ္။ ေတာင္းလည္း ေတာင္းဆိုပါတယ္။ အခုလည္း ပံ့ပိုးမႈေတြ ရိွပါတယ္။ ဒီထက္ပိုၿပီး အသိအမွတ္ျပဳေပးေစလိုတာပါ”ဟု တစ္ႏိုင္ငံလံုး မိဘမဲ့ကေလးမ်ား ေစာင့္ေရွာက္ေရးေက်ာင္း (၁၄)ေက်ာင္း ဖြင့္လွစ္ထားသည့္ အဝါေရာင္မ်ိဳးဆက္သစ္ လူငယ္ပရဟိတအသင္းမွ ဆရာေတာ္ ဦးသုနႏၵက မိန္႔ၾကားသည္။
အဆိုပါပြဲသို႔ မိဘမဲ့ေက်ာင္း (၁၁)ေက်ာင္းမွ ကေလးငယ္မ်ား တက္ေရာက္ၾကၿပီး နုိင္ငံေတာ္၏ အတုိင္ပင္ခံ က မိဘမဲ့ေက်ာင္း(၁၁)ေက်ာင္းသို႔ တစ္ေက်ာင္းစီအတြက္ ဆန္(၁၀)အိတ္၊ဆီ (၅)ပံုး၊ ဆားႏွင့္ ေက်ာင္းသံုး ပစၥည္းမ်ားကို ေထာက္ပံ့ေပးခဲ့သည္။
“ကေလးေတြက မေန႔ကတည္းက ေပ်ာ္ေနၾကတာေလ။ သူတို႔ေတြက အေမစုကို ေတြ႔လည္းေတြ႕ခ်င္ၾက တယ္ေလ။ အခုလိုမ်ိဳး ႏိုင္ငံေတာ္အဆင့္က အသိအမွတ္ျပဳေပးေတာ့ ကၽြန္မတို႔ေတြ လုပ္ရတာလည္း အားတက္မိပါတယ္။ အခုလည္း လူမႈဝန္ထမ္းဦးစီးဌာနကေန ပံ့ပိုးမႈေတြရိွပါတယ္။ ကေလးေတြကို ေစာင့္ေရွာက္ေပးေနတာက ႏုိင္ငံေတာ္ကို ကူညီေပးျခင္းလည္းျဖစ္ပါတယ္”ဟု Holy Infant Jesus Convent မွ စစၥတာ နာတာလီနာက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္သည္ နံနက္(၉)နာရီခြဲခန္႔တြင္ ေတာင္ႀကီးၿမိဳ႕မွ ေရႊဘုန္းပြင့္ေစတီေတာ္ႏွင့္ စူဠာမဏိေစတီေတာ္မ်ားသို႔ ေဖေဖာ္ဝါရီလ (၁၃) ရက္ နံနက္ပိုင္းက သြားေရာက္ဖူးေျမာ္ရာ ေဒသခံမ်ားက ႀကိဳဆိုၾကသည္ကို ေတြ႔ရသည္။
သတင္း/ဓာတ္ပံု - Tachileik News Agency Team
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ (၁၃) ရက်က တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် မိဘမဲ့ ကလေးများအား အာဟာရကျွေးမွေးပြီး မိဘမဲ့စောင့်ရှောက်ရေးကျောင်းများသို့ စားနပ်ရိက္ခါ ပံ့ပိုးခြင်းတို့ကို လုပ်ဆောင်နေသည်။
“ဒီနေ့က ဖေဖေ့မွေးနေ့လည်းဟုတ်တယ်။ ကလေးများနေ့လည်း ဟုတ်တယ်။ များများစား။ ကုန်အောင်စားနော်။ အာဟာရရှိမှ ကျန်းမာမှာ”ဟု ဒေါ်အောင်ဆန်းစုကြည်က ကလေးများအား ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် ငြိမ်းချမ်းရေးစကားဝိုင်းသို့ တက်ရောက်သည့် နို်င်ငံတော်အတိုင်ပင်ခံသည် တောင်ကြီးမြို့ရှိ မိဘမဲ့ကလေးစောင့်ရှောက်ရေးကျောင်း (၁၁)ခုမှ မိဘမဲ့ကလေးငယ် (၂၄၀)အား ဖေဖော်ဝါရီလ (၁၃) ရက် နံနက် (၁၀)နာရီခွဲခန့်တွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်နှင့် ကလေးများနေ့အထိမ်းအမှတ်အဖြစ် အာဟာရကျွေးမွေးခဲ့ခြင်းဖြစ်သည်။
“အစိုးရအနေနဲ့ အခုလို ဂရုတစိုက်လုပ်ပေးတာကြောင့် အားတက်မိပါတယ်။ မိဘမဲ့ကျောင်းလေးတွေ၊ ဆင်းရဲနွမ်းပါးကျောင်းလေးတွေ၊ ဘကကျောင်းလေးတွေကို အခုလို နိုင်ငံတော်အဆင့်က ပံ့ပိုးပေးတာ အသိအမှတ်ပြုပေးဖို့ မျှော်လင့်မိပါတယ်။ တောင်းလည်း တောင်းဆိုပါတယ်။ အခုလည်း ပံ့ပိုးမှုတွေ ရှိပါတယ်။ ဒီထက်ပိုပြီး အသိအမှတ်ပြုပေးစေလိုတာပါ”ဟု တစ်နိုင်ငံလုံး မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်း (၁၄)ကျောင်း ဖွင့်လှစ်ထားသည့် အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်းမှ ဆရာတော် ဦးသုနန္ဒက မိန့်ကြားသည်။
အဆိုပါပွဲသို့ မိဘမဲ့ကျောင်း (၁၁)ကျောင်းမှ ကလေးငယ်များ တက်ရောက်ကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ က မိဘမဲ့ကျောင်း(၁၁)ကျောင်းသို့ တစ်ကျောင်းစီအတွက် ဆန်(၁၀)အိတ်၊ဆီ (၅)ပုံး၊ ဆားနှင့် ကျောင်းသုံး ပစ္စည်းများကို ထောက်ပံ့ပေးခဲ့သည်။
“ကလေးတွေက မနေ့ကတည်းက ပျော်နကြေတာလေ။ သူတို့တွေက အမေစုကို တွေ့လည်းတွေ့ချင်ကြ တယ်လေ။ အခုလိုမျိုး နိုင်ငံတော်အဆင့်က အသိအမှတ်ပြုပေးတော့ ကျွန်မတို့တွေ လုပ်ရတာလည်း အားတက်မိပါတယ်။ အခုလည်း လူမှုဝန်ထမ်းဦးစီးဌာနကနေ ပံ့ပိုးမှုတွေရှိပါတယ်။ ကလေးတွေကို စောင့်ရှောက်ပေးနေတာက နိုင်ငံတော်ကို ကူညီပေးခြင်းလည်းဖြစ်ပါတယ်”ဟု Holy Infant Jesus Convent မှ စစ္စတာ နာတာလီနာက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နံနက်(၉)နာရီခွဲခန့်တွင် တောင်ကြီးမြို့မှ ရွှေဘုန်းပွင့်စေတီတော်နှင့် စူဠာမဏိစေတီတော်များသို့ ဖေဖော်ဝါရီလ (၁၃) ရက် နံနက်ပိုင်းက သွားရောက်ဖူးမြော်ရာ ဒေသခံများက ကြိုဆိုကြသည်ကို တွေ့ရသည်။
သတင်း/ဓာတ်ပုံ - Tachileik News Agency Team