တာခ်ီလိတ္စည္ပင္မွ ဒုတိယအႀကိမ္အျဖစ္ ေစ်းၿပိဳင္စနစ္ေလလံေလွ်ာက္လႊာမ်ား ေခၚယူ

တာခ်ီလိတ္စည္ပင္မွ ဒုတိယအႀကိမ္အျဖစ္ ေစ်းၿပိဳင္စနစ္ေလလံေလွ်ာက္လႊာမ်ား ေခၚယူ
ဖေဖော်ဝါရီ 3, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီပိုင္ အရပ္ရပ္ အခြင့္အေရးလိုင္စင္မ်ားအား ၂၀၁၇ - ၂၀၁၈ ခုႏွစ္ ဘ႑ာေရး ႏွစ္အတြက္ ဒုတိယအႀကိမ္ ေစ်းၿပိဳင္စနစ္ေလလံေရာင္းခ်မႈကို ၂၀၁၇ခုႏွစ္ ေဖေဖာ္၀ါရီလ (၁၀)ရက္ေန႔တြင္ ျပဳလုပ္မွာ ျဖစ္သည့္အတြက္ ေလလံေလွ်ာက္လႊာမ်ားကို ေဖေဖာ္၀ါရီလ(၉)ရက္ေန႔ ေနာက္ဆံုးထား၍ ေလွ်ာက္ထားႏိုင္ၿပီျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ သိရသည္။

ဒုတိယအႀကိမ္ ေစ်းၿပိဳင္စနစ္ေလလံေရာင္းခ်မႈကို ၂၀၁၇ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၀)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနရံုး၌ နံနက္(၉)နာရီအခ်ိန္တြင္ က်င္းပျပဳလုပ္မွာ ျဖစ္သည့္အတြက္ ေလလံ ေလွ်ာက္လႊာ မ်ားကို ေဖေဖာ္၀ါရီလ(၉)ရက္ေန႔  ေန႔လယ္(၁၂)နာရီ တိတိတြင္ ေနာက္ဆံုး သတ္မွတ္ ထားေၾကာင္း ႏွင့္ ေလလံေလွ်ာက္လႊာမ်ားႏွင့္ ပတ္သက္၍  တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနရံုး ( 084-51974 ၊ 08451035 )သို႔ ရံုးဖြင့္ခ်ိန္မ်ားတြင္ လာေရာက္၍ စံုစမ္းႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။

ဒုတိယအႀကိမ္ ေစ်းၿပိဳင္စနစ္ေလလံေရာင္းခ်မႈတြင္ ေစ်းၿပိဳင္စနစ္ျဖင့္ ေရာင္းခ်ေပးမည့္ လုပ္ငန္းလုိင္စင္မ်ားမွာ ဆန္ဆိုင္း(က)အေပါင္ဆိုင္(၃)အား ၾကမ္းခင္းေစ်း က်ပ္(၁,၆၁၀,၀၀၀)ျဖင့္ လည္းေကာင္း၊ တာေလာ့ေစ်းပံ်ကေစ်းေကာက္အား ၾကမ္းခင္းေစ်း က်ပ္(၉၅၃,၄၅၀,၀၀၀)ျဖင့္ လည္းေကာင္း၊ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)(၂)တံတား ႏွစ္စင္းအေပၚ ဘီးေကာက္လုပ္ငန္းအား ၾကမ္းခင္းေစ်း က်ပ္( ၂၃၂,၅၈၀,၀၀၀ )ျဖင့္ လည္းေကာင္း အသီးသီးေရာင္းခ်သြားမွာ ျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္ သက္တမ္းတိုးစနစ္ျဖင့္ ေရာင္းခ်မည့္ လုပ္ငန္းလိုင္စဥ္မ်ားမွာ တာခ်ီလိတ္ၿမိဳ႕မေစ်းႀကီး၏ ပ်ံက်ေစ်းေကာက္ လုပ္ငန္းအား ၾကမ္းခင္းေစ်း သိန္း(၃၄၀)ျဖင့္ လည္းေကာင္း၊ ေရအိမ္အား ၾကမ္းခင္းေစ်း က်ပ္ (၃,၅၂၀,၀၀၀)ျဖင့္ လည္းေကာင္း၊ ဘီးေကာက္ လုပ္ငန္းအား က်ပ္(၃၂,၇၆၀,၀၀၀)ျဖင့္ လည္းေကာင္း၊ ေစ်းဘီးေကာက္ လုပ္ငန္းအား က်ပ္(၁,၃၉၀,၀၀၀)ျဖင့္ လည္းေကာင္း အသီးသီး ပါ၀င္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် အရပ်ရပ် အခွင့်အရေးလိုင်စင်များအား ၂၀၁၇ - ၂၀၁၈ ခုနှစ် ဘဏ္ဍာရေး နှစ်အတွက် ဒုတိယအကြိမ် ဈေးပြိုင်စနစ်လေလံရောင်းချမှုကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် ပြုလုပ်မှာ ဖြစ်သည့်အတွက် လေလံလျှောက်လွှာများကို ဖေဖော်ဝါရီလ(၉)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

ဒုတိယအကြိမ် ဈေးပြိုင်စနစ်လေလံရောင်းချမှုကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနရုံး၌ နံနက်(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်မှာ ဖြစ်သည့်အတွက် လေလံ လျှောက်လွှာ များကို ဖေဖော်ဝါရီလ(၉)ရက်နေ့ နေ့လယ်(၁၂)နာရီ တိတိတွင် နောက်ဆုံး သတ်မှတ် ထားကြောင်း နှင့် လေလံလျှောက်လွှာများနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနရုံး ( 084-51974၊ 08451035 )သို့ ရုံးဖွင့်ချိန်များတွင် လာရောက်၍ စုံစမ်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ဈေးပြိုင်စနစ်လေလံရောင်းချမှုတွင် ဈေးပြိုင်စနစ်ဖြင့် ရောင်းချပေးမည့် လုပ်ငန်းလိုင်စင်များမှာ ဆန်ဆိုင်း(က)အပေါင်ဆိုင်(၃)အား ကြမ်းခင်းဈေး ကျပ်(၁,၆၁၀,ဝဝဝ)ဖြင့် လည်းကောင်း၊ တာလော့ဈေးပျံကဈေးကောက်အား ကြမ်းခင်းဈေး ကျပ်(၉၅၃,၄၅၀,ဝဝဝ)ဖြင့် လည်းကောင်း၊ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)(၂)တံတား နှစ်စင်းအပေါ် ဘီးကောက်လုပ်ငန်းအား ကြမ်းခင်းဈေး ကျပ်( ၂၃၂,၅၈၀,ဝဝဝ )ဖြင့် လည်းကောင်း အသီးသီးရောင်းချသွားမှာ ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် သက်တမ်းတိုးစနစ်ဖြင့် ရောင်းချမည့် လုပ်ငန်းလိုင်စဉ်များမှာ တာချီလိတ်မြို့မဈေးကြီး၏ ပျံကျဈေးကောက် လုပ်ငန်းအား ကြမ်းခင်းဈေး သိန်း(၃၄၀)ဖြင့် လည်းကောင်း၊ ရေအိမ်အား ကြမ်းခင်းဈေး ကျပ် (၃,၅၂၀,ဝဝဝ)ဖြင့် လည်းကောင်း၊ ဘီးကောက် လုပ်ငန်းအား ကျပ်(၃၂,၇၆၀,ဝဝဝ)ဖြင့် လည်းကောင်း၊ ဈေးဘီးကောက် လုပ်ငန်းအား ကျပ်(၁,၃၉၀,ဝဝဝ)ဖြင့် လည်းကောင်း အသီးသီး ပါဝင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~