ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ေရသန္႔စက္ရံု (၃၉)ခု အနက္ သက္ဆိုင္ရာလုပ္ငန္း ေထာက္ခံခ်က္မ်ား လံုးဝ မရွိထားေသးသည့္ စက္ရံု (၁၁) ခုအား အခ်ိန္တစ္လအတြင္း ေထာက္ခံခ်က္မ်ား မလုပ္ေဆာင္ပါက လုပ္ငန္းရပ္နား ေစမည္ျဖစ္ေၾကာင္း သိရသည္။
“ဇန္နဝါရီလ အတြင္းမွာ ေရသန္႔လုပ္ငန္းရွင္ေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးတာ၊ ပညာေပးရွင္းလင္းေျပာျပတာေတြ လုပ္ၿပီးမွ ဒီထုတ္ျပန္ခ်က္ကို ထုတ္ျပန္ခဲ့ရျခင္းျဖစ္ပါတယ္။ ေရသန္႔လုပ္ငန္းေတြအျပင္ ရွမ္းေျမာက္ အတြင္းမွာ ရွိတဲ့ မုန္႔လုပ္ငန္းေတြ၊ စားေသာက္ကုန္လုပ္ငန္းေတြကိုလည္း ဒီလိုပဲ ကိုင္တြယ္ ေျဖရွင္း သြားမွာပါ”ဟု လားရိႈးၿမိဳ႕စားသံုးသူေရးရာဌာနမွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက ေျပာသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္၊ သိန္းနီ၊ လားရိႈး၊ မိုင္းရယ္၊ မဘိမ္း၊ သီေပါ၊ ေက်ာက္မဲ ႏွင့္ ေနာင္ခ်ိဳ ၿမိဳ႕မ်ားရွိ ေရသန္႔လုပ္ငန္း (၃၉) ခုတြင္ FDA ေထာက္ခံခ်က္ႏွင့္ ပုဂၢလိက စက္မႈလုပ္ငန္း မွတ္ပံုတင္၊ စည္ပင္လုပ္ငန္း လိုင္စင္ ၊ ကုန္အမွတ္တံဆိပ္ မွတ္ပံုတင္စသည့္ အခ်က္မ်ား မရွိေသးသည့္ ေရသန္႔ လုပ္ငန္း (၁၁) ခုအား ၂၀၁၇ ခုႏွစ္ ေဖေဖၚဝါရီလ ၁ ရက္ေန႔မွ မတ္လ ၁ ရက္ေန႔အထိ သတိေပးကာလအျဖစ္ သတ္မွတ္ေၾကာင္း ဇန္နဝါရီလ (၃၁)ရက္ေန႔က သတိေပးစာထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။
“ေရသန္႔ဆိုၿပီး ကိုယ္က ဝယ္ေသာက္ေနတာ။ တကယ္ေရသန္႔ကို မေသာက္ရေတာ့ စားသံုးသူတစ္ေယာက္ အေနနဲ႔ နစ္နာတာေပါ့။ တကယ္ေရသန္႔ျဖစ္ဖို႔ရာက က်န္းမာေရးေထာက္ခံခ်က္ေတြ၊ သက္ဆိုင္ရာလုပ္ငန္း ေထာက္ခံခ်က္ေတြရွိဖို႔လိုတယ္။ ကိုယ္ေတြ ႏွစ္ႏွစ္ေလာက္ သံုးေနတဲ့ေရသန္႔က အခုထိ FDA ေထာက္ခံခ်က္ ေလွ်ာက္ထားဆဲဆိုတာ ခုမွ သိရတဲ့အတြက္ ေရသန္႔ဝယ္သံုးမယ္ဆို သတိထားဖို႔ေတာ့ လိုမယ္လို႔ ထင္ပါတယ္” ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕မွ ထမင္းဆိုင္ပိုင္ရွင္ တစ္ဦးက ေျပာသည္။
FDA ေထာက္ခံခ်က္ သက္တမ္းတိုးႏွင့္ ေလွ်ာက္ထားဆဲ ေရသန္႔လုပ္ငန္းမ်ားျဖစ္သည့္ လားရိႈး၊ မူဆယ္ ၊ ေက်ာက္မဲ ၊ မဘိမ္း ၿမိဳ႕မ်ားမွ ေရသန္႔လုပ္ငန္း (၁၁) ခုကိုလည္း ၂၀၁၇ ခုႏွစ္ ေဖေဖၚဝါရီလ (၁) ရက္ေန႔မွ ဇူလိုင္လ (၁) ရက္ေန႔ အထိ သတိေပးကာလအျဖစ္ သတ္မွတ္ေပးထားေၾကာင္း သိရသည္။
ေရသန္႔လုပ္ငန္းမ်ားအေနျဖင့္ ထုတ္လုပ္ရက္စြဲ၊ ကုန္ဆံုးရက္စြဲ၊ FDA ေထာက္ခံခ်က္အမွတ္၊ ထုထည္၊ လိပ္စာ၊ ဖုန္းနံပါတ္ႏွင့္ အမွတ္တံဆိပ္မ်ားကိုလည္း ထည့္သြင္းေဖၚျပရမည္ျဖစ္ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕ရွိ စားသံုးသူေရးရာဌာနႏွင့္ သက္ဆိုင္ရာ က်န္းမာေရး၊ FDA ၊ စက္မႈႀကီးၾကပ္ စသည့္ဌာနမ်ားမွ တာဝန္ရွိသူမ်ား ပူးေပါင္္းကာ တစ္ပတ္လွ်င္ တစ္ႀကိမ္ခန္႔ ပံုမွန္ကြင္းဆင္း စစ္ေဆးမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ၿပီး သတ္မွတ္ကာလေက်ာ္လြန္ခ်ိန္အထိ ေထာက္ခံခ်က္ႏွင့္လိုင္စင္မ်ား မျပဳလုပ္ရေသးသည့္ ေရသန္႔လုပ္ငန္းမ်ား အား လုပ္ငန္းလုပ္ကိုင္မႈကို ရပ္နားေစမည္ျဖစ္သည့္အျပင္ ေစ်းကြက္အတြင္းျဖန္႔ျဖဴးထားသည့္ ေရသန္႔မ်ားအား ျပန္လည္သိမ္းဆည္းေစမည္ျဖစ္ေၾကာင္း သိရသည္။
“ဇန်နဝါရီလ အတွင်းမှာ ရေသန့်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာ၊ ပညာပေးရှင်းလင်းပြောပြတာတွေ လုပ်ပြီးမှ ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ရခြင်းဖြစ်ပါတယ်။ ရေသန့်လုပ်ငန်းတွေအပြင် ရှမ်းမြောက် အတွင်းမှာ ရှိတဲ့ မုန့်လုပ်ငန်းတွေ၊ စားသောက်ကုန်လုပ်ငန်းတွေကိုလည်း ဒီလိုပဲ ကိုင်တွယ် ဖြေရှင်း သွားမှာပါ”ဟု လားရှိုးမြို့စားသုံးသူရေးရာဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ သိန်းနီ၊ လားရှိုး၊ မိုင်းရယ်၊ မဘိမ်း၊ သီပေါ၊ ကျောက်မဲ နှင့် နောင်ချို မြို့များရှိ ရေသန့်လုပ်ငန်း (၃၉) ခုတွင် FDA ထောက်ခံချက်နှင့် ပုဂ္ဂလိက စက်မှုလုပ်ငန်း မှတ်ပုံတင်၊ စည်ပင်လုပ်ငန်း လိုင်စင်၊ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်စသည့် အချက်များ မရှိသေးသည့် ရေသန့် လုပ်ငန်း (၁၁) ခုအား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ သတိပေးကာလအဖြစ် သတ်မှတ်ကြောင်း ဇန်နဝါရီလ (၃၁)ရက်နေ့က သတိပေးစာထုတ်ပြန်ခဲ့ကြောင်း သိရသည်။
“ရေသန့်ဆိုပြီး ကိုယ်က ဝယ်သောက်နေတာ။ တကယ်ရေသန့်ကို မသောက်ရတော့ စားသုံးသူတစ်ယောက် အနေနဲ့ နစ်နာတာပေါ့။ တကယ်ရေသန့်ဖြစ်ဖို့ရာက ကျန်းမာရေးထောက်ခံချက်တွေ၊ သက်ဆိုင်ရာလုပ်ငန်း ထောက်ခံချက်တွေရှိဖို့လိုတယ်။ ကိုယ်တွေ နှစ်နှစ်လောက် သုံးနေတဲ့ရေသန့်က အခုထိ FDA ထောက်ခံချက် လျှောက်ထားဆဲဆိုတာ ခုမှ သိရတဲ့အတွက် ရေသန့်ဝယ်သုံးမယ်ဆို သတိထားဖို့တော့ လိုမယ်လို့ ထင်ပါတယ်” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှ ထမင်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
FDA ထောက်ခံချက် သက်တမ်းတိုးနှင့် လျှောက်ထားဆဲ ရေသန့်လုပ်ငန်းများဖြစ်သည့် လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ မဘိမ်း မြို့များမှ ရေသန့်လုပ်ငန်း (၁၁) ခုကိုလည်း ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ဇူလိုင်လ (၁) ရက်နေ့ အထိ သတိပေးကာလအဖြစ် သတ်မှတ်ပေးထားကြောင်း သိရသည်။
ရေသန့်လုပ်ငန်းများအနဖြေင့် ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ၊ FDA ထောက်ခံချက်အမှတ်၊ ထုထည်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် အမှတ်တံဆိပ်များကိုလည်း ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ စားသုံးသူရေးရာဌာနနှင့် သက်ဆိုင်ရာ ကျန်းမာရေး၊ FDA၊ စက်မှုကြီးကြပ် စသည့်ဌာနများမှ တာဝန်ရှိသူများ ပူးပေါင်းကာ တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပုံမှန်ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး သတ်မှတ်ကာလကျော်လွန်ချိန်အထိ ထောက်ခံချက်နှင့်လိုင်စင်များ မပြုလုပ်ရသေးသည့် ရေသန့်လုပ်ငန်းများ အား လုပ်ငန်းလုပ်ကိုင်မှုကို ရပ်နားစေမည်ဖြစ်သည့်အပြင် ဈေးကွက်အတွင်းဖြန့်ဖြူးထားသည့် ရေသန့်များအား ပြန်လည်သိမ်းဆည်းစေမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်