ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ မေနာကြင္းတြင္ ေဖေဖၚဝါရီလ (၁၆) ရက္ေန႔မွစ၍ ႏွစ္ရက္တာက်င္းပရန္ ျပင္ဆင္ထားသည့္ ကခ်င္အမ်ိဳးသားမ်ားေတြ႔ဆံုပြဲက်င္းပခြင့္အား ယေန႔ နံနက္ပိုင္းက ခြင့္ျပဳခ်က္ မရေသာ္လည္း တာဝန္ရိွသူမ်ားႏွင့္ ေတြ႔ဆံုညိႇႏိႈင္းၿပီးေနာက္ ညေန(၃)နာရီတြင္ စတင္က်င္းပခြင့္ ရရိွသြားၿပီျဖစ္ေၾကာင္း သိရသည္။
“ညေန ၃ နာရီမွာ ျပန္စလို႔ရပါၿပီ။ ညိႇႏိႈင္းၿပီးတဲ့အခ်ိန္မွာ ျပည္နယ္အစိုးရက ခြင့္ျပဳလိုက္တာပါ”ဟု အဆိုပါ ညီလာခံတက္ေရာက္ေနသည့္ ကခ်င္ျပည္နယ္ဒီမိုကေရစီပါတီ ဥကၠဌ ေဒါက္တာတူးဂ်ာက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
ကခ်င္အမ်ိဳးသားညီလာခံအျဖစ္ က်င္းပရန္ ေဖေဖၚဝါရီလ (၁၁)ရက္ေန႔က ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ တင္ျပထားရာ ျပည္နယ္အစိုးရထံ တင္ျပရန္ ျပန္ၾကားစာကို ေဖေဖၚဝါရီလ (၁၅) ရက္ေန႔ ည(၉)နာရီတြင္ ရရိွျခင္းျဖစ္ၿပီး ေဖေဖၚဝါရီလ (၁၆) ရက္ေန႔ ပြဲက်င္းပရန္ျပင္ဆင္ခ်ိန္တြင္ ရဲတပ္ဖြဲ႕က မေနာကြင္း မဂၽြယ္ခန္းမတြင္ လာေရာက္ တားဆီးျခင္းျဖစ္ေၾကာင္း ပြဲက်င္းပေရးေကာ္မတီ အတြင္းေရးမွဴးအဖြဲ႕ထံမွ သိရသည္။
“မေန႔က (၉)နာရီမွာ က်င္းပခြင့္ မျပဳဘူးဆိုတာ စာျပန္လာပါတယ္။ ဒါေပမဲ့ ဘာေၾကာင့္ ခြင့္မျပဳလဲ ဆိုတာေတာ့ အေၾကာင္းျပခ်က္မပါဘူး။ အေၾကာင္းျပန္ၾကားစာမွာ ျပည္နယ္အစိုးရထံ တင္ျပရန္လို႔ ေျပာပါတယ္”ဟု ပြဲက်င္းပေရးေကာ္မတီ အတြင္းေရးမွဴးအဖြဲ႕မွ အင္ခြန္တန္ဂြန္းက ေျပာသည္။
ပြဲက်င္းပေရးေကာ္မတီႏွင့္ ျပည္နယ္အစိုးရအဖြဲ႕တို႔ ေဆြးေႏြးညိႇႏိႈင္းၿပီးေနာက္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ (၂၁)ရာစုပင္လံုအႀကိဳ ကခ်င္အမ်ိဳးသားမ်ား၏ ေတြ႔ဆံုပြဲေခါင္းစဥ္ျဖင့္ ေဖေဖၚဝါရီလ (၁၅) ရက္ႏွင့္ (၁၆) ရက္ေန႔မ်ားတြင္ က်င္းပမည့္ညီလာခံကို ခြင့္ျပဳလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဒီလိုမ်ိဳးက အခုမွလုပ္တာပါ။ အရင္ကေတာ့ မလုပ္ျဖစ္ပါဘူး။ ၂၁ ရာစုပင္လံုကို အစိုးရက ဦးေဆာင္ ဦးရြက္ျပဳၿပီး သြားေနတဲ့အခ်ိန္မွာ ကခ်င္လူမ်ိဳးေတြလည္း တင္ျပစရာ ေဆြးေႏြးစရာေတြရိွတာေတြ တင္ျပဖုိ႔ ေဆြးေႏြးဖို႔ရိွပါတယ္။ ဒီအတြက္ ဘယ္လိုေဆြးေႏြးမလဲ။ အခု ပင္လံုက ဘယ္လိုေရွ႕ဆက္မလဲဆိုတာေတြကို လူထုကို သိေအာင္ေျပာျပဖို႔ လိုပါတယ္။ တျခားျပည္နယ္ေတြမွာ လုပ္ၿပီးသြားၿပီ။ ကခ်င္မွာကေတာ့ ဒါက ပထမဆံုးအႀကိမ္ပါ။”ဟု အင္ခြန္တန္ဂြန္းက ေျပာသည္။
အဆိုပါ ေတြ႕ဆံုပြဲက်င္းပရန္ ကခ်င္အမ်ိဳးသားမ်ားအတုိင္ပင္ခံအဖြဲ႕မွ ဦးေဆာင္ၿပီး ႏိုင္ငံအတြင္း ေဒသအသီးသီးရိွ ကခ်င္အရပ္ဖက္အဖြဲ႔အစည္းမ်ား၊ ႏိုင္ငံေရးပါတီမ်ားမွ ကိုယ္စားလွယ္ေပါင္း (၅၀၀)ေက်ာ္ကို ဖိတ္ၾကားထားျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - အင္မိုင္ခ
“ညနေ ၃ နာရီမှာ ပြန်စလို့ရပါပြီ။ ညှိနှိုင်းပြီးတဲ့အချိန်မှာ ပြည်နယ်အစိုးရက ခွင့်ပြုလိုက်တာပါ”ဟု အဆိုပါ ညီလာခံတက်ရောက်နေသည့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာတူးဂျာက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
ကချင်အမျိုးသားညီလာခံအဖြစ် ကျင်းပရန် ဖေဖော်ဝါရီလ (၁၁)ရက်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြထားရာ ပြည်နယ်အစိုးရထံ တင်ပြရန် ပြန်ကြားစာကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့ ည(၉)နာရီတွင် ရရှိခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ပွဲကျင်းပရန်ပြင်ဆင်ချိန်တွင် ရဲတပ်ဖွဲ့က မနောကွင်း မဂျွယ်ခန်းမတွင် လာရောက် တားဆီးခြင်းဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူးအဖွဲ့ထံမှ သိရသည်။
“မနေ့က (၉)နာရီမှာ ကျင်းပခွင့် မပြုဘူးဆိုတာ စာပြန်လာပါတယ်။ ဒါပေမဲ့ ဘာကြောင့် ခွင့်မပြုလဲ ဆိုတာတော့ အကြောင်းပြချက်မပါဘူး။ အကြောင်းပြန်ကြားစာမှာ ပြည်နယ်အစိုးရထံ တင်ပြရန်လို့ ပြောပါတယ်”ဟု ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူးအဖွဲ့မှ အင်ခွန်တန်ဂွန်းက ပြောသည်။
ပွဲကျင်းပရေးကော်မတီနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ဆွေးနွေးညှိနှိုင်းပြီးနောက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံအကြို ကချင်အမျိုးသားများ၏ တွေ့ဆုံပွဲခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီလ (၁၅) ရက်နှင့် (၁၆) ရက်နေ့များတွင် ကျင်းပမည့်ညီလာခံကို ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီလိုမျိုးက အခုမှလုပ်တာပါ။ အရင်ကတော့ မလုပ်ဖြစ်ပါဘူး။ ၂၁ ရာစုပင်လုံကို အစိုးရက ဦးဆောင် ဦးရွက်ပြုပြီး သွားနေတဲ့အချိန်မှာ ကချင်လူမျိုးတွေလည်း တင်ပြစရာ ဆွေးနွေးစရာတွေရှိတာတွေ တင်ပြဖို့ ဆွေးနွေးဖို့ရှိပါတယ်။ ဒီအတွက် ဘယ်လိုဆွေးနွေးမလဲ။ အခု ပင်လုံက ဘယ်လိုရှေ့ဆက်မလဲဆိုတာတွေကို လူထုကို သိအောင်ပြောပြဖို့ လိုပါတယ်။ တခြားပြည်နယ်တွေမှာ လုပ်ပြီးသွားပြီ။ ကချင်မှာကတော့ ဒါက ပထမဆုံးအကြိမ်ပါ။”ဟု အင်ခွန်တန်ဂွန်းက ပြောသည်။
အဆိုပါ တွေ့ဆုံပွဲကျင်းပရန် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့မှ ဦးဆောင်ပြီး နိုင်ငံအတွင်း ဒေသအသီးသီးရှိ ကချင်အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်ပေါင်း (၅၀၀)ကျော်ကို ဖိတ်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - အင်မိုင်ခ