ျမန္မာ - ထိုင္းႏွစ္ႏုိင္ငံ နယ္စပ္ေခ်ာင္းအား ထိုင္းလယ္သမားမ်ားက ခြင့္ျပဳခ်က္မယူဘဲ ေရတားျပဳလုပ္ေနသည့္ကိစၥအတြက္ ႏွစ္ႏုိင္ငံ တာဝန္ရိွသူမ်ား ေဆြးေႏြးေနစဥ္ ေဖေဖာ္ဝါရီလ (၁၇) ရက္ေန႔တြင္ ထိုင္းလယ္သမားမ်ားက ေရတားမ်ားကို ထပ္မံလုပ္ေဆာင္ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္ ငွက္ေပ်ာဆိပ္အနီး ထုိင္း - ျမန္မာႏွစ္ႏုိင္ငံနယ္စပ္ ျဖစ္သည့္ မယ္ဆိုင္ေခ်ာင္းတြင္ ထုိင္းလယ္သမားမ်ားက စိုက္ပ်ိဳးေရ ရရွိေရးအတြက္ ေခ်ာင္းကိုပိတ္ၿပီး ေရသြယ္ယူရန္ လုပ္ေဆာင္ေနသည့္အတြက္ ေဖေဖာ္ဝါရီလ (၁၆) ရက္က ႏွစ္ႏုိင္ငံတာဝန္ရိွသူမ်ား ေဆြးေႏြးေနၾကျခင္းျဖစ္သည္။
“အခုေတာ့ ျမန္မာႏုိင္ငံဘက္က ကန္႔ကြက္စာတင္ထားပါတယ္။ ငုတ္တိုင္ေတြ ျပန္ႏႈတ္ေပးဖို႔ဆိုၿပီး ႏွစ္ႏုိင္ငံညိႇႏိႈင္းေနပါၿပီ။
စာလည္းပို႔ထားတယ္။ ႏွစ္ႏုိင္ငံTBC ေတြလည္း ညိွႏိႈင္းေနပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဝင္းေအာင္က ေျပာသည္။
ထုိင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွ လယ္သမားမ်ားက ေဖေဖာ္ဝါရီလ (၁၆) ရက္ေန႔ နံနက္ (၉)နာရီတြင္ တစ္ႀကိမ္၊ ေဖေဖာ္ဝါရီလ (၈) ရက္ေန႔တြင္ တစ္ႀကိမ္ ေရတားမ်ားလုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။
ပထမအႀကိမ္က ေရတားမ်ားျပဳလုပ္မႈႏွင့္ ပတ္သက္၍ ေဖေဖာ္၀ါရီလ(၁၀)ရက္ေန႔ ညေန(၃)နာရီ၀န္းက်င္က ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားရွိ ေရႊနန္းေတာ္ကုန္တိုက္တြင္ ျမန္မာ - ထိုင္း ၿမိဳ႕နယ္အဆင့္ နယ္ျခားေကာ္မတီ(TBC)တို႔ အလြတ္သေဘာ ေတြ႕ဆံုေဆြးေႏြးမႈ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ယေန႔ ေဖေဖာ္၀ါရီလ(၁၇)ရက္ေန႔တြင္ ထိုင္းလယ္သမားမ်ား ေရတားျပဳလုပ္ေနသည့္ ေနရာသို႔ စစ္ဗ်ဴဟာအဖြဲ႕(အေျခခ်)တာခ်ီလိတ္ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး ေက်ာ္ကိုထိုက္ ႏွင့္ ျမန္မာဘက္ TBC အဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ အပါအ၀င္ ခရိုင္/ၿမိဳ႕နယ္စီမံခန္႔ခြဲမႈ ေကာ္မတီ၀င္မ်ား ႏွင့္ ရန္ေအာင္ေျမရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးအဖြဲ႔မ်ား စသည့္ ပူးေပါင္းအဖြဲ႔မွ ေရာက္ရွိလာၿပီး ေစာင့္ၾကည့္တားျမစ္ကာ အဆိုပါ ေရတားမ်ားအား ဆက္လက္ျပဳလုပ္ျခင္း မျပဳရန္ႏွင့္ အၿပီးသတ္ဖယ္ရွားေပးေရးအတြက္ ထိုင္းဘက္ သို႔ ထပ္မံ၍ အသိေပးထားေၾကာင္း သိရသည္။
ထိုင္းလယ္သမားမ်ားသည္ စိုက္ပ်ဳိးေရအတြက္ မယ္ဆိုင္ေခ်ာင္းအား ေရတားကာ စိုက္ပ်ိဳးေရရယူရာတြင္ ခြင့္ျပဳခ်က္မေတာင္းဘဲ လုပ္ေဆာင္ေလ့ရိွသျဖင့္ ႏွစ္ႏုိင္ငံၾကား တာဝန္ရိွသူမ်ား ညိွႏိႈင္း ေျဖရွင္းရေလ့ရိွေၾကာင္း သိရသည္။
ထိုင္းလယ္သမားမ်ားသည္ ၂၀၁၇ ခုႏွစ္ ဇန္န၀ါရီလ (၉)ရက္ေန႔ႏွင့္ ဇန္နဝါရီလ (၁၃)ရက္ေန႔မ်ားကလည္း ေခ်ာင္းအတြင္း ေရတားမ်ားလုပ္ေဆာင္ရန္ စုရံုးခဲ့သျဖင့္ ျမန္မာႏုိင္ငံမွ တာဝန္ရိွသူမ်ားက သြားေရာက္ ကန္႔ကြက္ခဲ့ျခင္းေႀကာင့္ လုပ္ေဆာင္ခဲ့ျခင္းမရိွဘဲ ေဖေဖာ္၀ါရီလ(၈)ရက္ေန႔တြင္ ၀ါးလံုးမ်ားျဖင့္ ေရတားမ်ား စတင္ျပဳလုပ္လာျခင္းျဖစ္ေၾကာင္း သိရသည္။
ဓာတ္ပံု - #ေဇာင္းညီ
မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်စပ်ချောင်းအား ထိုင်းလယ်သမားများက ခွင့်ပြုချက်မယူဘဲ ရေတားပြုလုပ်နေသည့်ကိစ္စအတွက် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးနေစဉ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ထိုင်းလယ်သမားများက ရေတားများကို ထပ်မံလုပ်ဆောင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် ငှက်ပျောဆိပ်အနီး ထိုင်း - မြန်မာနှစ်နိုင်ငံနယ်စပ် ဖြစ်သည့် မယ်ဆိုင်ချောင်းတွင် ထိုင်းလယ်သမားများက စိုက်ပျိုးရေ ရရှိရေးအတွက် ချောင်းကိုပိတ်ပြီး ရေသွယ်ယူရန် လုပ်ဆောင်နေသည့်အတွက် ဖေဖော်ဝါရီလ (၁၆) ရက်က နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးနကြခြေင်းဖြစ်သည်။
“အခုတော့ မြန်မာနိုင်ငံဘက်က ကန့်ကွက်စာတင်ထားပါတယ်။ ငုတ်တိုင်တွေ ပြန်နှုတ်ပေးဖို့ဆိုပြီး နှစ်နိုင်ငံညှိနှိုင်းနေပါပြီ။
စာလည်းပို့ထားတယ်။ နှစ်နိုင်ငံTBC တွေလည်း ညှိနှိုင်းနေပါတယ်”ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ပြောသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ လယ်သမားများက ဖေဖော်ဝါရီလ (၁၆) ရက်နေ့ နံနက် (၉)နာရီတွင် တစ်ကြိမ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် တစ်ကြိမ် ရေတားများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ပထမအကြိမ်က ရေတားများပြုလုပ်မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ(၁၀)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်က မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားရှိ ရွှေနန်းတော်ကုန်တိုက်တွင် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင် ထိုင်းလယ်သမားများ ရေတားပြုလုပ်နေသည့် နေရာသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက် နှင့် မြန်မာဘက် TBC အဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် အပါအဝင် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ နှင့် ရန်အောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့များ စသည့် ပူးပေါင်းအဖွဲ့မှ ရောက်ရှိလာပြီး စောင့်ကြည့်တားမြစ်ကာ အဆိုပါ ရေတားများအား ဆက်လက်ပြုလုပ်ခြင်း မပြုရန်နှင့် အပြီးသတ်ဖယ်ရှားပေးရေးအတွက် ထိုင်းဘက် သို့ ထပ်မံ၍ အသိပေးထားကြောင်း သိရသည်။
ထိုင်းလယ်သမားများသည် စိုက်ပျိုးရေအတွက် မယ်ဆိုင်ချောင်းအား ရေတားကာ စိုက်ပျိုးရေရယူရာတွင် ခွင့်ပြုချက်မတောင်းဘဲ လုပ်ဆောင်လေ့ရှိသဖြင့် နှစ်နိုင်ငံကြား တာဝန်ရှိသူများ ညှိနှိုင်း ဖြေရှင်းရလေ့ရှိကြောင်း သိရသည်။
ထိုင်းလယ်သမားများသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့နှင့် ဇန်နဝါရီလ (၁၃)ရက်နေ့များကလည်း ချောင်းအတွင်း ရေတားများလုပ်ဆောင်ရန် စုရုံးခဲ့သဖြင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သွားရောက် ကန့်ကွက်ခဲ့ခြင်းကြောင့် လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် ဝါးလုံးများဖြင့် ရေတားများ စတင်ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - #ဇောင်းညီ