ခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့အနေဖြင့် ကျိုင်းတုံမြို့ မဈေးတွင် ကွင်းဆင်းစစ်ဆေးခြင်း မဆောင်ရွက်မီ ကွင်းဆင်းစစ်ဆေးမည့် အစီအမံများကို ချမှတ်ရေးဆွဲပြီးမှ ၀င်ရောက် စစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့ မဈေးအတွင်းမှ ဆေးဆိုင်(၈)ဆိုင်၊ စိုက်ပျိုးရေးဆေးဆိုင်(၁)ဆိုင်၊ ပြည်ပနိုင်ငံထုတ် အေးခဲအသားဆိုင်(၂)ဆိုင်နှင့် ကုန်စုံဆိုင်(၈)ဆိုင်တို့ မှ သက်တမ်းလွန် ဆေးများ၊ မုန့်များ၊ FDAနှင့် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ၏ ထောက်ခံချက်မပါရှိသော အေးခဲအသား၊ စိုက်ပျိုးရေးဦးစီးဌာန၏ ဥပဒေနှင့် မညီညွတ်သော တားမြစ်ထားသည့် ခြင်ဆေးခွေနှင့် ယစ်မျိုးလိုင်စင်မရှိဘဲ ရောင်းချနေသော ကုန်စုံဆိုင်မှ ဘီယာတို့ ကို သိမ်းဆည်းပြီး ကျိုင်းတုံဘူတာရုံအနီးတွင် အများပြည်သူများ၊ ဌာနဆိုင်ရာများနှင့် သတင်းမီဒီယာများရှေ့တွင် မီးရှို့ ဖျက်ဆီးခဲ့သည်။
ခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အနေဖြင့် နောက်ပိုင်းတွင် ဈေးအတွင်းသို့  ကွင်းဆင်း စစ်ဆေးခြင်းနှင့် သိမ်းဆည်းခြင်း လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ယခုအကြိမ်ကဲ့သို့  ကြိုတင် အသိပေးတော့မည် မဟုတ်ဘဲ ရှောင်တခင် ၀င်ရောက်စစ်ဆေးသွားမည်ဖြစ်ပြီး ဈေးများတွင် သာမက မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်လည်း အဖွဲ့ စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့ မဈေးအတွင်းသို့  မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် ခရိုင်စားသုံးသူရေးရာဦးစီးမှူး ဦးသန်းစိုး၊ ခရိုင်ကျန်းမာရေးမှူး ဒေါက်တာသက်မြင့်၊ မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်လှနှင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ များမှ တာဝန်ရှိသူများ စုစုပေါင်း(၅၇)ဦး ပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ကျိုင်းတုံမြို့မဈေးတွင် ရောင်းချလျှက်ရှိသော စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေနှင့် မညီညွတ်သည့် ကုန်စည်များကို ဖေဖော်ဝါရီလ (၁၇)ရက် သောကြာနေ့ နံနက်(၉)နာရီခွဲတွင် ဝင်ရောက်စစ်ဆေးကြောင်း သိရသည်။
"ကျွန်တော်တို့ အနေနဲ့က ဈေးထဲက ဆိုင်တွေအားလုံးကို စားသုံးသူအကာအကွယ်ပေးရေးဥပဒေနဲ့အညီ ထုတ်လုပ်ရောင်းချဖို့ (၃) ကြိမ်တိုင်တိုင် သိရှိကြောင်း လက်မှတ်ထိုးခိုင်းထားပြီးဖြစ်သလို ဈေးလယ် မှာလည်း အသိပညာပေးတာတွေလုပ်ပြီးပါပြီ။ ဒါပေမဲ့ ဈေးကွက်ထဲမှာက ဒါတွေကို ရောင်းချနေတာတွေ ရှိနေသေးတာကို တွေ့ရတဲ့အတွက် ကျွန်တော်တို့အဖွဲ့အနေနဲ့ ဒီတစ်ခေါက်မှာတော့ ဒီနေ့မှာ ဈေးထဲ ဆင်းပြီးစစ်မယ်။ ဥပဒေနဲ့မညီတဲ့ ကုန်စည်တွေကိုတွေ့ရင် တစ်ခါထဲ သိမ်းမယ်ဆိုတာကို အသိ ပေးပြီးသားပါ"ဟု ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။
ခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့အနဖြေင့် ကျိုင်းတုံမြို့မဈေးတွင် ကွင်းဆင်းစစ်ဆေးခြင်း မဆောင်ရွက်မီ ကွင်းဆင်းစစ်ဆေးမည့် အစီအမံများကို ချမှတ်ရေးဆွဲပြီးမှ ဝင်ရောက် စစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ဒီနေ့မုန့်ဆိုင်တွေကနပြေီးတော့ FDA ထောက်ခံချက် မပါတာနဲ့ သက်တမ်းလွန်နေတဲ့မုန့် တွေကို သိမ်းခဲ့တယ်။ ဆေးဆိုင်တွေကကျတော့ ကျွန်တော်တို့မလာခင်ကတည်းက သက်တမ်းလွန်နေတဲ့ ဆေးတွေကို စုထားပေးသလို ကျွန်တော်တို့နဲ့ ပါလာတဲ့ ဒေါက်တာတွေ စစ်လို့တွေ့ခဲ့တဲ့ သက်တမ်းလွန် ဆေးတွေကိုလည်း သိမ်းလာတယ်။ ပြီးရင် အေးခဲအသား ဒါတွေကတော့ လိုင်စင်လည်းမရှိဘူး။ FDAနဲ့ တိ/မွေး/ကုရဲ့ ထောက်ခံချက်လည်း မရှိတဲ့အတွက် ရောင်းချနေတဲ့ သူတွေဆီကနေ သိမ်းတယ်။ စိုက်ပျိုးရေးဆေးဆိုင်တာကတော့ ခြင်ဆေးခွေကိုပဲ တွေ့ပါတယ်။ နောက်ပြီး ယစ်မျိုးလိုင်စင်မရှိဘဲ ဘီယာရောင်းနေတဲ့ ဆိုင်တစ်ဆိုင်တွေ့တဲ့ အတွက်လည်း အဲဒါတွေကို သိမ်းဆည်းခဲ့ပါတယ်။ အားလုံးကို ပေါင်းပြီးတော့ ကာလပေါက်ဈေးနဲ့ တွက်လိုက်မယ်ဆိုရင် ကျပ်(၃)သိန်း(၇)သောင်းလောက်ရှိတယ်"ဟု ဦးသန်းစိုးက ပြောသည်။
မြို့မဈေးအတွင်းမှ ဆေးဆိုင်(၈)ဆိုင်၊ စိုက်ပျိုးရေးဆေးဆိုင်(၁)ဆိုင်၊ ပြည်ပနိုင်ငံထုတ် အေးခဲအသားဆိုင်(၂)ဆိုင်နှင့် ကုန်စုံဆိုင်(၈)ဆိုင်တို့မှ သက်တမ်းလွန် ဆေးများ၊ မုန့်များ၊ FDAနှင့် တိရစာ္ဆန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့၏ ထောက်ခံချက်မပါရှိသော အေးခဲအသား၊ စိုက်ပျိုးရေးဦးစီးဌာန၏ ဥပဒေနှင့် မညီညွတ်သော တားမြစ်ထားသည့် ခြင်ဆေးခွေနှင့် ယစ်မျိုးလိုင်စင်မရှိဘဲ ရောင်းချနေသော ကုန်စုံဆိုင်မှ ဘီယာတို့ကို သိမ်းဆည်းပြီး ကျိုင်းတုံဘူတာရုံအနီးတွင် အများပြည်သူများ၊ ဌာနဆိုင်ရာများနှင့် သတင်းမီဒီယာများရှေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။
ခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့အနဖြေင့် နောက်ပိုင်းတွင် ဈေးအတွင်းသို့ ကွင်းဆင်း စစ်ဆေးခြင်းနှင့် သိမ်းဆည်းခြင်း လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ယခုအကြိမ်ကဲ့သို့ ကြိုတင် အသိပေးတော့မည် မဟုတ်ဘဲ ရှောင်တခင် ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်ပြီး ဈေးများတွင် သာမက မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်လည်း အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့မဈေးအတွင်းသို့ မြပြေင်ကွင်းဆင်းစစ်ဆေးရာတွင် ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် ခရိုင်စားသုံးသူရေးရာဦးစီးမှူး ဦးသန်းစိုး၊ ခရိုင်ကျန်းမာရေးမှူး ဒေါက်တာသက်မြင့်၊ မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်လှနှင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ စုစုပေါင်း(၅၇)ဦး ပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်