၂၀၁၇ ခုႏွစ္အတြင္း ဟဲဟိုးေလဆိပ္တြင္ ႏုိင္ငံတကာေလေၾကာင္းလုိင္းမ်ားတိုးခ်ဲ႕ေျပးဆြဲရန္ ေဆာင္ရြက္ေန

၂၀၁၇ ခုႏွစ္အတြင္း ဟဲဟိုးေလဆိပ္တြင္ ႏုိင္ငံတကာေလေၾကာင္းလုိင္းမ်ားတိုးခ်ဲ႕ေျပးဆြဲရန္ ေဆာင္ရြက္ေန
ဖေဖော်ဝါရီ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း ခရီးသြားလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဟဲဟိုးေလဆိပ္တြင္ ႏုိင္ငံတကာ ခရီးစဥ္မ်ား ၂၀၁၇ အတြင္း ထပ္မံတိုးခ်ဲ႕ ေျပးဆြဲႏုိင္ရန္ ရွမ္းျပည္နယ္အစိုးရက ျပည္ေထာင္စုအစိုးရသို႔ တင္ျပထားေၾကာင္း သိရသည္။

“ရွမ္းျပည္နယ္ရဲ႕ ခရီးသြားလုပ္ငန္းေအာင္ျမင္ဖို႔အတြက္ စီစဥ္တာပါ။ ဥပမာ ေျပာရရင္ေတာ့ ဘန္ေကာက္ကေန အင္းေလး လာခ်င္တယ္ဆိုရင္ ရန္ကုန္ကေန ဝင္ရတဲ့အခါ ခရီးစရိတ္ေတြက အရမ္းတက္တယ္။ ဧည့္သည္ေတြက ခ်က္ခ်င္း လာခ်င္တာေတြရွိတယ္။ အဲဒါေၾကာင့္ ဘန္ေကာက္ - ဟဲဟိုး ျဖစ္နိုင္ေအာင္ရယ္၊ ဟဲဟိုး - လင္ခ်မ္း၊ ဟဲဟိုး - ခ်င္းရိုင္း အဲဒီလိုျဖစ္နိုင္ေအာင္ ကၽြန္ေတာ္တို႔က ၀န္ႀကီးခ်ဳပ္ကို တင္ျပတယ္။ ဝန္ႀကီးခ်ဳပ္ကေတာ့ နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ကိုေတာ့ တင္ျပထားတာရွိတယ္။ ဟဲဟိုးေလဆိပ္ကို တိုးခ်ဲ႕ဖို႔ အစီအစဥ္ေတြေတာ့ ရွိတယ္”ဟု ရွမ္းျပည္နယ္ စီမံကိန္း ႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညြန္႔လြင္က ေျပာသည္။

ႏုိင္ငံတကာေလေၾကာင္းလိုင္းမ်ား တိုက္ရိုက္ေျပးဆြဲႏုိင္ေရးအတြက္ တရုတ္ႏုိင္ငံ လင္ခ်မ္းျပည္နယ္အစိုးရ၊ ထိုင္းႏုိင္ငံ ခ်င္းမိုင္ႏွင့္ ခ်င္းရိုင္းခရိုင္တုိ႔မွ သက္ဆိုင္ရာ တာဝန္ရိွသူမ်ားနွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔တို႔ ေဆြးေႏြးမႈမ်ားလည္း လုပ္ေဆာင္ထားေၾကာင္း သိရသည္။

“ဒါကိုခ်ဲ႕နိုင္မယ္ဆိုရင္ ခရီးသြားလုပ္ငန္းက ဒီထက္မက ေအာင္ျမင္လာမယ္လို႔ ယံုၾကည္တယ္။ ေနာက္ၿပီး လင္ခ်မ္း အစိုးရနဲ႔ ခ်င္းရိုင္း၊ ခ်င္းမိုင္ကိုလည္း ေျပာထားတယ္။ အိမ္နီးနားခ်င္းနိုင္ငံေတြကို ခရီးသြား လုပ္ငန္းနဲ႔ခ်ိတ္ဆက္မယ္ ဆုိရင္ ၀င္ေငြလည္းရမယ္။ ခရီးသြားလုပ္ငန္းလည္း ေအာင္ျမင္လာမယ္” ဟု ဦးစိုးညြန္႔လြင္က ေျပာသည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ဟဲဟိုးေလဆိပ္တြင္ ျပည္တြင္း ေလေၾကာင္းလိုင္း (၇)ခုမွ ပ်ံသန္းေျပးဆြဲေနျခင္း ျဖစ္ၿပီး ႏုိင္ငံတကာႏွင့္ တုိက္ရိုက္ခရီးစဥ္တိုးခ်ဲ႕ၿပီး အိမ္နီးခ်င္းႏုိင္ငံမ်ားမွ ခရီးသြားဝင္ေရာက္မႈျမႇင့္တင္ေရး လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟဲဟိုးလေဆိပ်တွင် နိုင်ငံတကာ ခရီးစဉ်များ ၂၀၁၇ အတွင်း ထပ်မံတိုးချဲ့ ပြေးဆွဲနိုင်ရန် ရှမ်းပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရသို့ တင်ပြထားကြောင်း သိရသည်။

“ရှမ်းပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းအောင်မြင်ဖို့အတွက် စီစဉ်တာပါ။ ဥပမာ ပြောရရင်တော့ ဘန်ကောက်ကနေ အင်းလေး လာချင်တယ်ဆိုရင် ရန်ကုန်ကနေ ဝင်ရတဲ့အခါ ခရီးစရိတ်တွေက အရမ်းတက်တယ်။ ဧည့်သည်တွေက ချက်ချင်း လာချင်တာတွေရှိတယ်။ အဲဒါကြောင့် ဘန်ကောက် - ဟဲဟိုး ဖြစ်နိုင်အောင်ရယ်၊ ဟဲဟိုး - လင်ချမ်း၊ ဟဲဟိုး - ချင်းရိုင်း အဲဒီလိုဖြစ်နိုင်အောင် ကျွန်တော်တို့က ဝန်ကြီးချုပ်ကို တင်ပြတယ်။ ဝန်ကြီးချုပ်ကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုတော့ တင်ပြထားတာရှိတယ်။ ဟဲဟိုးလေဆိပ်ကို တိုးချဲ့ဖို့ အစီအစဉ်တွေတော့ ရှိတယ်”ဟု ရှမ်းပြည်နယ် စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

နိုင်ငံတကာလေကြောင်းလိုင်းများ တိုက်ရိုက်ပြေးဆွဲနိုင်ရေးအတွက် တရုတ်နိုင်ငံ လင်ချမ်းပြည်နယ်အစိုးရ၊ ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ချင်းရိုင်းခရိုင်တို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ဆွေးနွေးမှုများလည်း လုပ်ဆောင်ထားကြောင်း သိရသည်။

“ဒါကိုချဲ့နိုင်မယ်ဆိုရင် ခရီးသွားလုပ်ငန်းက ဒီထက်မက အောင်မြင်လာမယ်လို့ ယုံကြည်တယ်။ နောက်ပြီး လင်ချမ်း အစိုးရနဲ့ ချင်းရိုင်း၊ ချင်းမိုင်ကိုလည်း ပြောထားတယ်။ အိမ်နီးနားချင်းနိုင်ငံတွေကို ခရီးသွား လုပ်ငန်းနဲ့ချိတ်ဆက်မယ် ဆိုရင် ဝင်ငွေလည်းရမယ်။ ခရီးသွားလုပ်ငန်းလည်း အောင်မြင်လာမယ်” ဟု ဦးစိုးညွန့်လွင်က ပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟဲဟိုးလေဆိပ်တွင် ပြည်တွင်း လေကြောင်းလိုင်း (၇)ခုမှ ပျံသန်းပြေးဆွဲနခြေင်း ဖြစ်ပြီး နိုင်ငံတကာနှင့် တိုက်ရိုက်ခရီးစဉ်တိုးချဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ ခရီးသွားဝင်ရောက်မှုမြှင့်တင်ရေး လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~