မယ္ဆိုင္တြင္ ျမန္မာလုပ္သားႏွင့္ ထိုင္းလူမ်ဳိး အလုပ္ႀကီးၾကပ္သူတို႔ အခ်င္းမ်ားသည့္ ကိစၥႏွင့္ ပတ္သက္၍ CNCMC မွ သြားေရာက္ ညႇိႏႈိင္းေပး

မယ္ဆိုင္တြင္ ျမန္မာလုပ္သားႏွင့္ ထိုင္းလူမ်ဳိး အလုပ္ႀကီးၾကပ္သူတို႔ အခ်င္းမ်ားသည့္ ကိစၥႏွင့္ ပတ္သက္၍ CNCMC မွ သြားေရာက္ ညႇိႏႈိင္းေပး
ဖေဖော်ဝါရီ 18, 2017
By Tachileik News Agency

ထုိင္းႏို္င္ငံ မယ္ဆိုင္ၿမိဳ႕နယ္၊ ေကာ္ခ်န္႔အုပ္စု၊ မြန္ခမ္းရပ္ကြက္္ရိွ ၾကယ္ကိုးလံုး ေနၾကာေစ့အလုပ္ရံုတြင္ ျမန္မာလုပ္သားႏွင့္ ႀကီးၾကပ္သူတို႔ အခ်င္းမ်ားမႈအား CNCMC ကညိွႏိႈင္းေပးခဲ့ၿပီးေနာက္ အဆိုပါ အလုပ္ရံုမွ ျမန္မာလုပ္သား (၁၀၀)ေက်ာ္၏ လံုၿခံဳမႈကို အလုပ္ရံုပိုင္ရွင္က အာမခံေၾကာင္း ကတိျပဳလိုက္သည္ဟု သိရသည္။

“ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈလည္းမပ်က္ အလုပ္ရွင္၊ အလုပ္သမားလည္း နစ္နာမႈမရိွေအာင္ အဓိက ညိႇႏိႈင္းေပးခဲ့ပါတယ္။ ဒီလိုလုပ္ေဆာင္ရာမွာ စက္ရံုကလည္း ျမန္မာအလုပ္သမားေတြ ေနထိုင္မႈ၊ လံုၿခံဳမႈကို အာမခံေပးတယ္။ ေနာက္ေနာင္ ဒီလိုမျဖစ္ေအာင္၊ ႏိုင္ထက္စီးနင္း မရိွေအာင္ရယ္ နယ္ေျမခံ ရဲတပ္ဖြဲ႕ကလည္း အာမခံတယ္။ ဒီအလုပ္သမားေတြ အေနနဲ႔ အခက္အခဲ တစ္စံုတစ္ရာ ရိွတာနဲ႔ သူတို႔ကို ဆက္သြယ္ဖို႔နဲ႔ ကူညီေဆာင္ရြက္ေပးဖို႔ ကၽြန္ေတာ္တုိ႔ ေကာ္မတီကို အာမခံတယ္။ ေနာက္ ထိုင္းအလုပ္သမားကိုလည္း ေနာက္ေနာင္ ဒီလိုမျဖစ္ေစဖို႔ ဝန္ခံကတိ လက္မွတ္ေရးထိုးခိုင္းတယ္။ ေနာက္အခ်င္းမ်ားတဲ့ ႏွစ္ေယာက္လည္း တစ္ေယာက္နဲ႔တစ္ေယာက္ ဖက္လဲတကင္း ႏႈတ္ဆက္ၾကတယ္။ ျမန္မာအလုပ္သမားေတြကို ဥပေဒေဘာင္တြင္းက ဘယ္လိုေနထိုင္ရမယ္ဆိုတာလည္း ရွင္းျပခဲ့ပါတယ္”ဟု ထိုင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏိႈင္းေရး ေကာ္မတီ ( CNCMC )၏ လုပ္ငန္း အေကာင္အထည္ေဖာ္ေရးေကာ္မတီမွ အတြင္းေရးမွဴး ဦးစည္သူေမာင္က ေျပာသည္။

ျမန္မာလုပ္သား(၁၀၀)ခန္႔ အလုပ္ လုပ္ေနၾကသည့္ အဆိုပါ အလုပ္ရံုတြင္ ျမန္မာအလုပ္သမားတစ္ဦးႏွင့္ ေဒသခံ ထိုင္းအလုပ္သမားတစ္ဦးတို႔အၾကား ဘာသာစကား မကၽြမ္းက်င္မႈေၾကာင့္ နားလည္မႈလြဲရာမွ ခိုက္ရန္ျဖစ္ပြားျခင္းျဖစ္ေၾကာင္း ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ အေျခစိုက္ CNCMC သို႔ ေဖေဖာ္ဝါရီလ (၁၇) ရက္ေန႔ နံနက္ (၁၀)နာရီခန္႔က အေၾကာင္းၾကားလာျခင္းျဖစ္ေၾကာင္း သိရသည္။

“မေန႔က ေကာ္မတီကို မနက္ (၁၀)နာရီမွာ အေၾကာင္းၾကားလာတယ္။ အလုပ္သမားတစ္ေယာက္နဲ႔ အလုပ္ၾကပ္တစ္ေယာက္ ဘာသာစကား နားမလည္ရာကေန အခ်င္းမ်ားၾကရာက တစ္ေယာက္နဲ႔ တစ္ေယာက္ ထိုးမယ္ႀကိတ္မယ္ျဖစ္ကုန္တာေပါ့။ ဒါေၾကာင့္ ဒီဘက္ကေန သက္ဆိုင္ရာ ေကာ္မတီ နာယကျဖစ္တဲ့ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ခရိုင္ရဲမင္းႀကီးကို လွမ္းသတင္းပို႔တယ္။ အဲဒီကမွ တစ္ဆင့္ ဒီဘက္ကရိွတဲ့ ျမန္မာ TBC နဲ႔ ဟိုဘက္မွာရိွတဲ့ TBC အဖြဲ႔ေတြက ခ်ိတ္ဆက္ၿပီး မယ္ဆိုင္နဲ႔ ကီလို (၂၀)အကြာမွာရိွတဲ့ မြန္ခမ္းဆိုတဲ့ ရပ္ကြက္ကိုသြားတယ္။ အဲဒီမွာရိွတဲ့ နယ္ေျမခံရဲတပ္ဖြဲ႕ဝင္ (၄) ဦးနဲ႔အတူ ေနၾကာေစ့စက္ရံုကို သြားတယ္။ အဲဒီကေန အခ်င္းျဖစ္တဲ့ ျမန္မာအလုပ္သမား မင္းထြန္းနဲ႔ ထုိင္းအလုပ္ၾကပ္ အိုက္ဝမ္းတို႔ကို ညိွႏိႈင္းေျဖရွင္းေပးခဲ့တာပါ”ဟု ဦးစည္သူေမာင္က ေျပာသည္။

အဆိုပါ အလုပ္ရံုသို႔ CNCMC ၏ လုပ္ငန္းအေကာင္အထည္ေဖာ္ေရးေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖိဳးရွိန္၊ အတြင္းေရးမွဴး ဦးစည္သူေမာင္ ၊ တြဲဖက္အတြင္းေရးမွဴး ဦးသန္းထြန္းေအာင္၊ ေကာ္မတီ၀င္ ဦးထြန္း(မယ္ဆိုင္)၊ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕ ၊ တပ္ဖဲြ႕စိတ္(၁) တာခ်ီလိတ္မွ  ရဲအုပ္လွဘုန္း ၊ ရဲတပ္ၾကပ္ႀကီးခ်စ္ရန္၊ ႏွစ္ႏိုင္ငံ ထိုင္း - ျမန္မာနယ္ျခား ေကာ္မတီ (TBC)မွ တာ၀န္ရွိသူမ်ား ၊ ေကာ္ခ်န္႔နယ္ေျမရဲတပ္ဖြဲ႕စခန္းမွ ရဲတပ္ဖြဲ႕၀င္မ်ားႏွင့္အတူ သြားေရာက္ ညႇိႏိႈင္းေဆာင္ရြက္ေပးခဲ့ၾကရာ ညေန (၃) နာရီ (၄၀) မိနစ္ခန္႔တြင္ ေျပလည္သြားေၾကာင္း သိရသည္။

CNCMC သည္ ေကာ္မတီရံုးခန္းအား ၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၂) ရက္ေန႔က ျမန္မာ -ထိုင္းနယ္စပ္ ခ်စ္ၾကည္ေရး အမွတ္(၁)တံတားတြင္ ဖြင့္လွစ္လိုက္ၿပီး လုပ္ငန္းမ်ား ေဆာင္ရြက္ေနျခင္းျဖစ္ကာ ေဖေဖာ္ဝါရီလ အတြင္း ထုိင္းႏုိင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားအေရးႏွင့္ပတ္သက္၍ ကူညီေျဖရွင္းေပးခဲ့သည့္အမႈ (၆)ခု ရွိၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ
ဓာတ္ပံု - CNCMC


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနို်င်ငံ မယ်ဆိုင်မြို့နယ်၊ ကော်ချန့်အုပ်စု၊ မွန်ခမ်းရပ်ကွက်ရှိ ကြယ်ကိုးလုံး နကြောစေ့အလုပ်ရုံတွင် မြန်မာလုပ်သားနှင့် ကြီးကြပ်သူတို့ အချင်းများမှုအား CNCMC ကညှိနှိုင်းပေးခဲ့ပြီးနောက် အဆိုပါအလုပ်ရုံမှ မြန်မာလုပ်သား(၁၀၀)ကျော်၏ လုံခြုံမှုကို အလုပ်ရုံပိုင်ရှင်က အာမခံကြောင်း ကတိပြုလိုက်သည်ဟု သိရသည်။

“နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုလည်းမပျက် အလုပ်ရှင်၊ အလုပ်သမားလည်း နစ်နာမှုမရှိအောင် အဓိက ညှိနှိုင်းပေးခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ စက်ရုံကလည်း မြန်မာအလုပ်သမားတွေ နေထိုင်မှု၊ လုံခြုံမှုကို အာမခံပေးတယ်။ နောက်နောင် ဒီလိုမဖြစ်အောင်၊ နိုင်ထက်စီးနင်း မရှိအောင်ရယ် နယ်မြေခံ ရဲတပ်ဖွဲ့ကလည်း အာမခံတယ်။ ဒီအလုပ်သမားတွေ အနေနဲ့ အခက်အခဲ တစ်စုံတစ်ရာ ရှိတာနဲ့ သူတို့ကို ဆက်သွယ်ဖို့နဲ့ ကူညီဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ ကော်မတီကို အာမခံတယ်။ နောက် ထိုင်းအလုပ်သမားကိုလည်း နောက်နောင် ဒီလိုမဖြစ်စေဖို့ ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းတယ်။ နောက်အချင်းများတဲ့ နှစ်ယောက်လည်း တစ်ယောက်နဲ့တစ်ယောက် ဖက်လဲတကင်း နှုတ်ဆက်ကြတယ်။ မြန်မာအလုပ်သမားတွေကို ဥပဒေဘောင်တွင်းက ဘယ်လိုနေထိုင်ရမယ်ဆိုတာလည်း ရှင်းပြခဲ့ပါတယ်”ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ ( CNCMC )၏ လုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီမှ အတွင်းရေးမှူး ဦးစည်သူမောင်က ပြောသည်။

မြန်မာလုပ်သား(၁၀၀)ခန့် အလုပ် လုပ်နကြေသည့် အဆိုပါ အလုပ်ရုံတွင် မြန်မာအလုပ်သမားတစ်ဦးနှင့် ဒေသခံ ထိုင်းအလုပ်သမားတစ်ဦးတို့အကြား ဘာသာစကား မကျွမ်းကျင်မှုကြောင့် နားလည်မှုလွဲရာမှ ခိုက်ရန်ဖြစ်ပွားခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ အခြေစိုက် CNCMC သို့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နံနက် (၁၀)နာရီခန့်က အကြောင်းကြားလာခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က ကော်မတီကို မနက် (၁၀)နာရီမှာ အကြောင်းကြားလာတယ်။ အလုပ်သမားတစ်ယောက်နဲ့ အလုပ်ကြပ်တစ်ယောက် ဘာသာစကား နားမလည်ရာကနေ အချင်းများကြရာက တစ်ယောက်နဲ့ တစ်ယောက် ထိုးမယ်ကြိတ်မယ်ဖြစ်ကုန်တာပေါ့။ ဒါကြောင့် ဒီဘက်ကနေ သက်ဆိုင်ရာ ကော်မတီ နာယကဖြစ်တဲ့ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ရဲမင်းကြီးကို လှမ်းသတင်းပို့တယ်။ အဲဒီကမှ တစ်ဆင့် ဒီဘက်ကရှိတဲ့ မြန်မာ TBC နဲ့ ဟိုဘက်မှာရှိတဲ့ TBC အဖွဲ့တွေက ချိတ်ဆက်ပြီး မယ်ဆိုင်နဲ့ ကီလို (၂၀)အကွာမှာရှိတဲ့ မွန်ခမ်းဆိုတဲ့ ရပ်ကွက်ကိုသွားတယ်။ အဲဒီမှာရှိတဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင် (၄) ဦးနဲ့အတူ နကြောစေ့စက်ရုံကို သွားတယ်။ အဲဒီကနေ အချင်းဖြစ်တဲ့ မြန်မာအလုပ်သမား မင်းထွန်းနဲ့ ထိုင်းအလုပ်ကြပ် အိုက်ဝမ်းတို့ကို ညှိနှိုင်းဖြေရှင်းပေးခဲ့တာပါ”ဟု ဦးစည်သူမောင်က ပြောသည်။

အဆိုပါ အလုပ်ရုံသို့ CNCMC၏ လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်၊ အတွင်းရေးမှူး ဦးစည်သူမောင်၊ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းအောင်၊ ကော်မတီဝင် ဦးထွန်း(မယ်ဆိုင်)၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ်မှ ရဲအုပ်လှဘုန်း၊ ရဲတပ်ကြပ်ကြီးချစ်ရန်၊ နှစ်နိုင်ငံ ထိုင်း - မြန်မာနယ်ခြား ကော်မတီ (TBC)မှ တာဝန်ရှိသူများ၊ ကော်ချန့်နယ်မြေရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြရာ ညနေ (၃) နာရီ (၄၀) မိနစ်ခန့်တွင် ပြေလည်သွားကြောင်း သိရသည်။

CNCMC သည် ကော်မတီရုံးခန်းအား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့က မြန်မာ -ထိုင်းနယ်စပ် ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် ဖွင့်လှစ်လိုက်ပြီး လုပ်ငန်းများ ဆောင်ရွက်နခြေင်းဖြစ်ကာ ဖေဖော်ဝါရီလ အတွင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအရေးနှင့်ပတ်သက်၍ ကူညီဖြေရှင်းပေးခဲ့သည့်အမှု (၆)ခု ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - CNCMC 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~