၂၁ ရာစုပင္လံုညီလာခံအား ၁၉၄၇ ပင္လံုစာခ်ဳပ္ႏွင့္ ပင္လံုကတိမ်ားကို အေျခခံရန္ ကခ်င္လူထုေတာင္းဆို

၂၁ ရာစုပင္လံုညီလာခံအား ၁၉၄၇ ပင္လံုစာခ်ဳပ္ႏွင့္ ပင္လံုကတိမ်ားကို အေျခခံရန္ ကခ်င္လူထုေတာင္းဆို
ဖေဖော်ဝါရီ 19, 2017
By Tachileik News Agency

၂၁ ရာစု ပင္လံုေဆြးေႏြးပြဲအား ၁၉၄၇ ပင္လံုစာခ်ဳပ္ႏွင့္ ပင္လံုကတိကဝတ္မ်ားကို အေျခခံေသာ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုကို ေဖာ္ေဆာင္မည့္ ညီလာခံျဖစ္ရန္လိုလားေၾကာင္း ကခ်င္အမ်ိဳးသား ညီလာခံအၿပီး ေဖေဖာ္ဝါရီလ (၁၉) ရက္တြင္ ကခ်င္ျပည္သူလူထု၏ ေတာင္းဆိုခ်က္(၇)ခ်က္၌ ထည့္သြင္းေဖာ္ျပထားသည္။

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ မေနာ(မေနာင္)ကြင္းတြင္ ႏွစ္ရက္တာ က်င္းပခဲ့သည့္ အဆိုပါ ညီလာခံတြင္ ကခ်င္ကိုယ္စားလွယ္ (၈၄၅)ဦးႏွင့္ ကခ်င္လူမႈအဖြဲ႕အစည္းေပါင္း (၂၁)ဖြဲ႕က တက္ေရာက္ၾကၿပီး ေဖေဖာ္ဝါရီလ (၁၆) ရက္မွ (၁၈)ရက္အထိ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

“ ၂၁ ရာစုပင္လံုညီလာခံမွာ တင္ျပဖို႔ က႑(၅)ခုရိွတာကို အဲဒီက႑ (၅)ခုအတြက္ အႀကံဥာဏ္ေတြ စုေဆာင္းၿပီး ေပးပို႔မွာေပါ့။ ဒီကေနမွ ညီလာခံသြားတဲ့ အဖြဲ႔ေတြကို ေပးလိုက္ဖို႔ေပါ့။ KIO ရိွမယ္။ KSDP (ကခ်င္ျပည္နယ္ ဒီမိုကေရစီပါတီ) ရွိမယ္ေပါ့။ ဒီအေပၚမွာအေျခခံၿပီးေတာ့မွ ညီလာခံသြားတဲ့သူေတြက ကခ်င္အမ်ိဳးသားေတြရဲ႕ သေဘာထားကို တင္ျပဖို႔ေပါ့”ဟု အဆိုပါ ညီလာခံတက္ေရာက္ခဲ့သည့္ ကခ်င္ျပည္နယ္ဒီမိုကေရစီပါတီ ဥကၠဌ ေဒါက္တာတူးဂ်ာက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

၂၁ ရာစုပင္လံုညီလာခံ အမ်ိဳးသားအဆင့္ ႏုိင္ငံေရးေဆြးေႏြးပြဲမ်ားတြင္ ကခ်င္လူမ်ိဳးမ်ား၏ အေရးအရာကိစၥရပ္မ်ားကို ပါဝင္ေဆြးေႏြးမည့္ ကိုယ္စားလွယ္ (၁၀၀)ဦးကို ကခ်င္အမ်ိဳးသားညီလာခံတြင္ ေရြးခ်ယ္လုိက္ေၾကာင္း သိရၿပီး အဆိုပါ ကိုယ္စားလွယ္မ်ားတြင္ ကခ်င္ျပည္နယ္သာမက ရွမ္းျပည္နယ္ေျမာက္ပိုင္းမွလည္း ပါဝင္ေၾကာင္း သိရသည္။

"ညီလာခံအတြက္ ကခ်င္တိုင္းရင္းသားမ်ားဖက္ကလည္း တစ္သံတည္းျဖစ္ရမယ္ေပါ့။ အခုညိႇႏိႈင္းတယ္ဆိုေတာ့ တစ္သံတည္း ျဖစ္လာတာေပါ့။ အခုကေတာ့ စာတမ္းျပဳစုမယ့္အဖြဲ႔ကို ဖြဲ႔ၾကတာေပါ့။ ဒီအဖြဲ႔ေတြကို တာဝန္ေပးလိုက္တာေပါ့"ဟု ေဒါက္တာတူးဂ်ာက ေျပာသည္။

ညီလာခံတက္ေရာက္လာသူ (၈၄၅) ဦးက ၂၁ ပင္လုံညီလာခံတက္ေရာက္မည့္ ကုိ္ယ္စားလွယ္ (၁၀၀) ေက်ာ္ ေရြးခ်ယ္တင္ေျမႇာက္ျခင္း၊ ကခ်င္အမိ်ဳးသားမ်ားအတိုင္ပင္ခံ႐ုံး၏ ေ႐ွ႕လုပ္ငန္းစဥ္မ်ား၊ ကခ်င္အမ်ိဳးသား မ်ားပိုင္ေျမေနရာကိစၥ၊ ကခ်င္႐ိုးရာယဥ္ေက်းမႈေကာ္မတီပိုင္ေျမေနရာကိစၥမ်ားကို ေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - အင္မုိင္ခ

~~~~~~~~⊰❂ unicode ~~~~~~~~
၂၁ ရာစု ပင်လုံဆွေးနွေးပွဲအား ၁၉၄၇ ပင်လုံစာချုပ်နှင့် ပင်လုံကတိကဝတ်များကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဖော်ဆောင်မည့် ညီလာခံဖြစ်ရန်လိုလားကြောင်း ကချင်အမျိုးသား ညီလာခံအပြီး ဖေဖော်ဝါရီလ (၁၉) ရက်တွင် ကချင်ပြည်သူလူထု၏ တောင်းဆိုချက်(၇)ချက်၌ ထည့်သွင်းဖော်ပြထားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနော(မနောင်)ကွင်းတွင် နှစ်ရက်တာ ကျင်းပခဲ့သည့် အဆိုပါ ညီလာခံတွင် ကချင်ကိုယ်စားလှယ် (၈၄၅)ဦးနှင့် ကချင်လူမှုအဖွဲ့အစည်းပေါင်း (၂၁)ဖွဲ့က တက်ရောက်ကြပြီး ဖေဖော်ဝါရီလ (၁၆) ရက်မှ (၁၈)ရက်အထိ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“ ၂၁ ရာစုပင်လုံညီလာခံမှာ တင်ပြဖို့ ကဏ္ဍ(၅)ခုရှိတာကို အဲဒီကဏ္ဍ (၅)ခုအတွက် အကြံဉာဏ်တွေ စုဆောင်းပြီး ပေးပို့မှာပေါ့။ ဒီကနေမှ ညီလာခံသွားတဲ့ အဖွဲ့တွေကို ပေးလိုက်ဖို့ပေါ့။ KIO ရှိမယ်။ KSDP (ကချင်ပြည်နယ် ဒီမိုကရေစီပါတီ) ရှိမယ်ပေါ့။ ဒီအပေါ်မှာအခြေခံပြီးတော့မှ ညီလာခံသွားတဲ့သူတွေက ကချင်အမျိုးသားတွေရဲ့ သဘောထားကို တင်ပြဖို့ပေါ့”ဟု အဆိုပါ ညီလာခံတက်ရောက်ခဲ့သည့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာတူးဂျာက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

၂၁ ရာစုပင်လုံညီလာခံ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ကချင်လူမျိုးများ၏ အရေးအရာကိစ္စရပ်များကို ပါဝင်ဆွေးနွေးမည့် ကိုယ်စားလှယ် (၁၀၀)ဦးကို ကချင်အမျိုးသားညီလာခံတွင် ရွေးချယ်လိုက်ကြောင်း သိရပြီး အဆိုပါ ကိုယ်စားလှယ်များတွင် ကချင်ပြည်နယ်သာမက ရှမ်းပြည်နယ်မြောက်ပိုင်းမှလည်း ပါဝင်ကြောင်း သိရသည်။

"ညီလာခံအတွက် ကချင်တိုင်းရင်းသားများဖက်ကလည်း တစ်သံတည်းဖြစ်ရမယ်ပေါ့။ အခုညှိနှိုင်းတယ်ဆိုတော့ တစ်သံတည်း ဖြစ်လာတာပေါ့။ အခုကတော့ စာတမ်းပြုစုမယ့်အဖွဲ့ကို ဖွဲ့ကြတာပေါ့။ ဒီအဖွဲ့တွေကို တာဝန်ပေးလိုက်တာပေါ့"ဟု ဒေါက်တာတူးဂျာက ပြောသည်။

ညီလာခံတက်ရောက်လာသူ (၈၄၅) ဦးက ၂၁ ပင်လုံညီလာခံတက်ရောက်မည့် ကို်ယ်စားလှယ် (၁၀၀) ကျော် ရွေးချယ်တင်မြှောက်ခြင်း၊ ကချင်အမျိုးသားများအတိုင်ပင်ခံရုံး၏ ရှေ့လုပ်ငန်းစဉ်များ၊ ကချင်အမျိုးသား များပိုင်မြေနေရာကိစ္စ၊ ကချင်ရိုးရာယဉ်ကျေးမှုကော်မတီပိုင်မြေနေရာကိစ္စများကို ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~