ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္ ေရာင္နီဦးဆီပန္႔ေရွ႕တြင္ ေဖေဖၚဝါရီလ (၁၉) ရက္ေန႔ ေန႔လယ္(၂)နာရီအခ်ိန္က မသကၤာဖြယ္လူငယ္ တစ္စုအား စစ္ေဆးရာမွ ခိုးယူလာသည့္ ေရႊထည္ပစၥည္း က်ပ္(၄၁)သိန္းေက်ာ္ဖိုးအား သိမ္းဆည္းရမိသျဖင့္ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။
တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးႀကီးထိန္၀င္း ႀကီးၾကပ္မႈျဖင့္ ရဲအုပ္ေအာင္ဆန္းဦး၊ ဒုရဲအုပ္ ကိုကိုဦး ဦးစီးေသာ သက္ဆိုင္ရာ ခရိုင္/ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔၀င္မ်ားက ေဆခမ္းရပ္ကြက္တြင္ နယ္ေျမသတင္း စံုစမ္းမႈမ်ား ျပဳလုပ္ေနစဥ္ ေရာင္နီဦးဆီပန္႔ေရွ႕တြင္ မသကၤာဖြယ္ေတြ႔ရသည့္ လူငယ္တစ္ဦးအား ေဟာင္လိတ္ရဲကင္းစခန္းသို႔ ေခၚယူစစ္ေဆးခဲ့ရာမွ ၎တို႔သည္ ေဆခမ္းရပ္ကြက္ေန တင္မိုးလင္းထံ ေရႊထည္ပစၥည္းမ်ား ေရာင္းခ်ေပးရန္ အပ္ႏွံထားေၾကာင္း စစ္ေဆးသိရိွရေၾကာင္း သိရသည္။
အဆိုပါ ရဲတပ္ဖြဲ႕သည္ တင္မိုးလင္း၏ ေနအိမ္အား သက္ေသမ်ားျဖင့္ ရွာေဖြရာ ၎ပိုင္ဆုိင္ေၾကာင္း အေထာက္အထား တစ္စံုတစ္ရာ ျပသႏုိင္ျခင္း မရိွသည့္ တန္ဖိုးက်ပ္ (၄၁၆၀၀၀၀)ရွိ ေရႊထည္ပစၥည္း (၆)မ်ိဳးႏွင့္ေက်ာက္ေရာင္စံု(၂၂)မ်ိဳး၊ ေရႊရည္စိမ္လက္ဝတ္ရတနာ (၆)မ်ိဳး၊ လက္ေတာ့ႏွင့္ ဖုန္းမ်ိဳးစံု(၆)မ်ိဳးတို႔ကို သိမ္းဆည္းရမိေၾကာင္း သိရသည္။
အဆိုပါ ပစၥည္းမ်ားမွာ ေန႔လည္ဘက္တြင္ လူမရိွဘဲ ပိတ္ထားသည့္ အိမ္မ်ားမွ ခိုးယူလာျခင္းျဖစ္ေၾကာင္း စစ္ေဆး သိရိွရသျဖင့္ သူရေအာင္၊ မ်ိဳးဦး၊ အုိက္ေအာင္၊ ဟိန္းဝင္းထြန္း၊ ဥတၱလ အပါအ၀င္ လူငယ္(၇)ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၄၆/၂၀၁၇၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၈၀/က်င့္ ၅၄ ျဖင့္အမႈဖြင့္ အေရးယူေဆာင္ရြက္ေနေၾကာင္း သိရသည္။
တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထိန်ဝင်း ကြီးကြပ်မှုဖြင့် ရဲအုပ်အောင်ဆန်းဦး၊ ဒုရဲအုပ် ကိုကိုဦး ဦးစီးသော သက်ဆိုင်ရာ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များက ဆေခမ်းရပ်ကွက်တွင် နယ်မြေသတင်း စုံစမ်းမှုများ ပြုလုပ်နေစဉ် ရောင်နီဦးဆီပန့်ရှေ့တွင် မသင်္ကာဖွယ်တွေ့ရသည့် လူငယ်တစ်ဦးအား ဟောင်လိတ်ရဲကင်းစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ရာမှ၎င်းတို့သည် ဆေခမ်းရပ်ကွက်နေ တင်မိုးလင်းထံ ရွှေထည်ပစ္စည်းများ ရောင်းချပေးရန် အပ်နှံထားကြောင်း စစ်ဆေးသိရှိရကြောင်း သိရသည်။
အဆိုပါ ရဲတပ်ဖွဲ့သည် တင်မိုးလင်း၏ နေအိမ်အား သက်သေများဖြင့် ရှာဖွေရာ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသည့် တန်ဖိုးကျပ် (၄၁၆၀၀၀၀)ရှိ ရွှေထည်ပစ္စည်း (၆)မျိုးနှင့်ကျောက်ရောင်စုံ(၂၂)မျိုး၊ ရွှေရည်စိမ်လက်ဝတ်ရတနာ (၆)မျိုး၊ လက်တော့နှင့် ဖုန်းမျိုးစုံ(၆)မျိုးတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။
အဆိုပါ ပစ္စည်းများမှာ နေ့လည်ဘက်တွင် လူမရှိဘဲ ပိတ်ထားသည့် အိမ်များမှ ခိုးယူလာခြင်းဖြစ်ကြောင်း စစ်ဆေး သိရှိရသဖြင့် သူရအောင်၊ မျိုးဦး၊ အိုက်အောင်၊ ဟိန်းဝင်းထွန်း၊ ဥတ္တလ အပါအဝင် လူငယ်(၇)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၄၆/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း သိရသည်။