က်ဳိင္းတံုၿမိဳ႕တြင္ ၾကားျဖတ္ေရြးေကာက္ပြဲအတြက္ မဲစာရင္းမွားျခင္းမွာ ၂၀၁၅ မဲစာရင္းအတိုင္း ထုတ္ျပန္၍ျဖစ္

က်ဳိင္းတံုၿမိဳ႕တြင္ ၾကားျဖတ္ေရြးေကာက္ပြဲအတြက္ မဲစာရင္းမွားျခင္းမွာ ၂၀၁၅ မဲစာရင္းအတိုင္း ထုတ္ျပန္၍ျဖစ္
ဖေဖော်ဝါရီ 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတုံၿမိဳ႕တြင္ ၾကားျဖတ္ေရြးေကာက္ပြဲအတြက္ မဲစာရင္းမွားယြင္းေနရျခင္းမွာ အိမ္တိုင္ရာေရာက္ မဲစာရင္းေကာက္ခဲ့စဥ္က အစစ္မခံႏိုင္ခဲ့သည့္သူမ်ားကိုလည္း မဲေပးပိုင္ခြင့္ မဆုံးရႈံးေစရန္ ၂၀၁၅ ေရြးေကာက္ပြဲ မဲစာရင္းအတိုင္း စာရင္းထည့္သြင္းခဲ့ျခင္းေၾကာင့္ျဖစ္သည္ဟု သိရသည္။

"ကၽြန္ေတာ္တို ့ တစ္အိမ္တက္ တစ္အိမ္ဆင္းစနစ္နဲ႔ မဲစာရင္းသြားေကာက္တဲ့အခ်ိန္မွာ တစ္ခ်ဳိ႕အိမ္ေတြမွာ ဆိုရင္ ဘယ္သူမွမရိွဘူး။ သန္းေခါင္စာရင္း မျပႏိုင္တာ။ အိမ္ေထာင္ဦးစီး မရိွတာ၊ ယိုးဒယားဘက္ ေရာက္ေနတာနဲ႔။ အလုပ္ထဲေရာက္ေနတာေတြလည္း ရိွတဲ့အတြက္ ကၽြန္ေတာ္တို႔က ေကာက္မယ့္စာရင္းထဲ မထည့္ႏိုင္ဘူး။ ဒါေၾကာင့္ သူတို႔အေနနဲ ့ မဲေပးပိုင္ခြင့္မဆုံးရႈံးေစဖို႔အတြက္ အိမ္ေထာင္တစ္ခုမွာ ၂၀၁၅ ေရြးေကာက္ပြဲမဲစာရင္းမွာ မဲေပးပိုင္ခြင့္ရိွတာ (၅)ေယာက္ရိွတယ္ဆိုရင္ အဲဒီအတိုင္း စာရင္းထည့္ခဲ့တာ ျဖစ္တဲ့အတြက္ ဒီ(၅)ေယာက္ထဲမွာ တစ္ေယာက္ေယာက္က ေသဆုံးသြားတာလည္း ျဖစ္ႏိုင္တယ္။ ေထာင္က်ေနတာလည္း ျဖစ္ႏိုင္တယ္။ ဒီလို သြားေကာက္တဲ့အခ်ိန္မွာ အစစ္မခံႏိုင္တာေတြ ရိွခဲ့တဲ့အတြက္ မဲစာရင္းေတြ မွားယြင္းေနတာျဖစ္ပါတယ္"ဟု က်ိဳင္းတုံခရိုင္ ေရြးေကာက္ပြဲြဲအရာရိွ ဦးေက်ာ္မိုးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

ၾကားျဖတ္ေရြးေကာက္ပြဲအတြက္ မဲေပးပိုင္ခြင့္ရွိသူမ်ား၏ မဲစာရင္းကို ရပ္/ေက်းေကာ္မရွင္ႏွင့္ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးမ်ားျဖင့္ ႏို၀င္ဘာ(၁)ရက္ေန ့မွ (၃၀)ရက္ေန ့အထိ တစ္အိမ္တက္တစ္အိမ္ဆင္း လိုက္လံေကာက္ခံခဲ့ၿပီး ေဖေဖာ္၀ါရီလ(၁)ရက္ေန႔မွ (၁၄)ရက္ေန႔အထိ မဲစာရင္းကို ကပ္ထား ေၾကာ္ျငာခဲ့ျခင္း ျဖစ္သည္။

"မဲဆႏၵရွင္စာရင္းျပဳစုတဲ့ အပိုင္းမွာ ကၽြန္ေတာ့္အျမင္ကေတာ့ စာရင္းေကာက္ရတဲ့အခ်ိန္က တစ္လပဲဆိုေတာ့ အခ်ိန္နည္းတယ္လို ့ျမင္တယ္။ ေတာင္ေပၚေက်းရြာေတြမွာဆိုရင္ေတာ့ အိမ္ေျခ၊ လူဦးေရကနည္းေတာ့ အခ်ိန္လုံေလာက္တယ္။ ၿမိဳ ့ေပၚရပ္ကြက္ေတြမွာက်ေတာ့ လူဦးေရအရမ္းမ်ားတယ္။ ၿပီးရင္ ေသခ်ာစိစစ္ ရတဲ့အတြက္ အခ်ိန္မလုံေလာက္ဘူးလို ့ ျမင္ပါတယ္။ ၾကားျဖတ္ ေရြးေကာက္ပြဲ ကာလအတြင္းမွာ မလိုလားအပ္တဲ့ ျပႆနာေတြမျဖစ္ဖို႔အတြက္ ေစ့စပ္ညႇိႏိႈင္းေရး ေကာ္မတီေတြကို ၿမိဳ႕နယ္၊ ခရိုင္၊ ျပည္နယ္ခြဲ အဆင့္ဆိုၿပီးေတာ့ ဖြဲ ့စည္းထားပါတယ္"ဟု ဦးေက်ာ္မိုးက ေျပာသည္။

အဆိုပါ မဲစာရင္းမ်ားတြင္ ေသဆုံးသူမ်ား၏ အမည္မ်ားပါ၀င္ေနျခင္း၊ အမည္စာရင္းထပ္ေနျခင္းႏွင့္ အမည္စာရင္းမ်ား က်န္ရိွေနျခင္းတို႔ ျဖစ္ေပၚေနသည့္အတြက္ ေဖေဖာ္၀ါရီလ(၁၄)ရက္ေန႔ ေနာက္ပိုင္းမွ စတင္ကာ ျပင္ဆင္လႊာမ်ား၊ ေတာင္းဆိုလႊာမ်ားႏွင့္ ကန္႔ကြက္လႊာမ်ားျဖင့္ တင္ျပလာမႈမ်ားအရ ျပင္ဆင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဒီၾကားျဖတ္ေရြးေကာက္ပြဲမွာေတာ့ ၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပြဲထက္စာရင္ မဲစာရင္းမွာ မပါတာ သိပ္ေတာ့မရိွဘူး။ အနည္းအက်ဥ္းေတာ့ရိွပါတယ္။ ေသသြားတဲ့သူရဲ ့ နာမည္ျပန္ပါတာတို ့၊ နာမည္စာရင္း ထပ္ေနတာတို႔ကို တစ္ရြာမွာ နည္းနည္းေတာ့ ေတြ ့ရပါတယ္”ဟု က်ိဳင္းတံုၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ ဒုတိယဥကၠဌ ဦးေက်ာ္သီဟက ေျပာသည္။

က်ိဳင္းတံုၿမိဳ႕မွ ၾကားျဖတ္ေရြးေကာက္ပြဲအမီ အသက္ျပည့္သူမ်ား ထပ္တိုးလာသျဖင့္ မဲေပးႏုိင္သူစာရင္းမွာ ၂၀၁၅ ေရြးေကာက္ပြဲဲစာရင္းထက္ လူဦးေရႏွစ္ေထာင္ခန္႔တိုးလာေၾကာင္း သိရၿပီး မဲစာရင္းတြင္ နာမည္စာရင္း မပါၾကသူအမ်ားစုမွာ ယခုၾကားျဖတ္ေရြးေကာက္ပြဲအမီ အသက္(၁၈)ႏွစ္ျပည့္သျဖင့္ မဲေပးခြင့္ရမည့္ သူမ်ားႏွင့္ မဲစာရင္း လိုက္လံေကာက္ခံစဥ္က ခရီးထြက္ေနသူအမ်ားစုျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတုံၿမိဳ႕တြင္ က်င္းပျပဳလုပ္ခဲ့သည့္ ၂၀၁၅ ေရြးေကာက္ပြဲတြင္ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက ေနရာအားလုံးတြင္ အႏိုင္ရရိွခဲ့ၿပီး အမွတ္(၂)ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ျဖစ္သူ ဦးပီတာေသာင္းစိန္မွာ ကြယ္လြန္သြားသျဖင့္ လစ္လပ္ေနရာအတြက္ ၾကားျဖတ္ေရြးေကာက္ပြဲ ျပန္လည္က်င္းပသြားမည္ျဖစ္သည္။

အဆိုပါလစ္လပ္ေနရာအတြက္ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ ့ၿဖိဳးေရးပါတီ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ ့ ခ်ဳပ္ပါတီ၊ ရွမ္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ ့ခ်ဳပ္ပါတီ၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ၊ လားဟူအမ်ိဳးသား ဖြံ ့ၿဖိဳးတိုးတက္ေရးပါတီႏွင့္ အာခါအမ်ိဳးသား ဖြံ ့ၿဖိဳးတိုးတက္ေရးပါတီတို ့မွ ၀င္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ၿပီး လက္ရိွထုတ္ျပန္ထားသည့္ မဲစာရင္းအရ မဲေပးပိုင္ခြင့္ရိွသူ စုစုေပါင္း(၅၆၃၉၂)ဦး ရိွေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းမှားယွင်းနေရခြင်းမှာ အိမ်တိုင်ရာရောက် မဲစာရင်းကောက်ခဲ့စဉ်က အစစ်မခံနိုင်ခဲ့သည့်သူများကိုလည်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် ၂၀၁၅ ရွေးကောက်ပွဲ မဲစာရင်းအတိုင်း စာရင်းထည့်သွင်းခဲ့ခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။

"ကျွန်တော်တို့ တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်နဲ့ မဲစာရင်းသွားကောက်တဲ့အချိန်မှာ တစ်ချို့အိမ်တွေမှာ ဆိုရင် ဘယ်သူမှမရှိဘူး။ သန်းခေါင်စာရင်း မပြနိုင်တာ။ အိမ်ထောင်ဦးစီး မရှိတာ၊ ယိုးဒယားဘက် ရောက်နေတာနဲ့။ အလုပ်ထဲရောက်နေတာတွေလည်း ရှိတဲ့အတွက် ကျွန်တော်တို့က ကောက်မယ့်စာရင်းထဲ မထည့်နိုင်ဘူး။ ဒါကြောင့် သူတို့အနေနဲ့ မဲပေးပိုင်ခွင့်မဆုံးရှုံးစေဖို့အတွက် အိမ်ထောင်တစ်ခုမှာ ၂၀၁၅ ရွေးကောက်ပွဲမဲစာရင်းမှာ မဲပေးပိုင်ခွင့်ရှိတာ (၅)ယောက်ရှိတယ်ဆိုရင် အဲဒီအတိုင်း စာရင်းထည့်ခဲ့တာ ဖြစ်တဲ့အတွက် ဒီ(၅)ယောက်ထဲမှာ တစ်ယောက်ယောက်က သေဆုံးသွားတာလည်း ဖြစ်နိုင်တယ်။ ထောင်ကျနေတာလည်း ဖြစ်နိုင်တယ်။ ဒီလို သွားကောက်တဲ့အချိန်မှာ အစစ်မခံနိုင်တာတွေ ရှိခဲ့တဲ့အတွက် မဲစာရင်းတွေ မှားယွင်းနေတာဖြစ်ပါတယ်"ဟု ကျိုင်းတုံခရိုင် ရွေးကောက်ပွဲအရာရှိ ဦးကျော်မိုးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းကို ရပ်/ကျေးကော်မရှင်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများဖြင့် နိုဝင်ဘာ(၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကောက်ခံခဲ့ပြီး ဖေဖော်ဝါရီလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ မဲစာရင်းကို ကပ်ထား ကြော်ငြာခဲ့ခြင်း ဖြစ်သည်။

"မဲဆန္ဒရှင်စာရင်းပြုစုတဲ့ အပိုင်းမှာ ကျွန်တော့်အမြင်ကတော့ စာရင်းကောက်ရတဲ့အချိန်က တစ်လပဲဆိုတော့ အချိန်နည်းတယ်လို့မြင်တယ်။ တောင်ပေါ်ကျေးရွာတွေမှာဆိုရင်တော့ အိမ်ခြေ၊ လူဦးရေကနည်းတော့ အချိန်လုံလောက်တယ်။ မြို့ပေါ်ရပ်ကွက်တွေမှာကျတော့ လူဦးရေအရမ်းများတယ်။ ပြီးရင် သေချာစိစစ် ရတဲ့အတွက် အချိန်မလုံလောက်ဘူးလို့ မြင်ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲ ကာလအတွင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်ဖို့အတွက် စေ့စပ်ညှိနှိုင်းရေး ကော်မတီတွေကို မြို့နယ်၊ ခရိုင်၊ ပြည်နယ်ခွဲ အဆင့်ဆိုပြီးတော့ ဖွဲ့စည်းထားပါတယ်"ဟု ဦးကျော်မိုးက ပြောသည်။

အဆိုပါ မဲစာရင်းများတွင် သေဆုံးသူများ၏ အမည်များပါဝင်နခြေင်း၊ အမည်စာရင်းထပ်နခြေင်းနှင့် အမည်စာရင်းများ ကျန်ရှိနခြေင်းတို့ ဖြစ်ပေါ်နေသည့်အတွက် ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နောက်ပိုင်းမှ စတင်ကာ ပြင်ဆင်လွှာများ၊ တောင်းဆိုလွှာများနှင့် ကန့်ကွက်လွှာများဖြင့် တင်ပြလာမှုများအရ ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက်စာရင် မဲစာရင်းမှာ မပါတာ သိပ်တော့မရှိဘူး။ အနည်းအကျဉ်းတော့ရှိပါတယ်။ သေသွားတဲ့သူရဲ့ နာမည်ပြန်ပါတာတို့၊ နာမည်စာရင်း ထပ်နေတာတို့ကို တစ်ရွာမှာ နည်းနည်းတော့ တွေ့ရပါတယ်”ဟု ကျိုင်းတုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဦးကျော်သီဟက ပြောသည်။

ကျိုင်းတုံမြို့မှ ကြားဖြတ်ရွေးကောက်ပွဲအမီ အသက်ပြည့်သူများ ထပ်တိုးလာသဖြင့် မဲပေးနိုင်သူစာရင်းမှာ ၂၀၁၅ ရွေးကောက်ပွဲစာရင်းထက် လူဦးရေနှစ်ထောင်ခန့်တိုးလာကြောင်း သိရပြီး မဲစာရင်းတွင် နာမည်စာရင်း မပါကြသူအများစုမှာ ယခုကြားဖြတ်ရွေးကောက်ပွဲအမီ အသက်(၁၈)နှစ်ပြည့်သဖြင့် မဲပေးခွင့်ရမည့် သူများနှင့် မဲစာရင်း လိုက်လံကောက်ခံစဉ်က ခရီးထွက်နေသူအများစုဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နေရာအားလုံးတွင် အနိုင်ရရှိခဲ့ပြီး အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးပီတာသောင်းစိန်မှာ ကွယ်လွန်သွားသဖြင့် လစ်လပ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါလစ်လပ်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လက်ရှိထုတ်ပြန်ထားသည့် မဲစာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၅၆၃၉၂)ဦး ရှိကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~