ေဒသတြင္း ဧည့္လမ္းညႊန္ မလံုေလာက္မႈကို ေျဖရွင္းရန္ ရွမ္းျပည္နယ္ေတာင္ပုိင္း ကေလာၿမဳိ႕တြင္ ေဒသတြင္း ခရီးသြားလမ္းညႊန္သင္တန္းကို ေဖေဖၚဝါရီလ (၂၀) ရက္္မွစ၍ သင္တန္းပို႔ခ်ေပးေနၿပီး လိုင္စင္မ်ား ထုတ္ေပး သြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ ဟိုတယ္ႏွင့္ ခရီးသြားညႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။
"တစ္ခ်ဳိ႕ ေဒသခံေတြက လိုင္စင္ မရွိဘူးေလ။ လိုင္စင္ရဖို႔အတြက္ တရား၀င္ျဖစ္ဖို႔ရယ္၊ စား၀တ္ေနေရး အဆင္ေျပေအာင္ သင္တန္း ျပဳလုပ္ေပးျခင္းျဖစ္တယ္။ သင္တန္းၿပီးတာနဲ႔ လိုင္စင္ရမယ္။ သင္တန္းမွာ က်န္တဲ့ေဒသေတြေတာ့ ပါေတာ့ ပါတယ္။ ဒါေပမဲ႔ အဓိကကေတာ့ ရွမ္းျပည္နယ္အတြင္းမွာရွိတဲ့ ေဒသခံေတြ အတြက္ပါပဲ” ဟု ရွမ္းျပည္နယ္ ဟိုတယ္ႏွင့္ ခရီးသြားညႊန္ၾကားမႈဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးထင္ေအာင္နိုင္က ေျပာသည္။
ကေလာၿမိဳ႕တြင္ ေဒသတြင္း ဧည့္လမ္းညြန္ဆိုင္ရာ သင္တန္း (၄) မ်ဳိးပို႔ခ်ေနၿပီး ရွမ္းျပည္နယ္အတြင္း ေဒသခံဦးေရ (၁၂၀)တက္ေရာက္သည့္ ( ၄) ပတ္ၾကာသင္တန္းျဖစ္ေၾကာင္း သိရသည္။
“တိုးရစ္ေတြက ကေလာ၊ အင္းေလး၊ ပင္းတယ၊ ရြာငံဘက္ေတြကို လမ္းေလွ်ာက္ခရီးသြားၾကတာ မ်ားတယ္ေလ။ ခရီးသြားမ်ားတဲ့ ရာသီေရာက္ရင္ ေဒသမွာရွိတဲ့ဧည့္လမ္းညႊန္ေတြက မေလာက္ဘူး။ ဒါေၾကာင့္ သင္တန္းလုပ္ၿပီးတာ့ ဧည့္လမ္းညြန္ေတြ ေမြးထုတ္တာပါ။ ဧည့္ႀကိဳနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေညာင္ေရႊမွာလည္း ဟိုတယ္ဆိုင္ရာ သင္တန္းလုပ္ဖို႔က ဟိုတယ္သစ္ေတြ ေဆာက္လုပ္တာေတြရွိတယ္။ သင္တန္းမတက္ရေသးတဲ့ကေလးေတြ အတြက္ဖြင့္ေပးမွာပါ။ ကေလာမွာက ဧည့္လမ္းညႊန္သင္တန္းပါ။ ေညာင္ေရႊမွာက်ေတာ့ ဧည့္ႀကိဳနဲ႔ ပတ္သက္တဲ့သင္တန္းကို သင္ၾကားေပးမွာပါ” ဟု ဦးထင္ေအာင္နိုင္က ေျပာသည္။
အဆိုပါ သင္တန္းတြင္ ဧည့္လမ္းညႊန္ႏွင့္ပတ္သက္သည့္ ဘာသာရပ္မ်ား၊ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး၊ ခရီးသြားလုပ္ငန္းႏွင့္ သက္ဆိုင္သည့္ဘာသာရပ္၊ ေရွးေဟာင္းပညာရပ္ စသည္တို႔ကို သင္ၾကားမည္ျဖစ္ၿပီး သင္တန္း တက္ေရာက္သည့္ ေတာင္ႀကီး၊ ကေလာ၊ ပင္းတယ၊ ရပ္ေစာက္၊ ဆီဆိုင္၊ ေညာင္ေရႊၿမိဳ႕မ်ားမွ သင္တန္းသား (၁၂၀)ကို ရွမ္းျပည္နယ္အတြင္း ေဒသတြင္းဧည့္လမ္းညႊန္မ်ားအျဖစ္ ခန္႔အပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း - #ႏိုႏို
ဒေသတွင်း ဧည့်လမ်းညွှန် မလုံလောက်မှုကို ဖြေရှင်းရန် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တွင် ဒေသတွင်း ခရီးသွားလမ်းညွှန်သင်တန်းကို ဖေဖော်ဝါရီလ (၂၀) ရက်မှစ၍ သင်တန်းပို့ချပေးနပြေီး လိုင်စင်များ ထုတ်ပေး သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
"တစ်ချို့ ဒေသခံတွေက လိုင်စင် မရှိဘူးလေ။ လိုင်စင်ရဖို့အတွက် တရားဝင်ဖြစ်ဖို့ရယ်၊ စားဝတ်နေရေး အဆင်ပြေအောင် သင်တန်း ပြုလုပ်ပေးခြင်းဖြစ်တယ်။ သင်တန်းပြီးတာနဲ့ လိုင်စင်ရမယ်။ သင်တန်းမှာ ကျန်တဲ့ဒေသတွေတော့ ပါတော့ ပါတယ်။ ဒါပေမဲ့ အဓိကကတော့ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံတွေ အတွက်ပါပဲ” ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ပြောသည်။
ကလောမြို့တွင် ဒေသတွင်း ဧည့်လမ်းညွန်ဆိုင်ရာ သင်တန်း (၄) မျိုးပို့ချနပြေီး ရှမ်းပြည်နယ်အတွင်း ဒေသခံဦးရေ (၁၂၀)တက်ရောက်သည့် ( ၄) ပတ်ကြာသင်တန်းဖြစ်ကြောင်း သိရသည်။
“တိုးရစ်တွေက ကလော၊ အင်းလေး၊ ပင်းတယ၊ ရွာငံဘက်တွေကို လမ်းလျှောက်ခရီးသွားကြတာ များတယ်လေ။ ခရီးသွားများတဲ့ ရာသီရောက်ရင် ဒေသမှာရှိတဲ့ဧည့်လမ်းညွှန်တွေက မလောက်ဘူး။ ဒါကြောင့် သင်တန်းလုပ်ပြီးတာ့ ဧည့်လမ်းညွန်တွေ မွေးထုတ်တာပါ။ ဧည့်ကြိုနဲ့ ပတ်သက်ပြီးတော့လည်း ညောင်ရွှေမှာလည်း ဟိုတယ်ဆိုင်ရာ သင်တန်းလုပ်ဖို့က ဟိုတယ်သစ်တွေ ဆောက်လုပ်တာတွေရှိတယ်။ သင်တန်းမတက်ရသေးတဲ့ကလေးတွေ အတွက်ဖွင့်ပေးမှာပါ။ ကလောမှာက ဧည့်လမ်းညွှန်သင်တန်းပါ။ ညောင်ရွှေမှာကျတော့ ဧည့်ကြိုနဲ့ ပတ်သက်တဲ့သင်တန်းကို သင်ကြားပေးမှာပါ” ဟု ဦးထင်အောင်နိုင်က ပြောသည်။
အဆိုပါ သင်တန်းတွင် ဧည့်လမ်းညွှန်နှင့်ပတ်သက်သည့် ဘာသာရပ်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့်ဘာသာရပ်၊ ရှေးဟောင်းပညာရပ် စသည်တို့ကို သင်ကြားမည်ဖြစ်ပြီး သင်တန်း တက်ရောက်သည့် တောင်ကြီး၊ ကလော၊ ပင်းတယ၊ ရပ်စောက်၊ ဆီဆိုင်၊ ညောင်ရွှမြေို့များမှ သင်တန်းသား (၁၂၀)ကို ရှမ်းပြည်နယ်အတွင်း ဒေသတွင်းဧည့်လမ်းညွှန်များအဖြစ် ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - #နိုနို