ကြတ္ခိုင္ၿမိဳ႕ KBC 2 စစ္ေဘးေရွာင္စခန္းမွ မူးယစ္ေဆးစြဲလူနာမ်ားအတြက္ အကူအညီလိုအပ္ေန

ကြတ္ခိုင္ၿမိဳ႕ KBC 2 စစ္ေဘးေရွာင္စခန္းမွ မူးယစ္ေဆးစြဲလူနာမ်ားအတြက္ အကူအညီလိုအပ္ေန
ဖေဖော်ဝါရီ 23, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕ KBC - 2 စစ္ေဘးေရွာင္စခန္းရွိ မူးယစ္ေဆးစြဲေနသူမ်ားအား မူးယစ္ေဆးျဖတ္ လုပ္ငန္းမ်ား လုပ္ေဆာင္ေပးရန္ အကူအညီ လိုအပ္လွ်က္ရိွေနေၾကာင္း စစ္ေဘးေရွာင္စခန္း တာဝန္ခံထံမွ သိရသည္။

“အဓိက အခက္အခဲကေတာ့ သူတို႔အတြက္ လံုၿခံဳေရး မတတ္ႏိုင္ဘူးျဖစ္ေနတယ္။ စခန္းကို အခိုင္အမာ ကာထား ေပမဲ့ ၿခံစည္းရိုးေက်ာ္ၿပီး အျပင္ကို ထြက္တယ္။ ၿပီးေတာ့ စခန္းနား အထိလာၿပီး ေဆးျဖန္႔ျဖဴး ေပးေနတဲ့ သူေတြလည္းရွိတယ္။ ထိန္းသိမ္းရခက္ခဲ ေနတဲ့အတြက္ သူတို႔ကို မူးယစ္ေဆးျဖတ္ဖို႔  လိုအပ္ခ်က္ေတြရွိေနတယ္”ဟု ကြတ္ခိုင္ၿမိဳ႕ KBC-2 စစ္ေဘးေရွာင္စခန္းမွ တာဝန္ခံ ဆရာမ ေဒၚဘီေဘာက္ေတာင္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ (၁၉) ရက္ေန႔ ကတည္းက ကြတ္ခုိင္ၿမိဳ႕၏ေျမာက္ဘက္ (၉)မိုင္အကြာခန္႔ရိွ မန္လံုေက်းရြာႏွင့္ (၁၄)ခန္႔အကြာရိွ ေကာင္းလိန္ရြာတို႔မွ စစ္ေဘးေရွာင္ (၂၁၉)ဦး လာေရာက္ ခိုလံႈေနျခင္းျဖစ္ၿပီး ယင္းစစ္ေဘးေရွာင္မ်ားအနက္ မူးယစ္ေဆးစြဲသူအမ်ိဳးသား (၂၇) ဦးပါဝင္ လာျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီလကမွစၿပီး သူတို႔ကို ေဆးျဖတ္ဖို႔အတြက္ စတင္လုပ္ေဆာင္ခဲ့တာ။ သူတို႔ကို အခန္းသြင္းလိုက္တယ္။ မေန႔ညက ခိုးၿပီးထြက္ၾကတယ္။ အဲဒါျပန္လိုက္ဖမ္းၿပီး ေျခာက္ေပါက္ေပ့ါေနာ္ ( ထိပ္တုံုး ) နဲ႔ ျပစ္ဒဏ္ေပးတဲ့ အေနနဲ႔ ေခတၱထိမ္းသိမ္းရတယ္။ အရြယ္ကေတာ့ အသက္ (၂၀) ကေန (၇၀)အထိပါတယ္။ ကြ်န္မတို႔က သူတို႔ကို လူေကာင္းျပန္ျဖစ္ေစခ်င္လို႔ ေကာ္မတီကေနၿပီးေတာ့မွ အကုန္က်ခံၿပီး လုပ္ေပးတာပါ”ဟု စခန္းတာဝန္ခံ ဆရာမ ေဒၚဘီေဘာက္ေတာင္က ေျပာသည္။

မူးယစ္ေဆးျဖတ္လုပ္ငန္းမ်ားလုပ္ေဆာင္ရန္အတြက္ စခန္းတာဝန္ခံေကာ္မတီႏွင့္ MANA ရံုး တာဝန္ရွိသူ အခ်ိဳ႕မွ တာဝန္ယူလုပ္ေဆာင္ေပးေနၿပီး အစိုးရဌာနမ်ားႏွင့္ ပရဟိတအဖြဲ႔မ်ားမွ အကူအညီ ေတာင္းခံထားျခင္း မရွိေသးေၾကာင္း သိရသည္။

“ကြ်န္မတို႔ေနတဲ့ရြာနားမွာ ပစ္တာ ခတ္တာေတြရိွတဲ့အတြက္ စစ္တပ္က အရာရွိေတြက ေရွာင္ခိုင္းလို႔ ေရွာင္လာရတာ။ ႏွစ္ရက္ပဲ အခ်ိန္ေပးတဲ့အတြက္ ဘာမွ မယူလာရဘူး။ ေစာင္ေတြဘာေတြေတာင္ ဒီကေပးလို႔ရွိတာ။ အဝတ္အစားေတြလည္း မပါလာဘူး။ ရြာကိုျပန္ေနဖို႔ကေတာ့ ရြာနားမွာရွိတဲ့ ( တပ္မ ၄၅ ) စစ္တပ္က အရာရွိေတြ ခြင့္ျပဳခ်က္ရမွ ျပန္ေနလို႔ရမွာ။ အေျခအေနေကာင္းရင္ေတာ့ ရြာမွာပဲျပန္ေနခ်င္တယ္”ဟု ေကာင္းလိန္ေက်းရြာမွ စစ္ေဘးေရွာင္တိမ္းလာသူ ေဒၚဘံုစြန္းက ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕ အမွတ္ (၆) ရပ္ကြက္ရွိ မူႀကိဳေက်ာင္းဝန္းအတြင္းဖြင့္လွစ္ထားသည့္ အဆိုပါ KBC-2 စခန္းအား ၿခံစည္းရိုး၊ ၿခံတံခါးမ်ားကို ရွစ္ေပခန္႔ျမင့္သည့္ သြပ္ျပားမ်ားျဖင့္ လံုၿခံဳေအာင္ကာရံထားၿပီး စခန္းအတြင္း လူအဝင္အထြက္မွစ၍ စနစ္တက်လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။

ေဆးျဖတ္ေနသူမ်ားအတြက္ လိုအပ္သည့္ ေဆးဝါး၊ အားေဆးႏွင့္ လံုၿခံဳေရးေပးႏုိင္ရန္ လုပ္ေဆာင္ထားၿပီး လိုအပ္ပါက ဌာနဆိိုင္ရာမ်ားႏွင့္ ပူးေပါင္းလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ KBC - 2 စစ်ဘေးရှောင်စခန်းရှိ မူးယစ်ဆေးစွဲနေသူများအား မူးယစ်ဆေးဖြတ် လုပ်ငန်းများ လုပ်ဆောင်ပေးရန် အကူအညီ လိုအပ်လျှက်ရှိနေကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံထံမှ သိရသည်။

“အဓိက အခက်အခဲကတော့ သူတို့အတွက် လုံခြုံရေး မတတ်နိုင်ဘူးဖြစ်နေတယ်။ စခန်းကို အခိုင်အမာ ကာထား ပေမဲ့ ခြံစည်းရိုးကျော်ပြီး အပြင်ကို ထွက်တယ်။ ပြီးတော့ စခန်းနား အထိလာပြီး ဆေးဖြန့်ဖြူး ပေးနေတဲ့ သူတွေလည်းရှိတယ်။ ထိန်းသိမ်းရခက်ခဲ နေတဲ့အတွက် သူတို့ကို မူးယစ်ဆေးဖြတ်ဖို့ လိုအပ်ချက်တွေရှိနေတယ်”ဟု ကွတ်ခိုင်မြို့ KBC-2 စစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ဆရာမ ဒေါ်ဘီဘောက်တောင်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့ ကတည်းက ကွတ်ခိုင်မြို့၏မြောက်ဘက် (၉)မိုင်အကွာခန့်ရှိ မန်လုံကျေးရွာနှင့် (၁၄)ခန့်အကွာရှိ ကောင်းလိန်ရွာတို့မှ စစ်ဘေးရှောင် (၂၁၉)ဦး လာရောက် ခိုလှုံနခြေင်းဖြစ်ပြီး ယင်းစစ်ဘေးရှောင်များအနက် မူးယစ်ဆေးစွဲသူအမျိုးသား (၂၇) ဦးပါဝင် လာခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလကမှစပြီး သူတို့ကို ဆေးဖြတ်ဖို့အတွက် စတင်လုပ်ဆောင်ခဲ့တာ။ သူတို့ကို အခန်းသွင်းလိုက်တယ်။ မနေ့ညက ခိုးပြီးထွက်ကြတယ်။ အဲဒါပြန်လိုက်ဖမ်းပြီး ခြောက်ပေါက်ပေါ့နော် ( ထိပ်တုံး ) နဲ့ ပြစ်ဒဏ်ပေးတဲ့ အနေနဲ့ ခေတ္တထိမ်းသိမ်းရတယ်။ အရွယ်ကတော့ အသက် (၂၀) ကနေ (၇၀)အထိပါတယ်။ ကျွန်မတို့က သူတို့ကို လူကောင်းပြန်ဖြစ်စေချင်လို့ ကော်မတီကနပြေီးတော့မှ အကုန်ကျခံပြီး လုပ်ပေးတာပါ”ဟု စခန်းတာဝန်ခံ ဆရာမ ဒေါ်ဘီဘောက်တောင်က ပြောသည်။

မူးယစ်ဆေးဖြတ်လုပ်ငန်းများလုပ်ဆောင်ရန်အတွက် စခန်းတာဝန်ခံကော်မတီနှင့် MANA ရုံး တာဝန်ရှိသူ အချို့မှ တာဝန်ယူလုပ်ဆောင်ပေးနပြေီး အစိုးရဌာနများနှင့် ပရဟိတအဖွဲ့များမှ အကူအညီ တောင်းခံထားခြင်း မရှိသေးကြောင်း သိရသည်။

“ကျွန်မတို့နေတဲ့ရွာနားမှာ ပစ်တာ ခတ်တာတွေရှိတဲ့အတွက် စစ်တပ်က အရာရှိတွေက ရှောင်ခိုင်းလို့ ရှောင်လာရတာ။ နှစ်ရက်ပဲ အချိန်ပေးတဲ့အတွက် ဘာမှ မယူလာရဘူး။ စောင်တွေဘာတွေတောင် ဒီကပေးလို့ရှိတာ။ အဝတ်အစားတွေလည်း မပါလာဘူး။ ရွာကိုပြန်နေဖို့ကတော့ ရွာနားမှာရှိတဲ့ ( တပ်မ ၄၅ ) စစ်တပ်က အရာရှိတွေ ခွင့်ပြုချက်ရမှ ပြန်နေလို့ရမှာ။ အခြေအနေကောင်းရင်တော့ ရွာမှာပဲပြန်နေချင်တယ်”ဟု ကောင်းလိန်ကျေးရွာမှ စစ်ဘေးရှောင်တိမ်းလာသူ ဒေါ်ဘုံစွန်းက ပြောသည်။

ကွတ်ခိုင်မြို့ အမှတ် (၆) ရပ်ကွက်ရှိ မူကြိုကျောင်းဝန်းအတွင်းဖွင့်လှစ်ထားသည့် အဆိုပါ KBC-2 စခန်းအား ခြံစည်းရိုး၊ ခြံတံခါးများကို ရှစ်ပေခန့်မြင့်သည့် သွပ်ပြားများဖြင့် လုံခြုံအောင်ကာရံထားပြီး စခန်းအတွင်း လူအဝင်အထွက်မှစ၍ စနစ်တကျလုပ်ဆောင်ပေးနေကြောင်း သိရသည်။

ဆေးဖြတ်နေသူများအတွက် လိုအပ်သည့် ဆေးဝါး၊ အားဆေးနှင့် လုံခြုံရေးပေးနိုင်ရန် လုပ်ဆောင်ထားပြီး လိုအပ်ပါက ဌာနဆိုင်ရာများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~