ရဲတပ္ဖြဲ႔မွ အလိုရွိေနသည့္ တရားခံေျပး နဂါးေလးကို မင္းဘူးတြင္ ဖမ္းဆီးရမိ

ရဲတပ္ဖြဲ႔မွ အလိုရွိေနသည့္ တရားခံေျပး နဂါးေလးကို မင္းဘူးတြင္ ဖမ္းဆီးရမိ
ဖေဖော်ဝါရီ 23, 2017
By Tachileik News Agency

ရန္ကုနု္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)တြင္ ရန္ကုန္တိုင္းရဲတပ္ဖဲြ႔မွ အလိုရိွေနသည့္ နဂါးေလးအား မေကြးတိုင္းေဒသႀကီး မင္းဘူးၿမိဳ႕တြင္ ေဖေဖာ္ဝါရီလ (၂၃) ရက္ နံနက္ပိုင္းက ဖမ္းဆီးရမိသြားေၾကာင္း မင္းဘူးၿမိဳ႕နယ္ ရဲတပ္ဖဲြ႔မွဴးရံုးမွ သတင္းရရိွသည္။

ဒဂုံေတာင္ရဲစခန္းတြင္ မူးယစ္(ပ)၁၃/၂၀၁၆၊မူး/စိတ္ ဥပေဒပုဒ္မ ၁၅/၁၉(က)/၂၁ ႏွင္႔ လမ္းမေတာ္ ရဲစခန္းတြင္ (ပ) ၉/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၆/၃၂၃ တို႔ျဖင့္ အလိုရိွေနသည့္ တရားခံေျပး နဂါးေလး(ခ) ေအာင္ႏိုင္ျမင့္အား မင္းဘူးၿမိဳ႕ အမွတ္(၄)ရပ္ကြက္ မက်ီးေခ်ာင္းရပ္ရိွ ၎ဇနီးျဖစ္သူ၏ အေဒၚ ေတာ္စပ္သူ ေနအိမ္တြင္ ေရာက္ရိွေနစဥ္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

“မေန႔က အထိကို ေဖ႔စ္ဘုတ္ေတြမွာ သူ႔ကို မမိေသးဘူးလို႔ေတြ႔ရတယ္။ ဒီေန႔ ရန္ကုန္ရဲနဲ႔ မေကြးရဲ ပူးေပါင္း အဖဲြ႔ေရာက္ရိွလာၿပီး ကၽြန္ေတာ္နဲ႔အတူ ရပ္ကြက္တာဝန္ခံနဲ႔ မက်ီးေခ်ာင္းရပ္မိရပ္ဖေတြေခၚယူၿပီး လံုးေထြး ဖမ္းဆီးႏိုင္ခဲ႔တာပါ။ ထိခိုက္ဒဏ္ရာေတာ႔ မရရိွၾကပါဘူး”ဟု မက်ီးေခ်ာင္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိန္ေသာင္းက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

ေဖေဖာ္ဝါရီလ (၁၆) ရက္ေန႔တြင္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖဲြ႔မွဴးရံုးမွ ရဲတပ္ဖဲြ႔ဝင္မ်ားက ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)၊(၂၀)ရပ္ကြက္၊ ေလွာ္ကားလမ္းႏွင့္ ဥႆဘုရားလမ္းဆံုအနီးရိွ ကားဝပ္ေရွာ႔တစ္ခုတြင္ နဂါး ေလးေရာက္ရိွေနေၾကာင္း သတင္းအရ သြားေရာက္ပိတ္ဆို႔ဖမ္းဆီးစဥ္ ဖမ္းဆီးမခံဘဲ ရဲကားကိုတိုးတိုက္ ေမာင္းႏွင္ထြက္ေျပးသျဖင္႔ ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးရမိရန္ႀကိဳးစားခဲ့ ၾကေသာ္လည္း ထြက္ေျပးလြတ္ ေျမာက္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မင္းဘူးၿမိဳ႕ အမွတ္(၄)ရပ္ကြက္က သူ႔ဇနီးရဲ႕ အေဒၚေတာ္စပ္သူေနအိမ္မွာ နဂါးေလးကုိ ဖမ္းမိခဲ့တာပါ။ ရန္ကုန္တုိင္း ရဲတပ္ဖြဲ႔ကုိ လဲႊအပ္ဖုိ႔ စီစဥ္ေနပါတယ္” ဟု မေကြးတုိင္းေဒသႀကီး ရဲတပ္ဖြဲ႔မွဴးရံုးမွ ရဲအရာ ရွိတစ္ဦးက ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖဲြ႔မွဴးရံုး မႈခင္းအကူဌာနစုမွ ဒုရဲမွဴးညိဳပု ဦးစီးေသာရဲတပ္ဖဲြ႔ဝင္မ်ားႏွင့္ မေကြး တိုင္းေဒသႀကီးရဲတပ္ဖဲြ႔မွ ရဲအုပ္မ်ိဳးႏိုင္ဦးစီးတပ္ဖဲြ႔၊ ခရိုင္ရဲတပ္ဖဲြ႔မွဴးရံုးမွ ရဲအုပ္သက္ေအာင္စိုးဦးစီး တပ္ဖဲြ႔၊ မင္းဘူးခရိုင္ရဲတပ္ဖဲြ႔မွဴးရံုးမွ ရဲအုပ္မ်ိဳးဝင္းေဇာ္ဦးစီးတပ္ဖဲြ႔၊ မင္းဘူးၿမိဳ႕မရဲစခန္းမွ ရဲအုပ္မိုးေက်ာ္ဟိန္းဦးစီး တပ္ဖဲြ႔၊ မင္းဘူး အမွတ္(၄)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးပါ ရပ္မိရပ္ဖအဖဲြ႔တို႔ ပူးေပါင္း၍ နဂါးေလး(ခ)ေအာင္ႏိုင္ျမင့္ အား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း မင္းဘူးၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴးရံုးမွ သိရသည္။

သတင္း - ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရန်ကုနု်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အလိုရှိနေသည့် နဂါးလေးအား မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် ဖေဖော်ဝါရီလ (၂၃) ရက် နံနက်ပိုင်းက ဖမ်းဆီးရမိသွားကြောင်း မင်းဘူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဒဂုံတောင်ရဲစခန်းတွင် မူးယစ်(ပ)၁၃/၂၀၁၆၊မူး/စိတ် ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ နှင့် လမ်းမတော် ရဲစခန်းတွင် (ပ) ၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၃၂၃ တို့ဖြင့် အလိုရှိနေသည့် တရားခံပြေး နဂါးလေး(ခ) အောင်နိုင်မြင့်အား မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက် မကျီးချောင်းရပ်ရှိ၎င်းဇနီးဖြစ်သူ၏ အဒေါ် တော်စပ်သူ နေအိမ်တွင် ရောက်ရှိနေစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က အထိကို ဖေ့စ်ဘုတ်တွေမှာ သူ့ကို မမိသေးဘူးလို့တွေ့ရတယ်။ ဒီနေ့ ရန်ကုန်ရဲနဲ့ မကွေးရဲ ပူးပေါင်း အဖွဲ့ရောက်ရှိလာပြီး ကျွန်တော်နဲ့အတူ ရပ်ကွက်တာဝန်ခံနဲ့ မကျီးချောင်းရပ်မိရပ်ဖတွေခေါ်ယူပြီး လုံးထွေး ဖမ်းဆီးနိုင်ခဲ့တာပါ။ ထိခိုက်ဒဏ်ရာတော့ မရရှိကြပါဘူး”ဟု မကျီးချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များက ဒဂုံမြို့သစ် (တောင်ပိုင်း)၊(၂၀)ရပ်ကွက်၊ လှော်ကားလမ်းနှင့် ဥဿဘုရားလမ်းဆုံအနီးရှိ ကားဝပ်ရှော့တစ်ခုတွင် နဂါး လေးရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ပိတ်ဆို့ဖမ်းဆီးစဉ် ဖမ်းဆီးမခံဘဲ ရဲကားကိုတိုးတိုက် မောင်းနှင်ထွက်ပြေးသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိရန်ကြိုးစားခဲ့ ကြသော်လည်း ထွက်ပြေးလွတ် မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်က သူ့ဇနီးရဲ့ အဒေါ်တော်စပ်သူနေအိမ်မှာ နဂါးလေးကို ဖမ်းမိခဲ့တာပါ။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကို လွှဲအပ်ဖို့ စီစဉ်နေပါတယ်” ဟု မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာ ရှိတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစုမှ ဒုရဲမှူးညိုပု ဦးစီးသောရဲတပ်ဖွဲ့ဝင်များနှင့် မကွေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအုပ်မျိုးနိုင်ဦးစီးတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်သက်အောင်စိုးဦးစီး တပ်ဖွဲ့၊ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်မျိုးဝင်းဇော်ဦးစီးတပ်ဖွဲ့၊ မင်းဘူးမြို့မရဲစခန်းမှ ရဲအုပ်မိုးကျော်ဟိန်းဦးစီး တပ်ဖွဲ့၊ မင်းဘူး အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးပါ ရပ်မိရပ်ဖအဖွဲ့တို့ ပူးပေါင်း၍ နဂါးလေး(ခ)အောင်နိုင်မြင့် အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~