ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ႏွင့္ ထိုင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕အၾကား နယ္နမိတ္္မယ္ဆိုင္ေခ်ာင္းတြင္ ထုိင္းလယ္သမားမ်ားက ေခ်ာင္းပိတ္ဆို႔ေရတားျခင္းႏွင့္ပတ္သက္၍ တာခ်ီလိတ္ေဒသခံမ်ားကိုယ္စား ပါဝင္ ေဆြးေႏြးၿပီးေနာက္ ျမန္မာႏုိင္ငံလယ္သမားမ်ားအား ေတာင္းပန္စာေပးပို႔လိုက္သည္။
ႏွစ္ႏိုင္ငံနယ္နမိတ္ေခ်ာင္းအား ဝါးမ်ားျဖင့္ ပိတ္ဆို႔ေရတားျခင္းႏွင့္ ပတ္သက္၍ ျမန္မာႏုိင္ငံမွ တာဝန္ ရိွသည့္ ဌာနမ်ားက ခြင့္ျပဳေပးထားျခင္း မရိွေသာ္လည္း ထုိင္းလယ္သမားမ်ားက လုပ္ေဆာင္မႈႏွင့္ ပတ္သက္၍ ႏွစ္ႏိုင္ငံ ၿမိဳ႕နယ္အဆင့္ တာဝန္ရိွသူမ်ား ေတြ႔ဆံုရာတြင္ တာခ်ီလိတ္ၿမိဳ႕ ေဒသခံမ်ားကိုယ္စား မဇၨိ်မလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ၿမိဳ႕လူထုကိုယ္စား ဝင္ေရာက္ေဆြးေႏြးၿပီးေနာက္ ျမန္မာႏိုင္ငံလယ္သမားမ်ားထံ ေတာင္းပန္စာေပးပို႔ရန္ ေတာင္းဆိုျခင္းေၾကာင့္ ထို္င္းလယ္သမားမ်ား ကိုယ္စား ေကာ္ခ်န္႔အုပ္ခ်ဳပ္ေရးမွဴးက ေဖေဖၚဝါရီလ (၂၂) ရက္ ညေန (၃)နာရီခြဲခန္႔တြင္ လာေရာက္ ေပးအပ္ျခင္းျဖစ္သည္။
“သက္ဆုိင္ရာ တာဝန္ရိွသူေတြကေတာ့ သူတို႔လုပ္ထံုးလုပ္နည္း ဥပေဒေတြနဲ႔အညီ ေဆြးေႏြး ညိႇႏိႈင္းၾကမွာပါ။ ကၽြန္ေတာ္တို႔ကေတာ့ ႏွစ္ႏိုင္ငံျပည္သူ အခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈကို မထိခို္က္ေစဘဲ ကိုယ့္ဘက္မွာ ဘာေတြ နစ္နာတယ္။ ဘာေၾကာင့္ မလုပ္ေစခ်င္တာလဲဆိုတာ ညိႇႏိႈင္းျခင္းပါ။ အခုလို လုပ္ရတာက ေနာက္ပိုင္းမွာ ႏွစ္ႏုိင္ငံ လယ္သမားေတြ အခ်င္းခ်င္းၾကား ဆက္ဆံမႈလည္း ရိွလာၿပီး နားလည္လာေအာင္ လုပ္ေပးတာပါ”ဟု မဇၨိ်မလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။
အဆိုပါ ေတာင္းပန္စာအား တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္ရိွ မယ္ဆိုင္ေခ်ာင္း ေရတားထားသည့္ ေနရာတြင္ ထုိင္းႏိုင္ငံမွ ၿမိဳ႕နယ္အဆင့္နယ္ျခားေကာ္မတီ( TBC) အဖြဲ႔ဝင္မ်ား၊ မယ္ဆိုင္ၿမိဳ႕ ေကာ္ခ်န္႔ရပ္ကြက္မွ အုပ္ခ်ဳပ္ေရးမွဴး Sukhawit Sanlat ၊ လယ္သမားႏွစ္ဦး ပါဝင္သည့္ အဖြဲ႔က ေကာ္ခ်န္႔ေဒသမွ ေရတားသည့္ လယ္သမားမ်ား ကိုယ္စား ေတာင္းပန္စာကို လာေရာက္ေပးအပ္ၿပီး ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕ ၿမိဳ႕နယ္အဆင့္ နယ္ျခားေကာ္မတီ (TBC)၊ မဇၥ်ိမလူမႈကူညီေရးအသင္းဥကၠဌ ဦးတင့္ေဆြ၊ ရန္ေအာင္ေျမရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးအားေဆာ္ႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖဲြ႔၊ ရန္ေအာင္ေျမ ရပ္ကြက္မွ လယ္သမားမ်ားက လက္ခံရယူျခင္းျဖစ္သည္။
“ကၽြန္ေတာ္တို႔ဖက္က ေတာင္သူလယ္သမားေတြက ဂရုမစိုက္ အေလးမထားတာေတာ့ မဟုတ္ပါဘူး။ အခုလိုမ်ိဳးျဖစ္သြားတဲ့ အေၾကာင္းရင္းကလည္း ကၽြန္ေတာ္တိို႔ဖက္က ျပည္သူေတြရဲ႕ စား၀တ္ေနေရး အရမ္း အခက္အခဲျဖစ္သြားတဲ့ အတြက္ေၾကာင့္သာ ဒီလိုေတြျပဳလုပ္လိုက္ရတဲ့အတြက္ ျမန္မာဖက္ ေတာင္သူလယ္သမားေတြ အတြက္လည္း စိတ္မေကာင္းပါဘူး။ ေတာင္းလည္း ေတာင္းပန္ပါတယ္။ ဒီေန႔လည္း အဲဒီကိစၥကို လာေတာင္းပန္တာပါ။ ေတာင္သူလယ္သမားေတြကို နားလည္ေပးဖို႔ ေတာင္းပန္တဲ့စာေတြ လာေပးတာပါ။ ေရရွည္စီမံကိန္းေတြအေနနဲ႔လည္း အမ်ားႀကီးရွိပါတယ္။ အထက္က လူႀကီးပိုင္းမ်ားက ႏွစ္ႏိုင္ငံ အထက္အဆင့္အေနနဲ႔ပဲ စာေတြပို႔ၿပီးေတာ့ အဲဒါေတြကလည္း ေနာက္မွသိရမွာ”ဟု နယ္စပ္ေခ်ာင္းအား ေရတားျပဳလုပ္ထားသည့္ ထုိင္းႏုိင္ငံ ေကာ္ခ်န္႔ေဒသမွ အုပ္ခ်ဳပ္ေရးမွဴး Sukhawit Sanlat က ေဖေဖၚဝါရီလ ၂၂ ရက္က တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္ ေရတားမ်ားျပဳလုပ္ထားသည့္ေနရာတြင္ ေျပာသည္။
ထိုင္းလယ္သမားမ်ားသည္ စိုက္ပ်ဳိးေရအတြက္ မယ္ဆိုင္ေခ်ာင္းအား ပိတ္ဆို႔ေရတားကာ စိုက္ပ်ိဳးေရ ရယူရာတြင္ ခြင့္ျပဳခ်က္မရိွဘဲ လုပ္ေဆာင္ေနသျဖင့္ ျမန္မာႏွင့္ ထိုင္း ၿမိဳ႕နယ္အဆင့္ နယ္ျခား ေကာ္မတီ(TBC)ႏွင့္ ၿမိဳ႕နယ္အဆင့္ တာဝန္ရိွသူတို႔ ေဖေဖၚဝါရီလ (၂၁) ရက္က အလြတ္သေဘာ ေတြ႕ဆံု ေဆြးေႏြးၿပီးေနာက္ ထုိင္းလယ္သမားမ်ား ျပဳလုပ္ထားသည့္ ေရတားမ်ားအား လံုးဝဖယ္ရွားေပးရန္ သေဘာတူထားျခင္း ျဖစ္ေသာ္လည္း ေဖေဖၚဝါရီလ (၂၂) ရက္တြင္ ေရတားအခ်ိဳ႕ကိုသာ ထုိင္းလယ္သမား မ်ားက ဖယ္ရွားခဲ့ျခင္းျဖစ္သည္။
"ကြ်န္ေတာ္တို႔ဆိုရင္ ေရလိုရင္ ေခ်ာင္းေရကို ေရစုပ္စက္နဲ႔တင္တယ္။ သူတို႔က အခုလိုလာလုပ္တယ္။ မိုးရာသီဆိုရင္ ဒီဘက္ကလယ္ေတြ ေရနစ္ၿပီေလ။ ဖယ္ပစ္ခ်င္တယ္။ တာဝန္ရိွသူေတြက တားထားလို႔ မလုပ္တာ”ဟု ေရတားမ်ားျပဳလုပ္ထားသည့္ မယ္ဆိုင္ေခ်ာင္းေဘး ရန္ေအာင္ေျမရပ္ကြက္မွ ေတာင္သူတစ္ဦးျဖစ္သည့္ ဦးအားသူက ေျပာသည္။
ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ ေကာ္ခ်န္႔ေဒသမွလယ္သမားမ်ားက မယ္ဆိုင္ေခ်ာင္းအားပိတ္၍ စိုက္ပိ်ဳးေရရယူရန္ ေကာ္ခ်န္႔မဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ထံ တင္ျပထားၿပီး ျမန္မာႏုိင္ငံဘက္မွ တာဝန္ရိွသူမ်ားထံ ခြင့္ျပဳခ်က္ေတာင္းထားေသာ္လည္း ျမန္မာႏုိင္ငံမွ ခြင့္ျပဳထားျခင္းမရိွေၾကာင္း သိရသည္။
သတင္း - အင္မိုင္ခ
နှစ်နိုင်ငံနယ်နမိတ်ချောင်းအား ဝါးများဖြင့် ပိတ်ဆို့ရေတားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ တာဝန် ရှိသည့် ဌာနများက ခွင့်ပြုပေးထားခြင်း မရှိသော်လည်း ထိုင်းလယ်သမားများက လုပ်ဆောင်မှုနှင့် ပတ်သက်၍ နှစ်နိုင်ငံ မြို့နယ်အဆင့် တာဝန်ရှိသူများ တွေ့ဆုံရာတွင် တာချီလိတ်မြို့ ဒေသခံများကိုယ်စား မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက မြို့လူထုကိုယ်စား ဝင်ရောက်ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံလယ်သမားများထံ တောင်းပန်စာပေးပို့ရန် တောင်းဆိုခြင်းကြောင့် ထို်င်းလယ်သမားများ ကိုယ်စား ကော်ချန့်အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီလ (၂၂) ရက် ညနေ (၃)နာရီခွဲခန့်တွင် လာရောက် ပေးအပ်ခြင်းဖြစ်သည်။
“သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ သူတို့လုပ်ထုံးလုပ်နည်း ဥပဒေတွေနဲ့အညီ ဆွေးနွေး ညှိနှိုင်းကြမှာပါ။ ကျွန်တော်တို့ကတော့ နှစ်နိုင်ငံပြည်သူ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို မထိခို်က်စေဘဲ ကိုယ့်ဘက်မှာ ဘာတွေ နစ်နာတယ်။ ဘာကြောင့် မလုပ်စေချင်တာလဲဆိုတာ ညှိနှိုင်းခြင်းပါ။ အခုလို လုပ်ရတာက နောက်ပိုင်းမှာ နှစ်နိုင်ငံ လယ်သမားတွေ အချင်းချင်းကြား ဆက်ဆံမှုလည်း ရှိလာပြီး နားလည်လာအောင် လုပ်ပေးတာပါ”ဟု မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
အဆိုပါ တောင်းပန်စာအား တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားထားသည့် နေရာတွင် ထိုင်းနိုင်ငံမှ မြို့နယ်အဆင့်နယ်ခြားကော်မတီ( TBC) အဖွဲ့ဝင်များ၊ မယ်ဆိုင်မြို့ ကော်ချန့်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး Sukhawit Sanlat၊ လယ်သမားနှစ်ဦး ပါဝင်သည့် အဖွဲ့က ကော်ချန့်ဒေသမှ ရေတားသည့် လယ်သမားများ ကိုယ်စား တောင်းပန်စာကို လာရောက်ပေးအပ်ပြီး မြန်မာနိုင်ငံ တာချီလိတ်မြို့ မြို့နယ်အဆင့် နယ်ခြားကော်မတီ (TBC)၊ မဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင့်ဆွေ၊ ရန်အောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအားဆော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ရန်အောင်မြေ ရပ်ကွက်မှ လယ်သမားများက လက်ခံရယူခြင်းဖြစ်သည်။
“ကျွန်တော်တို့ဖက်က တောင်သူလယ်သမားတွေက ဂရုမစိုက် အလေးမထားတာတော့ မဟုတ်ပါဘူး။ အခုလိုမျိုးဖြစ်သွားတဲ့ အကြောင်းရင်းကလည်း ကျွန်တော်တို့ဖက်က ပြည်သူတွေရဲ့ စားဝတ်နေရေး အရမ်း အခက်အခဲဖြစ်သွားတဲ့ အတွက်ကြောင့်သာ ဒီလိုတွပြေုလုပ်လိုက်ရတဲ့အတွက် မြန်မာဖက် တောင်သူလယ်သမားတွေ အတွက်လည်း စိတ်မကောင်းပါဘူး။ တောင်းလည်း တောင်းပန်ပါတယ်။ ဒီနေ့လည်း အဲဒီကိစ္စကို လာတောင်းပန်တာပါ။ တောင်သူလယ်သမားတွေကို နားလည်ပေးဖို့ တောင်းပန်တဲ့စာတွေ လာပေးတာပါ။ ရေရှည်စီမံကိန်းတွေအနေနဲ့လည်း အများကြီးရှိပါတယ်။ အထက်က လူကြီးပိုင်းများက နှစ်နိုင်ငံ အထက်အဆင့်အနေနဲ့ပဲ စာတွေပို့ပြီးတော့ အဲဒါတွေကလည်း နောက်မှသိရမှာ”ဟု နယ်စပ်ချောင်းအား ရေတားပြုလုပ်ထားသည့် ထိုင်းနိုင်ငံ ကော်ချန့်ဒေသမှ အုပ်ချုပ်ရေးမှူး Sukhawit Sanlat က ဖေဖော်ဝါရီလ ၂၂ ရက်က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် ရေတားများပြုလုပ်ထားသည့်နေရာတွင် ပြောသည်။
ထိုင်းလယ်သမားများသည် စိုက်ပျိုးရေအတွက် မယ်ဆိုင်ချောင်းအား ပိတ်ဆို့ရေတားကာ စိုက်ပျိုးရေ ရယူရာတွင် ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေသဖြင့် မြန်မာနှင့် ထိုင်း မြို့နယ်အဆင့် နယ်ခြား ကော်မတီ(TBC)နှင့် မြို့နယ်အဆင့် တာဝန်ရှိသူတို့ ဖေဖော်ဝါရီလ (၂၁) ရက်က အလွတ်သဘော တွေ့ဆုံ ဆွေးနွေးပြီးနောက် ထိုင်းလယ်သမားများ ပြုလုပ်ထားသည့် ရေတားများအား လုံးဝဖယ်ရှားပေးရန် သဘောတူထားခြင်း ဖြစ်သော်လည်း ဖေဖော်ဝါရီလ (၂၂) ရက်တွင် ရေတားအချို့ကိုသာ ထိုင်းလယ်သမား များက ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ဆိုရင် ရေလိုရင် ချောင်းရေကို ရေစုပ်စက်နဲ့တင်တယ်။ သူတို့က အခုလိုလာလုပ်တယ်။ မိုးရာသီဆိုရင် ဒီဘက်ကလယ်တွေ ရေနစ်ပြီလေ။ ဖယ်ပစ်ချင်တယ်။ တာဝန်ရှိသူတွေက တားထားလို့ မလုပ်တာ”ဟု ရေတားများပြုလုပ်ထားသည့် မယ်ဆိုင်ချောင်းဘေး ရန်အောင်မြေရပ်ကွက်မှ တောင်သူတစ်ဦးဖြစ်သည့် ဦးအားသူက ပြောသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ကော်ချန့်ဒေသမှလယ်သမားများက မယ်ဆိုင်ချောင်းအားပိတ်၍ စိုက်ပျိုးရေရယူရန် ကော်ချန့်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ထံ တင်ပြထားပြီး မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများထံ ခွင့်ပြုချက်တောင်းထားသော်လည်း မြန်မာနိုင်ငံမှ ခွင့်ပြုထားခြင်းမရှိကြောင်း သိရသည်။
သတင်း - အင်မိုင်ခ