တာခ်ီလိတ္တြင္ ဖြင့္လွစ္သည့္ S.K.M.M Auto Car Show Room သို႔ ျပည္နယ္၀န္ႀကီး (၃)ဦး တက္ေရာက္

တာခ်ီလိတ္တြင္ ဖြင့္လွစ္သည့္ S.K.M.M Auto Car Show Room သို႔ ျပည္နယ္၀န္ႀကီး (၃)ဦး တက္ေရာက္
ဖေဖော်ဝါရီ 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္တြင္ ေဖေဖၚဝါရီလ (၂၄) ရက္ ညေနပိုင္းက က်င္းပသည့္ S.K.M.M Auto Car Show Room ဖြင့္လွစ္ပြဲသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ ဝန္ႀကီး(၃)ဦး တက္ေရာက္ၾကသည္။

အဆိုပါ ဖြင့္ပြဲသို႔ ျပည္နယ္အစိုးရအဖြဲ႔၀င္မ်ားျဖစ္သည့္ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္း၊ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရဲွန္တစ္လံု၊ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီး ဦးေဆြသိန္းတို႔နွင့္ ဖိတ္ၾကားထားသူမ်ားအား SKMM Co.,Ltd ၏ အမႈေဆာင္ ဒါရိုက္တာ ဦးစိုင္းခမ္းက ေက်းဇူးတင္ စကားေျပာၾကားၿပီး ဂုဏ္ျပဳလက္ေဆာင္မ်ား ေပးအပ္သည္။

ယေန႔ဖြင့္ပြဲမွ ေဖေဖၚဝါရီလကုန္အထိ ကားဝယ္ယူသူမ်ားအား ဘတ္သံုးေသာင္း ေလွ်ာ့ေပးမည္ျဖစ္ၿပီး ဆိုင္ကယ္တစ္စီးကို ယေန႔ ကံစမ္းမဲေဖါက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်တွင် ဖေဖော်ဝါရီလ (၂၄) ရက် ညနေပိုင်းက ကျင်းပသည့် S.K.M.M Auto Car Show Room ဖွင့်လှစ်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး(၃)ဦး တက်ရောက်ကြသည်။

အဆိုပါဖွင့်ပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်များဖြစ်သည့် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဆွေသိန်းတို့နှင့် ဖိတ်ကြားထားသူများအား SKMM Co.,Ltd၏ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းခမ်းက ကျေးဇူးတင် စကားပြောကြားပြီး ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။

ယနေ့ဖွင့်ပွဲမှ ဖေဖော်ဝါရီလကုန်အထိ ကားဝယ်ယူသူများအား ဘတ်သုံးသောင်း လျှော့ပေးမည်ဖြစ်ပြီး ဆိုင်ကယ်တစ်စီးကို ယနေ့ ကံစမ်းမဲဖောက်ပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~