ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕တြင္ေဆာက္လုပ္မည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ကုန္သည္ စက္မႈအသင္း အေဆာက္အဦးေဆာက္လုပ္ရန္ တရုတ္ယြမ္ေငြ(၂)သိန္း လွဴဒါန္းထားသည့္ ယူနန္စီးပြားကူးသန္း အသင္းက အခန္းတစ္ခန္းေတာင္းဆိုထားၿပီး တရုတ္ဘာသာျဖင့္ ဆိုင္းဘုတ္ခ်ိတ္ရန္ ေတာင္းဆိုထားေၾကာင္း သိရသည္။
“ေပးႏိုင္ မေပးႏိုင္ဘူးဆိုတာက ကြ်န္ေတာ္တို႔က ျပန္လည္ေဆြးေႏြးရဦးမွာ။ သူတို႔လာလွဴတုန္းကလည္း ယူနန္စီးပြားကူးသန္းအသင္းအေနနဲ႔ လာလွဴတာမဟုတ္ဘဲ လူမႈေရးအသင္းအေနနဲ႔ လာလွဴေပးထားတဲ့ သေဘာ ျဖစ္တဲ့အတြက္ ဒီရွမ္းေျမာက္မွာ သဘာဝေဘးအႏၱရာယ္တို႔ ဘာတို႔ျဖစ္ခဲ့ရင္ ကြ်န္ေတာ္တို႔နဲ႔ ခ်ိတ္ဆက္လုပ္ ေဆာင္ႏိုင္ဖို႔ ရံုးခန္းေလးထားခ်င္တဲ့ သေဘာပါ။ အၿမဲအသံုးျပဳဖို႔ မဟုတ္ဘဲ သူတို႔လာတဲ့ အခ်ိန္မွာ ခဏအသံုးျပဳဖို႔ ေတာင္းဆိုတဲ့သေဘာပါ”ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္း ကုန္သည္စက္မႈအသင္း ဥကၠဌ ဦးေဒးဗစ္က ေဖေဖၚဝါရီလ (၂၄) ရက္တြင္ ေျပာသည္။
အဆိုပါ ေတာင္းဆိုခ်က္အား လက္ခံႏိုင္ျခင္းရိွ မရိွကို ကုန္သည္စက္မႈအသင္းဝင္မ်ားႏွင့္ ျပန္လည္တိုင္ပင္ ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။
“အခန္းသီးသန္႔ ေပးဖို႔ရာေတာ့ မေပးႏိုင္ဘူးေပါ့။ အလုပ္ကိစၥေပၚလာလို႔ အေထာက္အကူလုပ္ငန္း လုပ္မယ္ဆိုရင္ ယာယီေတာ့ စီစဥ္ေပးႏိုင္ဖို႔ စိတ္ကူးထားပါတယ္။ ကုန္သည္စက္မႈ အဖြဲ႔ဝင္ေတြနဲ႔ တိုင္ပင္ ၿပီးေတာ့ အတည္တက် ဆံုးျဖတ္ႏိုင္ဖို႔လည္း ေဆြးေႏြးတိုင္ပင္သြားမွာပါ”ဟု ဥကၠဌ ဦးေဒးဗစ္က ေျပာသည္။
လားရိႈးၿမိဳ႕ နမ့္ခိုက္ကားကြင္းအတြင္း အသင္းရန္ပံုေငြ က်ပ္သိန္း (၁၅၀၀)ခန္႔ အကုန္က်ခံ၍ ေဆာက္လုပ္ေနသည့္ ကုန္သည္စက္မႈရံုးအေဆာက္အဦးအတြက္ ယူနန္ျပည္နယ္ စီးပြားကူးသန္း ဝန္ႀကီးဌာနမွ ညႊန္ၾကားေရးမွဴး အပါအဝင္ ဌာနတာဝန္ရွိသူမ်ားမွ စီးပြားကူးသန္းအသင္းဖြ႔ဲ အေနျဖင့္မဟုတ္ဘဲ လူမႈေရးအသင္းအေနျဖင့္ ယြမ္(၂) သိန္း လွဴဒါန္းခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။
“သူတို႔ေတာင္းဆိုထားတယ္ဆိုတာ ဟုတ္ပါတယ္။ ကြ်န္ေတာ္တို႔ ဥကၠဌႀကီးကိုေတာ့ ကြ်န္ေတာ္တို႔ တင္ျပထားတယ္။ ေႏွာင္ႀကိဳးမဲ့အေနနဲ႔ ကူညီမယ္ဆိုရင္ေတာ့ သေဘာတူပါတယ္။ အပိုင္ သေဘာမ်ိဳးဆိုရင္ေတာ့ ကုန္သည္စက္မႈ အသင္းဝင္ေတြအေနနဲ႔ သိပ္သေဘာ မတူၾကပါဘူး။ အဲဒီအတြက္ အတည္တက် ဆံုးျဖတ္တာမ်ိဳးေတာ့ အသင္းအေန နဲ႔ မလုပ္ရေသးပါဘူး။ မေန႔က လုပ္တဲ့အစည္းအေဝးမွာ သူတို႔က တရုတ္လိုေျပာၿပီး ဒီဘက္ကေန ဘာသာ ျပန္နဲ႔ျပန္ေျပာေပးတာဆိုေတာ့ ကြ်န္ေတာ္တို႔လည္း ေလာေလာဆယ္ ဒီေလာက္ပဲ နားလည္ထားပါတယ္။ အတည္တက် ေတာ့ မဆံုးျဖတ္ရေသးပါဘူး” ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္း ကုန္သည္စက္မႈအသင္း၏ ဒုဥကၠဌျဖစ္သူ ဦးစိုင္းဆာထြန္းက ေျပာသည္။
အဆိိုပါ ေတာင္းဆိုမႈႏွင့္ ပတ္သက္၍ ကုန္သည္စက္မႈအသင္းမွ အဖြဲ႔ဝင္မ်ားက လက္ခံလိုျခင္းမရိွဘဲ တရုတ္အဖြဲ႕အေနျဖင့္ လိုအပ္သည့္အခ်ိန္တြင္ အခန္းအား ယာယီအသံုးျပဳခြင့္ကိုသာ ေပးလိုေၾကာင္း သိရသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း ကုန္သည္စက္မႈအသင္းအေဆာက္အအံု ပႏၷက္ရိုက္မဂၤလာအခမ္းအနားကို ေဖေဖၚဝါရီလ (၇) ရက္ေန႔က ျပဳလုပ္ခဲ့ရာ ကုန္သည္စက္မႈဥကၠဌဦးေဒးဗစ္ႏွင့္ အလုပ္အမႈေဆာင္မ်ား၊ လားရိႈးကုန္စည္ဒိုင္မွ အလုပ္အမႈေဆာင္မ်ားႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
“ပေးနိုင် မပေးနိုင်ဘူးဆိုတာက ကျွန်တော်တို့က ပြန်လည်ဆွေးနွေးရဦးမှာ။ သူတို့လာလှူတုန်းကလည်း ယူနန်စီးပွားကူးသန်းအသင်းအနေနဲ့ လာလှူတာမဟုတ်ဘဲ လူမှုရေးအသင်းအနေနဲ့ လာလှူပေးထားတဲ့ သဘော ဖြစ်တဲ့အတွက် ဒီရှမ်းမြောက်မှာ သဘာဝဘေးအန္တရာယ်တို့ ဘာတို့ဖြစ်ခဲ့ရင် ကျွန်တော်တို့နဲ့ ချိတ်ဆက်လုပ် ဆောင်နိုင်ဖို့ ရုံးခန်းလေးထားချင်တဲ့ သဘောပါ။ အမြဲအသုံးပြုဖို့ မဟုတ်ဘဲ သူတို့လာတဲ့ အချိန်မှာ ခဏအသုံးပြုဖို့ တောင်းဆိုတဲ့သဘောပါ”ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သည်စက်မှုအသင်း ဥက္ကဌ ဦးဒေးဗစ်က ဖေဖော်ဝါရီလ (၂၄) ရက်တွင် ပြောသည်။
အဆိုပါ တောင်းဆိုချက်အား လက်ခံနိုင်ခြင်းရှိ မရှိကို ကုန်သည်စက်မှုအသင်းဝင်များနှင့် ပြန်လည်တိုင်ပင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
“အခန်းသီးသန့် ပေးဖို့ရာတော့ မပေးနိုင်ဘူးပေါ့။ အလုပ်ကိစ္စပေါ်လာလို့ အထောက်အကူလုပ်ငန်း လုပ်မယ်ဆိုရင် ယာယီတော့ စီစဉ်ပေးနိုင်ဖို့ စိတ်ကူးထားပါတယ်။ ကုန်သည်စက်မှု အဖွဲ့ဝင်တွေနဲ့ တိုင်ပင် ပြီးတော့ အတည်တကျ ဆုံးဖြတ်နိုင်ဖို့လည်း ဆွေးနွေးတိုင်ပင်သွားမှာပါ”ဟု ဥက္ကဌ ဦးဒေးဗစ်က ပြောသည်။
လားရှိုးမြို့ နမ့်ခိုက်ကားကွင်းအတွင်း အသင်းရန်ပုံငွေ ကျပ်သိန်း (၁၅၀၀)ခန့် အကုန်ကျခံ၍ ဆောက်လုပ်နေသည့် ကုန်သည်စက်မှုရုံးအဆောက်အဦးအတွက် ယူနန်ပြည်နယ် စီးပွားကူးသန်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး အပါအဝင် ဌာနတာဝန်ရှိသူများမှ စီးပွားကူးသန်းအသင်းဖွဲ့ အနဖြေင့်မဟုတ်ဘဲ လူမှုရေးအသင်းအနဖြေင့် ယွမ်(၂) သိန်း လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“သူတို့တောင်းဆိုထားတယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဥက္ကဌကြီးကိုတော့ ကျွန်တော်တို့ တင်ပြထားတယ်။ နှောင်ကြိုးမဲ့အနေနဲ့ ကူညီမယ်ဆိုရင်တော့ သဘောတူပါတယ်။ အပိုင် သဘောမျိုးဆိုရင်တော့ ကုန်သည်စက်မှု အသင်းဝင်တွေအနေနဲ့ သိပ်သဘော မတူကြပါဘူး။ အဲဒီအတွက် အတည်တကျ ဆုံးဖြတ်တာမျိုးတော့ အသင်းအနေ နဲ့ မလုပ်ရသေးပါဘူး။ မနေ့က လုပ်တဲ့အစည်းအဝေးမှာ သူတို့က တရုတ်လိုပြောပြီး ဒီဘက်ကနေ ဘာသာ ပြန်နဲ့ပြန်ပြောပေးတာဆိုတော့ ကျွန်တော်တို့လည်း လောလောဆယ် ဒီလောက်ပဲ နားလည်ထားပါတယ်။ အတည်တကျ တော့ မဆုံးဖြတ်ရသေးပါဘူး” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သည်စက်မှုအသင်း၏ ဒုဥက္ကဌဖြစ်သူ ဦးစိုင်းဆာထွန်းက ပြောသည်။
အဆိုပါ တောင်းဆိုမှုနှင့် ပတ်သက်၍ ကုန်သည်စက်မှုအသင်းမှ အဖွဲ့ဝင်များက လက်ခံလိုခြင်းမရှိဘဲ တရုတ်အဖွဲ့အနဖြေင့် လိုအပ်သည့်အချိန်တွင် အခန်းအား ယာယီအသုံးပြုခွင့်ကိုသာ ပေးလိုကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သည်စက်မှုအသင်းအဆောက်အအုံ ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ (၇) ရက်နေ့က ပြုလုပ်ခဲ့ရာ ကုန်သည်စက်မှုဥက္ကဌဦးဒေးဗစ်နှင့် အလုပ်အမှုဆောင်များ၊ လားရှိုးကုန်စည်ဒိုင်မှ အလုပ်အမှုဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်