ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ နှစ်အလိုက်ရရှိသည့် ဘဏ္ဍာငွေမှာ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် ကျပ်သိန်းပေါင်း (၅၀၀၀)ပိုရလာကြောင်း သိရသည်။
သတင်း - နိုနို
“ရလာတဲ့ ငွေတွေထဲကနေ (၅၀) ရာခိုင်နှုန်းကလမ်း၊ တံတားက (၄၅) ရာခိုင်နှုန်း၊ ရေဝရေလဲက (၅) ရာခိုင်နှုန်း အသုံးပြုပါတယ်။ သာမန်လုပ်ငန်းက လမ်းပေါက်ဖာတာတွေ၊ တခြားလုပ်ငန်းတွေ အသုံးပြုတယ်။ တစ်နှစ်ကို လမ်းတံတား ဘယ်လောက် ဆောက်လုပ်နိုင်တယ်ဆိုတာ အတိအကျ မပြောနိင်ဘူး။ နောက်နှစ်ဆိုရင် လုပ်ငန်းတိုးချဲ့တာတွေကတော့ (၅) ရာခိုင်နှုန်း စီတိုးလာမှာပါ။ လမ်းဆိုရင်လည်း သွားမရအောင် ဖြစ်နေတဲ့ လမ်းတွေတော့ မရှိပါဘူး။ အစိုးရငွေနဲ့ လုပ်ရတာလည်း မဟုတ်ပါဘူး။ စည်ပင်ကရလာတဲ့ငွေနဲ့ပဲ ခင်းတာပါ။ တောင်ကြီးမှာက မြို့ကျယ်တော့ အခွန်ရတာများလို့ လမ်းတံတားတွေ ပြုပြင်နိုင်တယ်။ တခြားမြို့ ငယ်တွေဆို လိုအပ်တာတွေအများကြီးပဲ။ ရလာတဲ့ ငွေထဲကနေ ဝန်ထမ်းလစာ၊ လုပ်ငန်းစရိတ်၊ ရေပေးရေး၊ သန့်ရှင်းရေးစတာတွေကို စည်ပင်ငွေနဲ့ အကုန်လုပ်တာပါ” ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက ပြောသည်။
၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ်သိန်းပေါင်း (၁၈,ဝဝဝ)ရရှိခဲ့ပြီး၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် လျာထားဘဏ္ဍာငွေမှာ ကျပ်သိန်းပေါင်း (၂၀,ဝဝဝ)ဖြစ်သော်လည်း အမှန်တကယ်ရရှိငွေမှာ ကျပ်သိန်းပေါင်း (၂၃,ဝဝဝ)ဖြစ်ကြောင်း၎င်းထံမှ သိရသည်။
"ကျွန်တော်တို့ စည်ပင်အနေနဲ့လည်း ရေဝေရေလဲစနစ်ကိုလည်း မီတာနဲ့ စိစစ်တာ လုပ်နေပါတယ်။ အခု လုပ်နေတာကတော့ သစ်တောနဲ့ဘုရားဖြူမှာ ရေဝရေလဲလုပ်နေပါတယ်။ တောင်ကြီးက (၂၂) ရပ်ကွက်မှာ ရေမပေးနိုင်တာက (၂) ရပ်ကွက်ရှိတယ်။ အဲဒါက ဘယ်လိုမှ အဆင်မပြေနိုင်တဲ့ တောင်ကြားထဲမှာ ရှိတဲ့ ကျောင်းကြီးစု၊ ကံကြီးရပ်ကွက်တွေမှာ မပေးနိုင်ဘူး။ ဒါတွေကလည်း တိုးချဲ့တဲ့ ရပ်ကွက်တွေပါ။ ကံကြီးကတော့ ရေရှိပါတယ်။ တောင်ကြီးမှာတော့ ရေဝေရေလဲကို (၇၅) ရာခိုင်နှုန်းလောက်ပေးနိုင်တယ်” ဟု ဦးအေးကိုက ပြောသည်။
အခွန်ဘဏ္ဍာငွေ အများဆုံးရသော နေရာများမှာ အခွင့်အရေးလိုင်စင်၊ ဈေးကောက်၊ ယာဉ်ရပ်နားခ၊ သားသတ် လုပ်ငန်း၊ စီးပွားရေးလိုင်စင်၊ စီးပွားရေးကြော်ငြာ အပြင် အထပ်မြင့် အဆောက်အဦး ခွင့်ပြုချက်အတွက် စစ်ဆေးမှုမှ (၁) ရာခိုင်နှုန်းရရှိကြောင်း သိရသည်။
သတင်း - နိုနို