မေကြးတိုင္းေဒသႀကီး မင္းဘူးခရိုင္မွ ကုလားပဲသီးႏွံမ်ားတြင္ က်ေရာက္တတ္သည့္ သီးလုုံးေဖာက္ပိုးအား ကာကြယ္ရန္ ဥကပ္ပါးနက်ယ္ေကာင္ သိန္း(၄၀)ကို စိုက္ခင္းမ်ားတြင္ လႊတ္ထားေၾကာင္း မင္းဘူးခရိုင္ စိုက္ပ်ိဳးေရးဦးစီးဌာနထံမွ သိရသည္။
"ကုလားပဲစိုက္ခင္းမွာ က်ေရာက္တတ္တဲ့ ကုလားပဲသီးလုံးေဖာက္ပိုးရဲ႕ ဥေတြကို ဥကပ္ပါးနက်ယ္ေကာင္ ေတြကသာ ပိုးကိုပိုးခ်င္း ထိေရာက္ေအာင္ ကာကြယ္ႏိုင္တယ္။ အဲဒီ ဥကပ္ပါးနက်ယ္ေကာင္ေတြ မေသေအာင္ စနစ္တက် ေနကာေပးရပါတယ္။ ဒီနည္းေတြကို ေတာင္သူေတြ အေသးစိတ္ သိရွိေအာင္လည္း ကိုယ္တိုင္ ကိုယ္က်လုပ္ျပၿပီး ေဆြးေႏြးေပးရပါတယ္”ဟု မင္းဘူး ခရိုင္စိုက္ပ်ိဳးေရး ဦးစီးဌာနမွ သီးႏွံကာကြယ္တာဝန္ခံ ဦးသိန္းဝင္းက ေျပာသည္။
အဆိုပါ ဥကပ္ပါးနက်ယ္ေကာင္မ်ားကို မင္းဘူးၿမိဳ႕နယ္ ဥယ်ာဥ္ေက်းရြာမွ ကုလားပဲစိုက္ခင္း ဧက (၃၀) ၊ ပြင့္ျဖဴ ၿမိဳ႕နယ္ ရြာသာႀကီးေက်းရြာမွ ကုလားပဲစိုက္ခင္းဧက (၄၀)၊ စလင္းၿမိဳ႕နယ္ ကံဆြယ္ေက်းရြာမွ စိုက္ခင္း ဧက (၃၀)တို႔တြင္ ပိုးမ်ားလႊတ္ေပးထားျခင္းျဖစ္ေၾကာင္း မင္းဘူး ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာန တာဝန္ရိွသူထံမွ သိရသည္။
ဥ ကပ္ပါးနက်ယ္ေကာင္မ်ားအေၾကာင္းကို မႏၲေလးတိုင္းေဒသႀကီး ပုလိပ္ၿမိဳ႕ဇီဝဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ေဒၚရီရီဝင္းႏွင့္ မေကြးတိုင္းေဒသႀကီး စိုက္ပ်ိဳးဦးစီးဌာန တိုင္းေဒသႀကီးေျမအသုံးခ်ေရး၊ တိုင္းေဒသႀကီးမ်ိဳးေစ့တာဝန္ခံႏွင့္ မင္းဘူးခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာနတို႔မွ တာဝန္ရွိသူမ်ားက ေတာင္သူမ်ားအား ေဆြးေႏြးပညာေပးျခင္း ေဆာင္ရြက္ေပးထားေၾကာင္း သိရသည္။
သတင္း - #ဖီးနစ္
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်မှ ကုလားပဲသီးနှံများတွင် ကျရောက်တတ်သည့် သီးလုံးဖောက်ပိုးအား ကာကွယ်ရန် ဥကပ်ပါးနကျယ်ကောင် သိန်း(၄၀)ကို စိုက်ခင်းများတွင် လွှတ်ထားကြောင်း မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
"ကုလားပဲစိုက်ခင်းမှာ ကျရောက်တတ်တဲ့ ကုလားပဲသီးလုံးဖောက်ပိုးရဲ့ ဥတွေကို ဥကပ်ပါးနကျယ်ကောင် တွေကသာ ပိုးကိုပိုးချင်း ထိရောက်အောင် ကာကွယ်နိုင်တယ်။ အဲဒီ ဥကပ်ပါးနကျယ်ကောင်တွေ မသေအောင် စနစ်တကျ နေကာပေးရပါတယ်။ ဒီနည်းတွေကို တောင်သူတွေ အသေးစိတ် သိရှိအောင်လည်း ကိုယ်တိုင် ကိုယ်ကျလုပ်ပြပြီး ဆွေးနွေးပေးရပါတယ်”ဟု မင်းဘူး ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သီးနှံကာကွယ်တာဝန်ခံ ဦးသိန်းဝင်းက ပြောသည်။
အဆိုပါ ဥကပ်ပါးနကျယ်ကောင်များကို မင်းဘူးမြို့နယ် ဥယျာဉ်ကျေးရွာမှ ကုလားပဲစိုက်ခင်း ဧက (၃၀)၊ ပွင့်ဖြူ မြို့နယ် ရွာသာကြီးကျေးရွာမှ ကုလားပဲစိုက်ခင်းဧက (၄၀)၊ စလင်းမြို့နယ် ကံဆွယ်ကျေးရွာမှ စိုက်ခင်း ဧက (၃၀)တို့တွင် ပိုးများလွှတ်ပေးထားခြင်းဖြစ်ကြောင်း မင်းဘူး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
ဥ ကပ်ပါးနကျယ်ကောင်များအကြောင်းကို မန္တလေးတိုင်းဒေသကြီး ပုလိပ်မြို့ဇီဝဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းနှင့် မကွေးတိုင်းဒေသကြီး စိုက်ပျိုးဦးစီးဌာန တိုင်းဒေသကြီးမြေအသုံးချရေး၊ တိုင်းဒေသကြီးမျိုးစေ့တာဝန်ခံနှင့် မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက တောင်သူများအား ဆွေးနွေးပညာပေးခြင်း ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်း - #ဖီးနစ်