ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ဆုိင္ကယ္မ်ားအား မတ္လ (၁) ရက္ေန႔မွစ၍ ေဒသမွတ္ပံုတင္ေပးေတာ့မည္

ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ဆုိင္ကယ္မ်ားအား မတ္လ (၁) ရက္ေန႔မွစ၍ ေဒသမွတ္ပံုတင္ေပးေတာ့မည္
ဖေဖော်ဝါရီ 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း မွတ္ပံုတင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္မ်ားအား ၂၀၁၇ခုႏွစ္ မတ္လ (၁) ရက္ေန႔မွစ၍ ေဒသလုိင္စင္မ်ား ေဆာင္ရြက္ေပးသြားေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။

“ဒါကလည္း အရင္ကလည္း လုပ္ခဲ့ဖူးပါတယ္။ အစီအစဥ္က ေကာင္းပါတယ္။ ေဒသမွာက အျခားေသာ နည္းျဖင့္ နည္းေပါင္းစံုနဲ႔ေရာက္လာတဲ့ ဆုိင္ကယ္ေတြက မ်ားတယ္။ ဒီဆိုင္ကယ္ေတြစီးၿပီးေတာ့ ယာဥ္တုိက္မႈ ျဖစ္တယ္၊ တစ္ခုခုျဖစ္တယ္ဆိုရင္ ဘယ္သူက ပိုင္ရွင္မွန္း မသိျဖစ္တယ္။ စီးတဲ့ သူေတြကလည္း လိုင္စင္ လုပ္ရမယ္ဆိုတာ အသိအားနည္းတဲ့ အခါ ဒီလိုဆိုင္ကယ္မ်ိဳးကို ဝယ္စီးမိတယ္ေပါ့။ ျဖစ္လာမယ့္ အက်ဳိးဆက္ေတြကို မသိဘူး။ ျဖစ္သြားေတာ့မွ အေကာက္ခြန္ဥပေဒကအစ အေရးယူခံရေတာ့ စီးနင္းသူလည္း မေကာင္းဘူး။ ႏုိင္ငံအတြက္လည္း မေကာင္းဘူး။ ဒီလို လုပ္ေပးျခင္းအားျဖင့္ ႏုိင္ငံ့ အတြက္လည္း ဝင္ေငြရတယ္။ စီးနင္းသူ အတြက္လည္း လံုၿခံဳစိတ္ခ်စြာ စီးနင္းႏုိင္တာေၾကာင့္ ေကာင္းမြန္တဲ့ အစီအစဥ္ျဖစ္ပါတယ္”ဟု တာခ်ီလိတ္ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး၊ ညႊန္ၾကားေရးမွဴး ဦးတင္ဝင္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေဖေဖာ္၀ါရီလ(၂၄)ရက္ေန႔ ေန႔လယ္ပိုင္းက ေျပာၾကားလိုက္သည္။

ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနက ရွမ္းျပည္နယ္အတြင္း မွတ္ပံုတင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္မ်ားအား မွတ္ပံုတင္ေပးေရး စီမံခ်က္ကို ၂၀၁၇ ခုႏွစ္ မတ္လ (၁) ရက္ေန႔မွစတင္၍ One Sotp Service စနစ္ျဖင့္ ခရိုင္ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနရံုးတြင္ အပတ္စဥ္ ဗုဒၶဟူးေန႔တုိင္း လက္ခံေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါညႊန္ၾကားခ်က္အား ရွမ္းျပည္နယ္အစုိးရအဖြဲ႔မွ ေဖေဖၚဝါရီလ (၂၄) ရက္တြင္ ျပည္နယ္အတြင္း သက္ဆုိင္ရာဌာနမ်ားသို႔ ေပးပို႔ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား ၂၀၁၇ခုနှစ် မတ်လ (၁) ရက်နေ့မှစ၍ ဒေသလိုင်စင်များ ဆောင်ရွက်ပေးသွားတော့မည် ဖြစ်ကြောင်း သိရသည်။

“ဒါကလည်း အရင်ကလည်း လုပ်ခဲ့ဖူးပါတယ်။ အစီအစဉ်က ကောင်းပါတယ်။ ဒေသမှာက အခြားသော နည်းဖြင့် နည်းပေါင်းစုံနဲ့ရောက်လာတဲ့ ဆိုင်ကယ်တွေက များတယ်။ ဒီဆိုင်ကယ်တွေစီးပြီးတော့ ယာဉ်တိုက်မှု ဖြစ်တယ်၊ တစ်ခုခုဖြစ်တယ်ဆိုရင် ဘယ်သူက ပိုင်ရှင်မှန်း မသိဖြစ်တယ်။ စီးတဲ့ သူတွေကလည်း လိုင်စင် လုပ်ရမယ်ဆိုတာ အသိအားနည်းတဲ့ အခါ ဒီလိုဆိုင်ကယ်မျိုးကို ဝယ်စီးမိတယ်ပေါ့။ ဖြစ်လာမယ့် အကျိုးဆက်တွေကို မသိဘူး။ ဖြစ်သွားတော့မှ အကောက်ခွန်ဥပဒေကအစ အရေးယူခံရတော့ စီးနင်းသူလည်း မကောင်းဘူး။ နိုင်ငံအတွက်လည်း မကောင်းဘူး။ ဒီလို လုပ်ပေးခြင်းအားဖြင့် နိုင်ငံ့ အတွက်လည်း ဝင်ငွေရတယ်။ စီးနင်းသူ အတွက်လည်း လုံခြုံစိတ်ချစွာ စီးနင်းနိုင်တာကြောင့် ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ပါတယ်”ဟု တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ နေ့လယ်ပိုင်းက ပြောကြားလိုက်သည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ရှမ်းပြည်နယ်အတွင်း မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပေးရေး စီမံချက်ကို ၂၀၁၇ ခုနှစ် မတ်လ (၁) ရက်နေ့မှစတင်၍ One Sotp Service စနစ်ဖြင့် ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~