သံုးထပ္ခြဲအထက္ အေဆာက္အဦးမ်ား တည္ေဆာက္ခြင့္ ျပည္နယ္အစိုးရထံ တင္ျပရမည္

သံုးထပ္ခြဲအထက္ အေဆာက္အဦးမ်ား တည္ေဆာက္ခြင့္ ျပည္နယ္အစိုးရထံ တင္ျပရမည္
ဖေဖော်ဝါရီ 28, 2017
By Tachileik News Agency
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕တြင္ သံုးထပ္ခြဲအထိ အထပ္ျမင့္ အေဆာက္အဦးမ်ားကိုသာ  စည္ပင္သာယာေရးဌာနမွ ခြင့္ျပဳၿပီး သတ္မွတ္ခ်က္ထက္ ေက်ာ္လြန္ပါက ရွမ္းျပည္နယ္ အစိုးထံသို႔ တင္ျပရမည္ ျဖစ္ေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ သိရသည္။
“သံုးထပ္ခြဲထက္ ေက်ာ္လြန္ရင္ေတာ့ ကၽြန္ေတာ္တို႔ ရွမ္းျပည္နယ္အစိုးရကို တင္ျပရပါမယ္။ ကၽြန္ေတာ္တို႔ ခြင့္ျပဳခ်က္ေပးႏိုင္တဲ့ အေဆာက္အဦး ေဆာက္လုပ္ခြင့္ကို ရွစ္ထပ္ခြဲအထိပဲ ခြင့္ျပဳထားပါတယ္။ ရွစ္ထပ္ခြဲ ထက္ျမင့္တဲ့ အေဆာက္အဦးကေတာ့ အထက္ကို တင္ရတယ္”ဟု ရွမ္းျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညြန္႔လြင္က ေျပာသည္။
သံုးထပ္ခြဲထက္ ေက်ာ္လြန္သည့္ အေဆာက္အဦး တည္ေဆာက္ခြင့္ကို ရွမ္းျပည္နယ္အစိုးရထံသို႔ တင္ျပသြားၿပီး ၿမိဳ႕ျပ စိစစ္ေရးေကာ္မတီမွ သေဘာထား မွတ္ခ်က္ျဖင့္ ခြင့္ျပဳသြားမည္ ျဖစ္ေၾကာင္း သိရသည္။
“အေဆာက္အဦး ေဆာက္လုပ္ခြင့္ကေတာ့ စည္ပင္က ခြင့္ျပဳတာျဖစ္တယ္။ သံုးထပ္ခြဲထက္ေက်ာ္ရင္ ရွမ္းျပည္နယ္ အ စိုးရအဖြဲ႔ကို တင္ျပပါတယ္။ ၿမိဳ႕ျပ စိစစ္ေရး ေကာ္မတီဆိုတဲ့ အဖြဲ႕ကေန ခြင့္ျပဳၿပီးမွ ျပန္က်လာမွ ကၽြန္ေတာ္တို႔ စည္ ပင္ကေန ခ်ေပးတယ္။ ႏွစ္ထပ္ခြဲေအာက္ ဆိုရင္ေတာ့ ၿမိဳ႕နယ္ ေကာ္မတီမွာ လုပ္လည္းရတယ္။ ရွစ္ထပ္ (သို႕) ေပ (၁၀၀) ထက္ျမင့္ရင္ေတာ့ ျမန္မာနိုင္ငံ အထပ္ျမင့္ ေကာင္စီမွာတင္ၿပီး သေဘာထား ေတာင္းရတယ္။ ရွမ္းျပည္နယ္ အစိုးရကေန ခြင့္ျပဳခ်က္ ေပးတာကေတာ့ ရွစ္ထပ္ခြဲပါ။ တရား၀င္ခြင့္ျပဳၿပီးမွ ေဆာက္လုပ္ခြင့္ရမွာပါ။ ပတ္၀န္းက်င္ကိုလည္း စိစစ္ရတယ္။ ဥပမာ ေနရာ အေနအထား အရ ရွစ္ထပ္ေဆာက္လုပ္ခြင့္ တင္ထားတယ္ဆိုရင္ ေနရာျပန္ၾကည့္သံုးသပ္တဲ့ အခါမွာ ေျမေနရာၾကည့္ၿပီးေတာ့ ေဆာက္လုပ္ခြင့္ သံုးထပ္သာ ေပးရပါတယ္”ဟု ၿမိဳ႕နယ္ စည္ပင္သာယာေရး ဌာနမွ အမႈေဆာင္အရာရွိ ဦးေအးကိုက ေျပာသည္။
အထပ္ျမင့္ အေဆာက္အဦးမ်ား ေဆာက္လုပ္ခြင့္ စစ္ေဆးရာတြင္ ငလ်င္ဒဏ္ခံႏိုင္ရည္ ရိွမရိွကိုပါ စနစ္တက် စစ္ေဆး ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် သုံးထပ်ခွဲအထိ အထပ်မြင့် အဆောက်အဦးများကိုသာ စည်ပင်သာယာရေးဌာနမှ ခွင့်ပြုပြီး သတ်မှတ်ချက်ထက် ကျော်လွန်ပါက ရှမ်းပြည်နယ် အစိုးထံသို့ တင်ပြရမည် ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။

“သုံးထပ်ခွဲထက် ကျော်လွန်ရင်တော့ ကျွန်တော်တို့ ရှမ်းပြည်နယ်အစိုးရကို တင်ပြရပါမယ်။ ကျွန်တော်တို့ ခွင့်ပြုချက်ပေးနိုင်တဲ့ အဆောက်အဦး ဆောက်လုပ်ခွင့်ကို ရှစ်ထပ်ခွဲအထိပဲ ခွင့်ပြုထားပါတယ်။ ရှစ်ထပ်ခွဲ ထက်မြင့်တဲ့ အဆောက်အဦးကတော့ အထက်ကို တင်ရတယ်”ဟု ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

သုံးထပ်ခွဲထက် ကျော်လွန်သည့် အဆောက်အဦး တည်ဆောက်ခွင့်ကို ရှမ်းပြည်နယ်အစိုးရထံသို့ တင်ပြသွားပြီး မြို့ပြ စိစစ်ရေးကော်မတီမှ သဘောထား မှတ်ချက်ဖြင့် ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

“အဆောက်အဦး ဆောက်လုပ်ခွင့်ကတော့ စည်ပင်က ခွင့်ပြုတာဖြစ်တယ်။ သုံးထပ်ခွဲထက်ကျော်ရင် ရှမ်းပြည်နယ် အ စိုးရအဖွဲ့ကို တင်ပြပါတယ်။ မြို့ပြ စိစစ်ရေး ကော်မတီဆိုတဲ့ အဖွဲ့ကနေ ခွင့်ပြုပြီးမှ ပြန်ကျလာမှ ကျွန်တော်တို့ စည် ပင်ကနေ ချပေးတယ်။ နှစ်ထပ်ခွဲအောက် ဆိုရင်တော့ မြို့နယ် ကော်မတီမှာ လုပ်လည်းရတယ်။ ရှစ်ထပ် (သို့) ပေ (၁၀၀) ထက်မြင့်ရင်တော့ မြန်မာနိုင်ငံ အထပ်မြင့် ကောင်စီမှာတင်ပြီး သဘောထား တောင်းရတယ်။ ရှမ်းပြည်နယ် အစိုးရကနေ ခွင့်ပြုချက် ပေးတာကတော့ ရှစ်ထပ်ခွဲပါ။ တရားဝင်ခွင့်ပြုပြီးမှ ဆောက်လုပ်ခွင့်ရမှာပါ။ ပတ်ဝန်းကျင်ကိုလည်း စိစစ်ရတယ်။ ဥပမာ နေရာ အနေအထား အရ ရှစ်ထပ်ဆောက်လုပ်ခွင့် တင်ထားတယ်ဆိုရင် နေရာပြန်ကြည့်သုံးသပ်တဲ့ အခါမှာ မြေနေရာကြည့်ပြီးတော့ ဆောက်လုပ်ခွင့် သုံးထပ်သာ ပေးရပါတယ်”ဟု မြို့နယ် စည်ပင်သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက ပြောသည်။

အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ်ခွင့် စစ်ဆေးရာတွင် ငလျင်ဒဏ်ခံနိုင်ရည် ရှိမရှိကိုပါ စနစ်တကျ စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~