ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် မတ်လ (၅) ရက်နေ့မှစ၍ ရွှေ့ပြောင်းမည့် ဘာသာပေါင်းစုံ တောင်သုသာန်မှ တရုတ်သင်္ချိုင်းရွှေ့ပြောင်းရန် အချိန်သုံးနှစ် ထပ်ဆောင်းပေးထားရကြောင်း သိရသည်။
သုဿန်ဟောင်းမှာ လူနေရပ်ကွက်နှင့် နီးကပ်နေသဖြင့် ကျောက်မဲ - မိုးကုတ်လမ်းဘေး အမှတ်(၉)ရပ်ကွက် ပိန္နဲကုန်းကျေးရွာအုပ်စုရှိ မြေနေရာ (၂၅)ဧကတွင် တည်ဆောက်ထားသည့် မီးသဂြုင်္ိလ်စက်သို့ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း သိရသည်။
အသစ်စတင် အသုံးပြုမည့် သင်္ချိုင်းမြေနေရာတွင် စုစုပေါင်းမြေ (၂၅)ဧက ပါဝင်မည်ဖြစ်ပြီး မြန်မာသုသာန် အတွက် (၈) ဧက၊ တရုတ် (၆.၂၃) ဧက၊ အစ္စလာမ် (၃.၉၉) ဧက၊ ခရစ်ယာန် (၂ )ဧကနှင့် ဟိန္နူ(၁)ဧက ပါဝင်မည်ဖြစ်ပြီး မီးသဂြုင်္ိလ်စက်နှင့် ရေတွင်းရေကန်များ ထရန်စဖော်မာများထားရှိရန် အတွက် (၃.၇) ဧကပါဝင်ကာ လမ်း ဧရိယာများနှင့် သပ်ရပ်လှပစနစ်တကျရှိစေရန် လုပ်ဆောင်ပေးနေကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ = နေဖြိုးမြင့်
အဆိုပါ သုဿန်မှ ဗုဒ္ဓဘာသာ၊ မွတ်စလင်၊ ခရစ်ယာန်သင်္ချိုင်းများအား ရွှေ့ရန်အချိန် တစ်နှစ် ပေးမည်ဖြစ်ပြီး တရုတ်သင်္ချိုင်းမှာ အုတ်ဂူများ ခိုင်မာစွာ ပြုလုပ်ထားခြင်းကြောင့် ၂၀၂၀ ခုနှစ်အထိ အချိန် (၃) နှစ်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။
သုဿန်ဟောင်းမှာ လူနေရပ်ကွက်နှင့် နီးကပ်နေသဖြင့် ကျောက်မဲ - မိုးကုတ်လမ်းဘေး အမှတ်(၉)ရပ်ကွက် ပိန္နဲကုန်းကျေးရွာအုပ်စုရှိ မြေနေရာ (၂၅)ဧကတွင် တည်ဆောက်ထားသည့် မီးသင်္ဂြိုလ်စက်သို့ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း သိရသည်။
“သုသာန်အသစ်မှာလည်း စနစ်တကျမြုပ်နှံဖို့ ကွန်ဒိုလိုင်း တွေဖော်ပြီးတော့ ဆောင်ရွက်နေ ပါတယ်။ သင်္ချိုင်းဟောင်းကိုတော့ မတ်လ(၅) ရက်နေ့ကနေ စတင် ပြောင်းရွှေ့မှာဖြစ်ပါတယ်”ဟု ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
အသစ်စတင် အသုံးပြုမည့် သင်္ချိုင်းမြေနေရာတွင် စုစုပေါင်းမြေ (၂၅)ဧက ပါဝင်မည်ဖြစ်ပြီး မြန်မာသုသာန် အတွက် (၈) ဧက၊ တရုတ် (၆.၂၃) ဧက၊ အစ္စလာမ် (၃.၉၉) ဧက၊ ခရစ်ယာန် (၂ )ဧကနှင့် ဟိန္နူ(၁)ဧက ပါဝင်မည်ဖြစ်ပြီး မီးသင်္ဂြိုလ်စက်နှင့် ရေတွင်းရေကန်များ ထရန်စဖော်မာများထားရှိရန် အတွက် (၃.၇) ဧကပါဝင်ကာ လမ်း ဧရိယာများနှင့် သပ်ရပ်လှပစနစ်တကျရှိစေရန် လုပ်ဆောင်ပေးနေကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ = နဖြေိုးမြင့်