ရှမ်းမြောက်တွင် ဆီတင်တွဲနှင့် ကုန်တင်ယာဉ်တိုက်မိ၍ ယာဉ်ကြောပိတ်ဆို့နေသည့် ယာဉ်များအား အလှည့်ကျ လွှတ်ပေးခဲ့ရ

ရှမ်းမြောက်တွင် ဆီတင်တွဲနှင့် ကုန်တင်ယာဉ်တိုက်မိ၍ ယာဉ်ကြောပိတ်ဆို့နေသည့် ယာဉ်များအား အလှည့်ကျ လွှတ်ပေးခဲ့ရ
ဖေဖော်ဝါရီ 28, 2017
By Tachileik News Agency


ပြည်ထောင်စုလမ်းမ အဆိုပါ နေရာတွင် ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ နေ့လယ် (၁၂)နာရီခန့်တွင် ဆီတင်တွဲကားနှင့် ကုန်တင်တွဲ ကားနှစ်စီး တိုက်မိသဖြင့် ယာဉ်ကြော ပိတ်ဆို့နေခြင်းအား ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူများက ရှင်းလင်းနေကြရာ ညနေ (၄)နာရီကျော်တွင် လမ်းစတင် ရှင်းလင်း နိုင်ခဲ့ကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတွင် သီပေါမြို့ ပန်စောက်ကျေးရွာနှင့် ဆွတ်လန်း ကျေးရွာအကြား ဆီတင်တွဲကားနှင့် ကုန်တင်ယာဉ် တိုက်မိသဖြင့် နေ့လယ် (၁၂)နာရီကတည်းက ပိတ်ဆို့ နေသည့် လမ်းမှာ ညနေ(၆)နာရီတွင် လမ်းလုံးဝ ရှင်းလိုက်နိုင်ကြောင်း သိရသည်။

“အခု လမ်းကြောကို တဖက်စီ အလှည့်ကျ လွှတ်ပေးနေပါတယ်”ဟု အခင်းဖြစ်နေရာတွင် ရောက်နေသည့် နယ်စည်းမခြားပရဟိတအသင်း(သီပေါ)မှ ကိုမျိုးက ပြောသည်။

ပြည်ထောင်စုလမ်းမ အဆိုပါ နေရာတွင် ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နေ့လယ် (၁၂)နာရီခန့်တွင် ဆီတင်တွဲကားနှင့် ကုန်တင်တွဲ ကားနှစ်စီး တိုက်မိသဖြင့် ယာဉ်ကြော ပိတ်ဆို့နခြေင်းအား ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူများက ရှင်းလင်းနကြေရာ ညနေ (၄)နာရီကျော်တွင် လမ်းစတင် ရှင်းလင်း နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုမှ ဒဏ်ရာရသွားသူ နှစ်ဦးကို နယ်စည်းမခြား ပရဟိတအသင်း (သီပေါ)နှင့် One More လူမှုကူညီရေးအသင်းများက ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရပြီး ဆီတင်တွဲတိမ်းမှောက်မှုမှ မီးလောင်မှု မဖြစ်စေရန် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကိုမျိုး (နယ်စည်းမခြားပရဟိတအသင်း)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~