ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ ေထးငွါးလ်ားေက်းရြာတြင္ သူငယ္ခ်င္းျဖစ္သူအား သနပ္ခါးတုံးျဖင့္ ထုသတ္ကာ အေလာင္းေဖ်ာက္ခဲ့သူကို လိြဳင္ေကာ္ခ႐ုိင္တရား႐ုံးက ေဖေဖာ္ဝါရီလ (၂၈) ရက္ေန႔တြင္ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂(၂) အရ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ အႏွစ္(၂၀) အမိန္႔ခ်မွတ္လိုက္သည္။
အဆိုပါ အမႈမွာ ၂၀၁၆ ခုႏွစ္ စက္တင္ဘာလအတြင္း တရားခံေဒၚဗ်ားျမာက သူငယ္ခ်င္းျဖစ္သူ ေဒၚပိုးျမာ အားသတ္၍ အေလာင္းအား အပိုင္းပိုင္း ခုတ္ကာ မီးရိွဳ႕ၿပီး ၎ေနအိမ္ဝန္းအေနာက္ဖက္ရိွ အိမ္သာက်င္းထဲသို႔ ျမဳပ္ထားသည့္အျပင္ အေလာင္း၏ အစိတ္အပိုင္း အခ်ိဳ႕ကိုလည္း အိတ္ျဖင့္ထည့္ကာ ဘီးလူးေခ်ာင္းတြင္ သြားေရာက္ စြန္႔ပစ္ခဲ့ေၾကာင္း စစ္ေဆး ေပၚေပါက္ခဲ့ျခင္းျဖစ္သည္။
တရားခံ ေဒၚဗ်ားျမာႏွင့္ အသတ္ခံရသူ ေဒၚပိုးျမာတို႔မွာ ယခင္ကတည္းက လုပ္ေဖာ္ ကိုင္ဖက္ သူငယ္ခ်င္းမ်ားျဖစ္ၾကၿပီး ေငြေၾကး သိန္းရာေက်ာ္ေခ်းယူကာ အေရာင္းအဝယ္ ဖက္စပ္လုပ္ကိုင္ခဲ့ရာ ေငြေၾကးအ႐ႈပ္အေထြးျဖင့္ ျပသနာျဖစ္ရာမွ သူငယ္ခ်င္း အရင္းျဖစ္သူအား သတ္မိျခင္္းျဖစ္သည္ဟု သိရသည္။
"ဒါက ျဖစ္စဥ္အရ ဆိုရင္ေတာ့ ေတာ္ေတာ္ေလး ဆိုးဝါးတယ္ေလ။ အခု တရားသူႀကီး အမိန္႔ခ်တာက မွန္တဲ့စီရင္ ခ်က္ပဲျဖစ္တယ္လို႔ ကၽြန္ေတာ္ျမင္တယ္ " ဟု တရားရံုးသို႔ လာေရာက္သူတစ္ဦးက ေျပာသည္။
အဆိုပါ လူသတ္မႈတြင္ ပါဝင္ပတ္သက္သူမ်ားကို လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂၊ ၂၀၁ ျဖင့္ အမႈဖြင့္ၿပီး လိြဳင္ေကာ္ခရိုင္ တရားရံုးတြင္ တရားစြဲကာ ( ၆) လၾကာ အဆင့္ဆင့္ စစ္ေဆးၾကားနာခဲ့ကာ ခ႐ုိင္တရားသူႀကီး ေဒၚလဲ့လဲ့ဝင္းက ေဖေဖၚဝါရီလ (၂၈) ရက္ေန႔တြင္ အမိန္႔ ခ်မွတ္လိုက္ျခင္းျဖစ္သည္။
အဆိုပါ အမႈမွ အေလာင္းေဖ်ာက္ရာတြင္ ပါဝင္ခဲ့သူ ေဒၚဗ်ားျမာ၏ ခင္ပြန္း ဦးဝီရယ္ႏွင့္ ၎၏ တူေတာ္စပ္သူတို႔ကို ရာဇသတ္ႀကီး ပုဒ္မ ၃၀၂/၂၀၁ အရ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ (၃ )ႏွစ္စီႏွင့္ ေမာင္ေဌးရယ္ကို အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ (၆ )လက်ခံရန္ အသီးသီးခ်မွတ္ခဲ့ျခင္းျဖစ္သည္။
သတင္း - ဆန္းၿဖဳိးထြန္း
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ကယားပြည်နယ် လွိုင်ကော်မြို့ ထေးငှါးလျားကျေးရွာတွင် သူငယ်ချင်းဖြစ်သူအား သနပ်ခါးတုံးဖြင့် ထုသတ်ကာ အလောင်းဖျောက်ခဲ့သူကို လွိုင်ကော်ခရိုင်တရားရုံးက ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ်(၂၀) အမိန့်ချမှတ်လိုက်သည်။
အဆိုပါ အမှုမှာ ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်း တရားခံဒေါ်ဗျားမြာက သူငယ်ချင်းဖြစ်သူ ဒေါ်ပိုးမြာ အားသတ်၍ အလောင်းအား အပိုင်းပိုင်း ခုတ်ကာ မီးရှို့ပြီး၎င်းနေအိမ်ဝန်းအနောက်ဖက်ရှိ အိမ်သာကျင်းထဲသို့ မြုပ်ထားသည့်အပြင် အလောင်း၏ အစိတ်အပိုင်း အချို့ကိုလည်း အိတ်ဖြင့်ထည့်ကာ ဘီးလူးချောင်းတွင် သွားရောက် စွန့်ပစ်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
တရားခံ ဒေါ်ဗျားမြာနှင့် အသတ်ခံရသူ ဒေါ်ပိုးမြာတို့မှာ ယခင်ကတည်းက လုပ်ဖော် ကိုင်ဖက် သူငယ်ချင်းများဖြစ်ကြပြီး ငွေကြေး သိန်းရာကျော်ချေးယူကာ အရောင်းအဝယ် ဖက်စပ်လုပ်ကိုင်ခဲ့ရာ ငွေကြေးအရှုပ်အထွေးဖြင့် ပြသနာဖြစ်ရာမှ သူငယ်ချင်း အရင်းဖြစ်သူအား သတ်မိခြင်းဖြစ်သည်ဟု သိရသည်။
"ဒါက ဖြစ်စဉ်အရ ဆိုရင်တော့ တော်တော်လေး ဆိုးဝါးတယ်လေ။ အခု တရားသူကြီး အမိန့်ချတာက မှန်တဲ့စီရင် ချက်ပဲဖြစ်တယ်လို့ ကျွန်တော်မြင်တယ် " ဟု တရားရုံးသို့ လာရောက်သူတစ်ဦးက ပြောသည်။
အဆိုပါ လူသတ်မှုတွင် ပါဝင်ပတ်သက်သူများကို လွိုင်ကော်မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂၊ ၂၀၁ ဖြင့် အမှုဖွင့်ပြီး လွိုင်ကော်ခရိုင် တရားရုံးတွင် တရားစွဲကာ ( ၆) လကြာ အဆင့်ဆင့် စစ်ဆေးကြားနာခဲ့ကာ ခရိုင်တရားသူကြီး ဒေါ်လဲ့လဲ့ဝင်းက ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် အမိန့် ချမှတ်လိုက်ခြင်းဖြစ်သည်။
အဆိုပါ အမှုမှ အလောင်းဖျောက်ရာတွင် ပါဝင်ခဲ့သူ ဒေါ်ဗျားမြာ၏ ခင်ပွန်း ဦးဝီရယ်နှင့်၎င်း၏ တူတော်စပ်သူတို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၂၀၁ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃ )နှစ်စီနှင့် မောင်ဌေးရယ်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၆ )လကျခံရန် အသီးသီးချမှတ်ခဲ့ခြင်းဖြစ်သည်။
သတင်း - ဆန်းဖြိုးထွန်း