တာခ်ီလိတ္တြင္ လုိင္စင္မဲ့ဆုိင္ကယ္မ်ား လိုင္စင္စတင္ လုပ္ေဆာင္ေပးေန

တာခ်ီလိတ္တြင္ လုိင္စင္မဲ့ဆုိင္ကယ္မ်ား လိုင္စင္စတင္ လုပ္ေဆာင္ေပးေန
မတ် 1, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း မွတ္ပံုတင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္မ်ား မွတ္ပံုတင္ျခင္းကို စတင္ေနရာ ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနတြင္ ဆုိင္ကယ္လိုင္စင္မ်ားကို မတ္လ (၁)ရက္ေန႔ ဗုဒၶဟူးေန႔နံနက္ပိုင္းက စ၍ စတင္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“မနက္ (၈)နာရီကတည္းက စၿပီးမွတ္ပံုတင္ လုပ္ေပးမွာပါ။ ညေန (၃)နာရီမွာေတာ့ ဒီေန႔အတြက္ စာရင္းပိတ္လုိက္ေပမဲ့ ညေန(၄)နာရီအထိကို ေနာက္တစ္ေန႔ရက္စြဲနဲ႔ စာရင္းဖြင့္ၿပီး ဆက္လုပ္ ေပးသြားမွာပါ”ဟု ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန တာခ်ီလိတ္ခရိုင္ဦးစီးမွဴး ဦးေသာင္းျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

တာခ်ီလိတ္ခရိုင္ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနတြင္ နံနက္ (၈)နာရီမွ စတင္ ေဆာင္ရြက္ေပးေနၿပီး ဆိုင္ကယ္ အမ်ိဳးအစားအလိုက္ မွတ္ပံုတင္ေၾကးမ်ားကိုလည္း ေၾကညာေပးထားကာ နံနက္(၈)နာရီ (၃၀)မိနစ္ခန္႔တြင္ လိုင္စင္လုပ္မည့္ဆိုင္ကယ္ အစီးေရ (၂၀)ခန္႔ေရာက္ရိွေနၿပီျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကယ္လိုင္စင္မ်ားအား အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္း ရွမ္းျပည္နယ္ႏွင့္ ပဲခူးတိုင္းေဒသႀကီးအတြင္း ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမ်ားတြင္ လုပ္ေဆာင္ႏုိင္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ခြင်းကို စတင်နေရာ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ဆိုင်ကယ်လိုင်စင်များကို မတ်လ (၁)ရက်နေ့ ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက စ၍ စတင်လုပ်ဆောင်နေကြောင်း သိရသည်။

“မနက် (၈)နာရီကတည်းက စပြီးမှတ်ပုံတင် လုပ်ပေးမှာပါ။ ညနေ (၃)နာရီမှာတော့ ဒီနေ့အတွက် စာရင်းပိတ်လိုက်ပေမဲ့ ညနေ(၄)နာရီအထိကို နောက်တစ်နေ့ရက်စွဲနဲ့ စာရင်းဖွင့်ပြီး ဆက်လုပ် ပေးသွားမှာပါ”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တာချီလိတ်ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် နံနက် (၈)နာရီမှ စတင် ဆောင်ရွက်ပေးနပြေီး ဆိုင်ကယ် အမျိုးအစားအလိုက် မှတ်ပုံတင်ကြေးများကိုလည်း ကြေညာပေးထားကာ နံနက်(၈)နာရီ (၃၀)မိနစ်ခန့်တွင် လိုင်စင်လုပ်မည့်ဆိုင်ကယ် အစီးရေ (၂၀)ခန့်ရောက်ရှိနပြေီဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်လိုင်စင်များအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနများတွင် လုပ်ဆောင်နိုင်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~