က်ိဳင္းတံုၿမိဳ႕မေစ်းအနီးမွ Bright Time ဆီပန္႔ မတ္လ (၁)ရက္ေန႔မွစ၍ ေျပာင္းေရႊ႕ရမည္

က်ိဳင္းတံုၿမိဳ႕မေစ်းအနီးမွ Bright Time ဆီပန္႔ မတ္လ (၁)ရက္ေန႔မွစ၍ ေျပာင္းေရႊ႕ရမည္
မတ် 1, 2017
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ ့ပိုင္း က်ိဳင္းတုံၿမိဳ႕ရိွ ၿမိဳ႕မေစ်းအနီးတြင္ ဖြင့္လွစ္ထားသည့္ Bright Time ဆီပန္႔မွာ မတ္လ(၁)ရက္ေန ့မွစ၍ အဆိုပါေနရာတြင္ ေရာင္းခ်ခြင့္ မရိွေတာ့ေၾကာင္း သိရသည္။
"ေဒသခံေတြက ၿမိဳ႕လယ္ေခါင္မွာရိွတဲ့ ဒီ Bright Time ဆီပန္ ့နဲ ့ ပတ္သက္ၿပီး စိုးရိမ္မႈေတြရိွေနတဲ့အတြက္ တျခားေနရာမွာ ေျပာင္းေရႊ႕ ဖြင့္လွစ္ေပးဖို႕  ေတာင္းဆိုခဲ့တဲ့အတြက္ ကၽြန္ေတာ္တို႔က ဒီဆီပန္႔က တာ၀န္ရိွသူေတြ ကၽြန္ေတာ္တို႔ ဆီလာၿပီး သက္တမ္း တိုးတဲ့အခါမွာ ေဖေဖာ္၀ါရီလ အထိပဲ သက္တမ္းတိုး ေပးခ့ဲၿပီးေတာ့ အဲဒီ ေနာက္ပိုင္းမွာ ေရႊ ့ေပးပါမယ္ ဆိုၿပီးေတာ့ သူတို႔လည္း ကတိလည္းေပးခဲ့ၿပီးပါၿပီ။ ဒါနဲ ့ ပတ္သက္ၿပီး ညႊန္ၾကားခ်က္လည္း ထြက္ၿပီး ၿပီျဖစ္တဲ့အတြက္ မတ္လကေနစၿပီးေတာ့ မဖြင့္ေတာ့ဖို႔ကို သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရး ပိုင္းကေနၿပီးေတာ့ တာ၀န္ယူ ေပးပါလိမ့္မယ္"ဟု ရွမ္းျပည္နယ္ ဘ႑ာေရး၀န္ႀကီး ဦးစိုင္းရွဲန္တစ္လုံက ေျပာသည္။
အဆိုပါ ဓာတ္ဆီဆိုင္ကို စြမ္းအင္၀န္ႀကီးဌာနထံမွ တရား၀င္ လႊဲေျပာင္းရယူထားျခင္းျဖစ္ၿပီး ဓာတ္ဆီဆိုင္ႏွင့္ ပတ္သတ္၍ လိုအပ္သည့္ စစ္ေဆးမႈမ်ားကို မီးသတ္တပ္ဖြဲ ့မွ ၎တို႔၏ စည္းမ်ဥ္း စည္းကမ္းကမ္းမ်ား အတိုင္း စစ္ေဆးခဲ့သည့္အျပင္ ရဲတပ္ဖြဲ ့ကလည္း တိုင္စာအရစစ္ေဆးခဲ့သည့္ စစ္ေဆးေတြ ့ရိွခ်က္မ်ားကို ရွမ္းျပည္နယ္ ရဲတပ္ဖြဲ ့မွတဆင့္ ရွမ္းျပည္နယ္ အစိုးရအဖြဲ ့ထံ တင္ျပထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
"ဒီဆီပန္႔ဟာ ျပည္နယ္အစိုးရရဲ႕ ဆုံးျဖတ္ခ်က္အတိုင္း ေဖေဖာ္၀ါရီ (၂၈)ရက္မွာ သူတို႔သတ္မွတ္ထားတဲ့ အခ်ိန္အတိုင္း ေနာက္ဆုံး အခ်ိန္အထိ ေရာင္းခ်ၿပီးရင္ ဒီေန႔ကစၿပီး ပိတ္သိမ္းရမွာျဖစ္ပါတယ္။ ဒီေန ့ တစ္ရက္ ေရာင္းခ်ၿပီးရင္ ပိတ္သိမ္းသြားမယ္ဆိုတာကိုလည္း ဒီဆီဆိုင္က ျမန္မာ့ေရနံကို တင္ျပထားၿပီး ျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႔အေနနဲ႔ ေနရာသစ္တစ္ခု မရမခ်င္း ဒီေနရာမွာ ဓာတ္ဆီေရာင္းခ်ျခင္းကို ရပ္တန္႔ရမွာျဖစ္ၿပီး ကၽြန္ေတာ္တို႔ အေနနဲ႔လည္း စိစစ္ၾကပ္မတ္သြားမွာျဖစ္ပါတယ္"ဟု က်ိဳင္းတုံခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေနဦးက ေျပာသည္။
ျပည္နယ္အစိုးရက အဆိုပါ ဆီဆိုင္အား ေဖေဖာ္၀ါရီလအထိ ေရာင္းခ်ခြင့္ေပးခဲ့ၿပီး မတ္လ(၁)ရက္ေန႔မွ စတင္ကာ အျခားေနရာတြင္ ေျပာင္းေရႊ ့ဖြင့္လွစ္ရမည္ျဖစ္ေၾကာင္း သိရသည္။
"အခုလို ဒီဆီပန္႔ကို မတ္လကေန စၿပီးေတာ့ ပိတ္သိမ္းျပီးေတာ့ တစ္ျခားေနရာမွာ ဖြင့္သြားမယ္ဆိုေတာ့ ေကာင္းပါတယ္။  ဒီဆီပန္႔က ၿမိဳ႕လယ္ေခါင္မွာ ဖြင့္ထားတာျဖစ္သလို ေစ်းနားမွာလည္း ျဖစ္ေနတယ္။ အဲဒါထက္ဆိုးတာက ဆီပန္႔ေနာက္မွာက စားေသာက္ဆိုင္တန္းေတြ ရိွေနတာပါပဲ။ တကယ္လို႔ ဒီဆီပန္ ့ကေနျပီးေတာ့ တစ္ခုခုျဖစ္ လာမယ္ဆိုရင္ေတာ့ နစ္နာဆုံးရႈံးမႈကလည္း ေတာ္ေတာ္ မ်ားႏုိင္ပါတယ္။ ဒါေၾကာင့္ ျပည္နယ္အစိုးရက အခုလို ဆုံးျဖတ္ခ်က္ခ်လိုက္တာ အေကာင္းဆုံးပါပဲ"ဟု က်ိဳင္းတုံၿမိဳ႕မွ ဦးမ်ိဳးဆက္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
က်ိဳင္းတုံၿမိဳ႕တြင္ မီးေဘးအႏၱရာယ္မ်ား မျဖစ္ေပၚေစရန္ အတြက္ ရပ္ကြက္၊ ေက်းရြာအုပ္စု၊ ေစ်းဆိုင္၊ ဟိုတယ္ႏွင့္ စက္သုံး ဆီဆိုင္မ်ားကို ျမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္ ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီတို႕မွ မီးေဘးအႏၱရာယ္ အသိပညာေပးျခင္းႏွင့္ စစ္ေဆးမႈမ်ားကိုလည္း လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
သတင္း - ဇြဲျမတ္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ မြို့မဈေးအနီးတွင် ဖွင့်လှစ်ထားသည့် Bright Time ဆီပန့်မှာ မတ်လ(၁)ရက်နေ့မှစ၍ အဆိုပါနေရာတွင် ရောင်းချခွင့် မရှိတော့ကြောင်း သိရသည်။

"ဒေသခံတွေက မြို့လယ်ခေါင်မှာရှိတဲ့ ဒီ Bright Time ဆီပန့်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတဲ့အတွက် တခြားနေရာမှာ ပြောင်းရွှေ့ ဖွင့်လှစ်ပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် ကျွန်တော်တို့က ဒီဆီပန့်က တာဝန်ရှိသူတွေ ကျွန်တော်တို့ ဆီလာပြီး သက်တမ်း တိုးတဲ့အခါမှာ ဖေဖော်ဝါရီလ အထိပဲ သက်တမ်းတိုး ပေးခဲ့ပြီးတော့ အဲဒီ နောက်ပိုင်းမှာ ရွှေ့ပေးပါမယ် ဆိုပြီးတော့ သူတို့လည်း ကတိလည်းပေးခဲ့ပြီးပါပြီ။ ဒါနဲ့ ပတ်သက်ပြီး ညွှန်ကြားချက်လည်း ထွက်ပြီး ပြီဖြစ်တဲ့အတွက် မတ်လကနေစပြီးတော့ မဖွင့်တော့ဖို့ကို သက်ဆိုင်ရာ အုပ်ချုပ်ရေး ပိုင်းကနပြေီးတော့ တာဝန်ယူ ပေးပါလိမ့်မယ်"ဟု ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။

အဆိုပါ ဓာတ်ဆီဆိုင်ကို စွမ်းအင်ဝန်ကြီးဌာနထံမှ တရားဝင် လွှဲပြောင်းရယူထားခြင်းဖြစ်ပြီး ဓာတ်ဆီဆိုင်နှင့် ပတ်သတ်၍ လိုအပ်သည့် စစ်ဆေးမှုများကို မီးသတ်တပ်ဖွဲ့မှ၎င်းတို့၏ စည်းမျဉ်း စည်းကမ်းကမ်းများ အတိုင်း စစ်ဆေးခဲ့သည့်အပြင် ရဲတပ်ဖွဲ့ကလည်း တိုင်စာအရစစ်ဆေးခဲ့သည့် စစ်ဆေးတွေ့ရှိချက်များကို ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှတဆင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီဆီပန့်ဟာ ပြည်နယ်အစိုးရရဲ့ ဆုံးဖြတ်ချက်အတိုင်း ဖေဖော်ဝါရီ (၂၈)ရက်မှာ သူတို့သတ်မှတ်ထားတဲ့ အချိန်အတိုင်း နောက်ဆုံး အချိန်အထိ ရောင်းချပြီးရင် ဒီနေ့ကစပြီး ပိတ်သိမ်းရမှာဖြစ်ပါတယ်။ ဒီနေ့ တစ်ရက် ရောင်းချပြီးရင် ပိတ်သိမ်းသွားမယ်ဆိုတာကိုလည်း ဒီဆီဆိုင်က မြန်မာ့ရေနံကို တင်ပြထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ နေရာသစ်တစ်ခု မရမချင်း ဒီနေရာမှာ ဓာတ်ဆီရောင်းချခြင်းကို ရပ်တန့်ရမှာဖြစ်ပြီး ကျွန်တော်တို့ အနေနဲ့လည်း စိစစ်ကြပ်မတ်သွားမှာဖြစ်ပါတယ်"ဟု ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောသည်။

ပြည်နယ်အစိုးရက အဆိုပါ ဆီဆိုင်အား ဖေဖော်ဝါရီလအထိ ရောင်းချခွင့်ပေးခဲ့ပြီး မတ်လ(၁)ရက်နေ့မှ စတင်ကာ အခြားနေရာတွင် ပြောင်းရွှေ့ဖွင့်လှစ်ရမည်ဖြစ်ကြောင်း သိရသည်။

"အခုလို ဒီဆီပန့်ကို မတ်လကနေ စပြီးတော့ ပိတ်သိမ်းပြီးတော့ တစ်ခြားနေရာမှာ ဖွင့်သွားမယ်ဆိုတော့ ကောင်းပါတယ်။ ဒီဆီပန့်က မြို့လယ်ခေါင်မှာ ဖွင့်ထားတာဖြစ်သလို ဈေးနားမှာလည်း ဖြစ်နေတယ်။ အဲဒါထက်ဆိုးတာက ဆီပန့်နောက်မှာက စားသောက်ဆိုင်တန်းတွေ ရှိနေတာပါပဲ။ တကယ်လို့ ဒီဆီပန့်ကနပြေီးတော့ တစ်ခုခုဖြစ် လာမယ်ဆိုရင်တော့ နစ်နာဆုံးရှုံးမှုကလည်း တော်တော် များနိုင်ပါတယ်။ ဒါကြောင့် ပြည်နယ်အစိုးရက အခုလို ဆုံးဖြတ်ချက်ချလိုက်တာ အကောင်းဆုံးပါပဲ"ဟု ကျိုင်းတုံမြို့မှ ဦးမျိုးဆက်နိုင်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

ကျိုင်းတုံမြို့တွင် မီးဘေးအန္တရာယ်များ မဖြစ်ပေါ်စေရန် အတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ဈေးဆိုင်၊ ဟိုတယ်နှင့် စက်သုံး ဆီဆိုင်များကို မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့မှ မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် စစ်ဆေးမှုများကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~