ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕ရွိ ဆန္ဆိုင္း(က)ရပ္ကြက္ အတြင္း၌ ဖြင့္လွစ္ထားရွိသည့္ ေမာ္ေတာ္ ဆုိင္ကယ္ ျပဳျပင္ေရးႏွင့္ အေရာင္းဆိုင္မွ ေမာ္ေတာ္ဆိုင္ကယ္အသစ္ တစ္စီးအား လူငယ္တစ္ဦးမွ ၀ယ္ယူရန္ အတြက္ အစမ္း စီးၾကည့္မည္ဟု ဆိုကာ ေမာင္းသြားရာ ျပန္လည္မေရာက္လာ၍ ပိုင္ရွင္မွ ၎ကဲ့သို႔ အျခားသူမ်ား မခံရရန္ အတြက္ တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ အသိေပး ေျပာၾကားလာသည္။
"သူက ဆိုင္ကို ဆိုင္ကယ္ျပင္ဖို႔ ေရာက္လာၿပီးေတာ့ ကြ်န္ေတာ္တို႔ ေရာင္းဖို႔ ခ်ထားတဲ့ msx 2013 အနက္ေရာင္ ဆိုင္ကယ္ကို ၾကည့္ၿပီး ဒီဆိုင္ကယ္က ဘယ္ေလာက္လဲေပါ့၊ သူႀကိဳက္တယ္လို႔ ေျပာတယ္။ ကြ်န္ေတာ္တုိ႔ကလည္း ဒီဆိုင္ကယ္က ဘတ္(၃၄,၀၀၀)လို႔ ေျပာလိုက္ေတာ့ သူ႔မွာေတာ့ ဘတ္(၂၀,၀၀၀)ပဲ ပါတယ္ စမ္းစီး ၾကည့္ခ်င္တယ္လို႔ ေျပာတယ္။ ကြ်န္ေတာ္တို႔ကလည္း သူႀကိဳက္တယ္ဆိုရင္ ပါလာတဲ့ ေငြကို စရံယူထားမယ္၊ ေနာက္ေန႔ ေငြ လာေခ်ၿပီးမွယူ ဆိုၿပီး ေျပာမို႔ပဲ၊ ပထမတစ္စီး စမ္းစီးၾကည့္တယ္၊ ပထမ တစ္စီးက ေသာ့ မပါဘူး။ ရီမုတ္နဲ႔ဆိုေတာ့ အနီးအနားပဲ စီးလို႔ရတယ္။ အဲ့ဒီေတာ့ အဲ့ဒီဆိုင္ကယ္ကို စမ္းစီးၿပီး ေသာ့ပါတဲ့ msx ကို စမ္းမယ္ဆိုၿပီး ေပးစမ္းလိုက္တာ၊ တစ္ခါတည္း ျပန္မေပၚလာေတာ့ဘူး။ သူစီးလာတဲ့ ဆိုုင္ကယ္ အစုတ္ကိုေတာ့ ထားခဲ့တယ္"ဟု ဆိုင္ကယ္ပိုင္ရွင္ျဖစ္သူက ေျပာသည္။
၂၀၁၇ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၈)ရက္ေန႔ ည(၈)နာရီ၀န္းက်င္အခ်ိန္က အသက္(၂၀)၀န္းက်င္ရွိ အမ်ဳိးသားတစ္ဦးသည္ သတင္းတြင္ ေဖာ္ျပပါ ေမာ္ေတာ္ဆိုင္ကယ္အား အဆိုပါ ဆိုင္တြင္ ျပဳျပင္ရန္အတြက္ ေမာင္းလာရာမွ ေရာင္းရန္ ျပသထားသည့္ ဆိုင္ကယ္မ်ားထဲမွ တစ္စီးအား အသစ္၀ယ္ယူရန္အတြက္ စမ္းစီးၾကည့္မည္ဟု ေျပာကာ အစမ္းေပးစီးလိုက္ရာမွ ျပန္လည္ေရာက္ရွိလာျခင္း မရွိေၾကာင္း သိရသည္။
"ကြ်န္ေတာ္လည္း မေန႔ညကေရာ ဒီေန႔မနက္ပိုင္းေရာ ေနရာအႏွံ႔႔ လိုက္ၾကည့္ၿပီးၿပီ မေတြ႕ဘူး၊ ေစာင့္လည္း ေစာင့္ၾကည့္ေသးတယ္။ ျပန္လာမလားေပါ့။ အခုက (၂၄)နာရီျပည့္သြားၿပီးဆိုေတာ့ စဥ္းစားရခက္သြားၿပီ၊ အခု ျပထားတဲ့ ဆိုင္ကယ္ကို သိတဲ့သူမ်ားရွိရင္ ကြ်န္ေတာ့္ ျမန္မာဖုန္း 09251173972 ကိုဆက္သြယ္ၿပီး အေၾကာင္းၾကားေပးႏိုင္ပါတယ္။"ဟု ၎မွ ဆက္လက္ေျပာသည္။ ေနာက္ၿပီး ကြ်န္ေတာ့္လိုပဲ သူမ်ားေတြလည္း မခံရေအာင္လို႔ အသိ ေပးတာပါ"ဟု ၎က ဆက္ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ အခ်ဳိ႕ေသာ ဆိုင္ကယ္ျပဳျပင္ေရး ဆိုင္မ်ားတြင္ တစ္ပိုင္တစ္ႏိုင္အေနျဖင့္ ဆိုင္ကယ္မ်ားအား ေရာင္းခ်ၾကသည္မ်ားလည္းရွိေၾကာင္း သိရသည္။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း(က)ရပ်ကွက် အတွင်း၌ ဖွင့်လှစ်ထားရှိသည့် မော်တော် ဆိုင်ကယ် ပြုပြင်ရေးနှင့် အရောင်းဆိုင်မှ မော်တော်ဆိုင်ကယ်အသစ် တစ်စီးအား လူငယ်တစ်ဦးမှ ဝယ်ယူရန် အတွက် အစမ်း စီးကြည့်မည်ဟု ဆိုကာ မောင်းသွားရာ ပြန်လည်မရောက်လာ၍ ပိုင်ရှင်မှ၎င်းကဲ့သို့ အခြားသူများ မခံရရန် အတွက် တာချီလိတ်သတင်း အေဂျင်စီသို့ အသိပေး ပြောကြားလာသည်။
"သူက ဆိုင်ကို ဆိုင်ကယ်ပြင်ဖို့ ရောက်လာပြီးတော့ ကျွန်တော်တို့ ရောင်းဖို့ ချထားတဲ့ msx 2013 အနက်ရောင် ဆိုင်ကယ်ကို ကြည့်ပြီး ဒီဆိုင်ကယ်က ဘယ်လောက်လဲပေါ့၊ သူကြိုက်တယ်လို့ ပြောတယ်။ ကျွန်တော်တို့ကလည်း ဒီဆိုင်ကယ်က ဘတ်(၃၄,ဝဝဝ)လို့ ပြောလိုက်တော့ သူ့မှာတော့ ဘတ်(၂၀,ဝဝဝ)ပဲ ပါတယ် စမ်းစီး ကြည့်ချင်တယ်လို့ ပြောတယ်။ ကျွန်တော်တို့ကလည်း သူကြိုက်တယ်ဆိုရင် ပါလာတဲ့ ငွေကို စရံယူထားမယ်၊ နောက်နေ့ ငွေ လာချပြေီးမှယူ ဆိုပြီး ပြောမို့ပဲ၊ ပထမတစ်စီး စမ်းစီးကြည့်တယ်၊ ပထမ တစ်စီးက သော့ မပါဘူး။ ရီမုတ်နဲ့ဆိုတော့ အနီးအနားပဲ စီးလို့ရတယ်။ အဲ့ဒီတော့ အဲ့ဒီဆိုင်ကယ်ကို စမ်းစီးပြီး သော့ပါတဲ့ msx ကို စမ်းမယ်ဆိုပြီး ပေးစမ်းလိုက်တာ၊ တစ်ခါတည်း ပြန်မပေါ်လာတော့ဘူး။ သူစီးလာတဲ့ ဆိုင်ကယ် အစုတ်ကိုတော့ ထားခဲ့တယ်"ဟု ဆိုင်ကယ်ပိုင်ရှင်ဖြစ်သူက ပြောသည်။
၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်က အသက်(၂၀)ဝန်းကျင်ရှိ အမျိုးသားတစ်ဦးသည် သတင်းတွင် ဖော်ပြပါ မော်တော်ဆိုင်ကယ်အား အဆိုပါ ဆိုင်တွင် ပြုပြင်ရန်အတွက် မောင်းလာရာမှ ရောင်းရန် ပြသထားသည့် ဆိုင်ကယ်များထဲမှ တစ်စီးအား အသစ်ဝယ်ယူရန်အတွက် စမ်းစီးကြည့်မည်ဟု ပြောကာ အစမ်းပေးစီးလိုက်ရာမှ ပြန်လည်ရောက်ရှိလာခြင်း မရှိကြောင်း သိရသည်။
"ကျွန်တော်လည်း မနေ့ညကရော ဒီနေ့မနက်ပိုင်းရော နေရာအနှံ့ လိုက်ကြည့်ပြီးပြီ မတွေ့ဘူး၊ စောင့်လည်း စောင့်ကြည့်သေးတယ်။ ပြန်လာမလားပေါ့။ အခုက (၂၄)နာရီပြည့်သွားပြီးဆိုတော့ စဉ်းစားရခက်သွားပြီ၊ အခု ပြထားတဲ့ ဆိုင်ကယ်ကို သိတဲ့သူများရှိရင် ကျွန်တော့် မြန်မာဖုန်း 09251173972 ကိုဆက်သွယ်ပြီး အကြောင်းကြားပေးနိုင်ပါတယ်။"ဟု၎င်းမှ ဆက်လက်ပြောသည်။ နောက်ပြီး ကျွန်တော့်လိုပဲ သူများတွေလည်း မခံရအောင်လို့ အသိ ပေးတာပါ"ဟု၎င်းက ဆက်ပြောသည်။
တာချီလိတ်မြို့တွင် အချို့သော ဆိုင်ကယ်ပြုပြင်ရေး ဆိုင်များတွင် တစ်ပိုင်တစ်နိုင်အနဖြေင့် ဆိုင်ကယ်များအား ရောင်းချကြသည်များလည်းရှိကြောင်း သိရသည်။