ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕တြင္ ျမန္မာႏိုင္ငံသား လူမ်ိဳး၊ ဘာသာမေရြးအား ကူညီေစာင့္ေရွာက္ႏုိင္ေရး အတြက္ လူမႈဆက္ဆံေရး - နာေရးကူညီမႈ အသင္းကို မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားက ေဖေဖၚဝါရီလ (၂၈) ရက္ေန႔က ဖြဲ႔စည္းလုိက္ေၾကာင္း သိရသည္။
“ဒီအသင္းကေတာ့ ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားရဲ႕ နာေရးနဲ႔ ပတ္သက္တဲ့ မေျပလည္မႈ၊ အခက္အခဲ ေတြကို အဓိက ထားပါတယ္ ခင္ဗ်ာ။ ေနာက္ၿပီး သာေရး၊ လူမႈေရး အခက္အခဲ စသည္ တို႔ကိုလည္း ေျပလည္ေအာင္ တတ္ႏိုင္သ၍ ကူညီမႈ ေပးသြားၾကမွာပါ။ ဘာသာေရး အေနနဲ႔ကေတာ ျမန္မာ ဗုဒၶဘာသာ ရိုးရာ အခမ္းအနားမ်ားနဲ႔ တရားဓမၼသဘင္ကိုလည္း အနည္းဆံုး တစ္ႏွစ္ တစ္ႀကိမ္ မယ္ဆ္ိုင္မွာ က်င္းပသြားဖို႔ ရည္ရြယ္ပါတယ္”ဟု အဆိုပါအသင္း၏ နာယကအဖြဲ႔ဝင္ ဦးထြန္း(မယ္ဆိုင္)က ေျပာသည္။
အသင္းဝင္ (၅၀)ေက်ာ္ ပါဝင္သည့္ အဆိုပါ အဖြဲ႕တြင္ ဦးစိုင္းလံုက ဥကၠဌအျဖစ္ လည္းေကာင္း၊ ဦးေမာင္ဝင္းက အတြင္းေရးမႉးအျဖစ္ လည္းေကာင္း တာဝန္ယူထားၿပီး အသင္းရံုးခန္းအား မယ္ဆိုင္ၿမိဳ႕ ဝင္းဖန္းခမ္း ရပ္ကြက္တြင္ ဖြင့္လွစ္မည္ ျဖစ္ေၾကာင္း သိရသည္။
အကူအညီလိုအပ္သည့္ ျမန္မာႏုိင္ငံသားမ်ားအေနျဖင့္ လူမႈဆက္ဆံေရး နာေရးကူညီမႈအသင္းသို႔ ဆက္သြယ္လိုပါက ၀၉ ၄၇၁၃၁၃၆၃၊ ၀၉ ၂၁၈၇၇၃၂၄ မ်ားသို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။
သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု - ဦးထြန္း(မယ္ဆိုင္)
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသား လူမျိုး၊ ဘာသာမရွေးအား ကူညီစောင့်ရှောက်နိုင်ရေး အတွက် လူမှုဆက်ဆံရေး - နာရေးကူညီမှု အသင်းကို မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများက ဖေဖော်ဝါရီလ (၂၈) ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
“ဒီအသင်းကတော့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများရဲ့ နာရေးနဲ့ ပတ်သက်တဲ့ မပြေလည်မှု၊ အခက်အခဲ တွေကို အဓိက ထားပါတယ် ခင်ဗျာ။ နောက်ပြီး သာရေး၊ လူမှုရေး အခက်အခဲ စသည် တို့ကိုလည်း ပြေလည်အောင် တတ်နိုင်သ၍ ကူညီမှု ပေးသွားကြမှာပါ။ ဘာသာရေး အနေနဲ့ကတော မြန်မာ ဗုဒ္ဓဘာသာ ရိုးရာ အခမ်းအနားများနဲ့ တရားဓမ္မသဘင်ကိုလည်း အနည်းဆုံး တစ်နှစ် တစ်ကြိမ် မယ်ဆို်င်မှာ ကျင်းပသွားဖို့ ရည်ရွယ်ပါတယ်”ဟု အဆိုပါအသင်း၏ နာယကအဖွဲ့ဝင် ဦးထွန်း(မယ်ဆိုင်)က ပြောသည်။
အသင်းဝင် (၅၀)ကျော် ပါဝင်သည့် အဆိုပါ အဖွဲ့တွင် ဦးစိုင်းလုံက ဥက္ကဌအဖြစ် လည်းကောင်း၊ ဦးမောင်ဝင်းက အတွင်းရေးမှူးအဖြစ် လည်းကောင်း တာဝန်ယူထားပြီး အသင်းရုံးခန်းအား မယ်ဆိုင်မြို့ ဝင်းဖန်းခမ်း ရပ်ကွက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
အကူအညီလိုအပ်သည့် မြန်မာနိုင်ငံသားများအနဖြေင့် လူမှုဆက်ဆံရေး နာရေးကူညီမှုအသင်းသို့ ဆက်သွယ်လိုပါက ဝ၉ ၄၇၁၃၁၃၆၃၊ ဝ၉ ၂၁၈၇၇၃၂၄ များသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ဦးထွန်း(မယ်ဆိုင်)