ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္မ်ား မွတ္ပံုတင္ျခင္းကို မတ္လ(၁)ရက္ေန႔က စတင္ ေဆာင္ရြက္ ေပးေနလ်က္ရွိရာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ ကုန္းလမ္း ပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနတြင္ ဆုိင္ကယ္ အစီးေရ (၉၇)စီးကို တစ္ရက္အတြင္း မွတ္ပံုတင္ လုပ္ေဆာင္ ေပးထားေၾကာင္း သိရသည္။
“လိုင္စင္မွာ အားလံုး အၿပီးအစီး တစ္ထိုင္တည္း လုပ္ေပးတာဆိုေတာ့ ေန႔လယ္ (၂)နာရီေလာက္မွာ ရိွေနတဲ့ ဆိုင္ကယ္ အားလံုးကို စာရင္းပိတ္ လုိက္တာပါ။ တစ္ပတ္မွာ တစ္ႀကိမ္ဆိုေတာ့ ေနာက္တစ္ေန႔ လုပ္လို႔မရတဲ့ အတြက္ လိုင္စင္ထုတ္ေပးတာနဲ႔ ဘဏ္သြင္းတာ တစ္ရက္ထဲ အၿပီးလုပ္ရတာေၾကာင့္ မူလလ်ာထားတဲ့ (၄)နာရီေလာက္ထိ မလုပ္ႏုိင္ပါဘူး။ ကြ်န္ေတာ္ ဒီအတြက္ ဝန္ထမ္း (၈) ဦးသံုးၿပီး လုပ္ေနတာပါ။ က်န္ဝန္ထမ္းေတြက ပံုမွန္လုပ္ငန္းေတြ ဆက္လုပ္ေနရတာေၾကာင့္ပါ”ဟု ကုန္းလမ္း ပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနမွ တာခ်ီလိတ္ခရိုင္ဦးစီးမွဴး ဦးေသာင္းျမင့္က တာခ်ီလိတ္သတင္း ေအဂ်င္စီကို ေျပာသည္။
လိုင္စင္မဲ့ဆိုင္ကယ္မ်ားအား တစ္ႏုိင္ငံလံုးအတိုင္းအတာျဖင့္ လိုင္စင္ထုတ္ေပးျခင္းကို ၂၀၁၄ ခုႏွစ္တြင္ ေနာက္ဆံုးအႀကိမ္ ေဆာင္ရြက္ေပးခဲ့ျခင္းျဖစ္ၿပီး ၂၀၁၇ ခုႏွစ္တြင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလုိက္ သက္ဆိုင္ရာအစိုးရမ်ား၏ စီမံခန္႔ခြဲမႈျဖင့္ ေဆာင္ရြက္လာျခင္းျဖစ္ေၾကာင္း သိရသည္။
တာခ်ီလိတ္ခရိုင္ကုန္းလမ္း ပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနက ေမာ္ေတာ္ဆိုင္ကယ္ လိုင္စင္ ထုတ္ေပးျခင္းကို ဗုဒၶဟူးေန႔တိုင္း နံနက္ (၈)နာရီမွ စတင္ၿပီး တစ္ရက္လွ်င္ ပ်မ္းမွ် အစီးေရ(၁၀၀)ခန္႔ ေဆာင္ရြက္ေပးေနၿပီး ဆိုင္ကယ္ အမ်ိဳးအစား အလိုက္ မွတ္ပံုတင္ ေၾကးမ်ားကိုလည္း ေၾကညာ ေပးထားေၾကာင္း သိရသည္။
ဆိုင္ကယ္လိုင္စင္မ်ားအား အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္း ရွမ္းျပည္နယ္ႏွင့္ ပဲခူးတိုင္းေဒသႀကီး အတြင္း ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီး ဌာနမ်ားတြင္ လုပ္ေဆာင္ႏုိင္ေၾကာင္း သိရသည္။
သတင္း - ခ်ယ္ရီထိုက္
“လိုင်စင်မှာ အားလုံး အပြီးအစီး တစ်ထိုင်တည်း လုပ်ပေးတာဆိုတော့ နေ့လယ် (၂)နာရီလောက်မှာ ရှိနေတဲ့ ဆိုင်ကယ် အားလုံးကို စာရင်းပိတ် လိုက်တာပါ။ တစ်ပတ်မှာ တစ်ကြိမ်ဆိုတော့ နောက်တစ်နေ့ လုပ်လို့မရတဲ့ အတွက် လိုင်စင်ထုတ်ပေးတာနဲ့ ဘဏ်သွင်းတာ တစ်ရက်ထဲ အပြီးလုပ်ရတာကြောင့် မူလလျာထားတဲ့ (၄)နာရီလောက်ထိ မလုပ်နိုင်ပါဘူး။ ကျွန်တော် ဒီအတွက် ဝန်ထမ်း (၈) ဦးသုံးပြီး လုပ်နေတာပါ။ ကျန်ဝန်ထမ်းတွေက ပုံမှန်လုပ်ငန်းတွေ ဆက်လုပ်နေရတာကြောင့်ပါ”ဟု ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်က တာချီလိတ်သတင်း အေဂျင်စီကို ပြောသည်။
လိုင်စင်မဲ့ဆိုင်ကယ်များအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လိုင်စင်ထုတ်ပေးခြင်းကို ၂၀၁၄ ခုနှစ်တွင် နောက်ဆုံးအကြိမ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သက်ဆိုင်ရာအစိုးရများ၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်ခရိုင်ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက မော်တော်ဆိုင်ကယ် လိုင်စင် ထုတ်ပေးခြင်းကို ဗုဒ္ဓဟူးနေ့တိုင်း နံနက် (၈)နာရီမှ စတင်ပြီး တစ်ရက်လျှင် ပျမ်းမျှ အစီးရေ(၁၀၀)ခန့် ဆောင်ရွက်ပေးနပြေီး ဆိုင်ကယ် အမျိုးအစား အလိုက် မှတ်ပုံတင် ကြေးများကိုလည်း ကြေညာ ပေးထားကြောင်း သိရသည်။
ဆိုင်ကယ်လိုင်စင်များအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး အတွင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနများတွင် လုပ်ဆောင်နိုင်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်