မိုင်းယောင်းမြို့တွင် မူးယစ်ဆေးဝါးနှင့် တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်မှု တားဆီးရေးအတွက် သက်ဆိုင်ရာဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့က ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် မတ်လ (၂) ရက်နေ့ နေ့လယ် (၂)နာရီခန့်က မိုင်းယောင်း - မိုင်းဖြတ် လမ်းဘေးတွင် တရုတ်နိုင်ငံသား အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁) ဦးအား ဆိုင်ကယ်နှစ်စီးဖြင့် တွေ့ရှိသဖြင့် စစ်ဆေးရာမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျင်းဟုန်ခရိုင်၊ ကျင်းဟာမြို့၊ မန်ဘာဟိုကျေးရွာမှ ရှောက်ယွင်းဟွာ၊ ထန်ဆုချွင်းနှင့် မဆာဒေ့တို့ ဖြစ်ကြောင်း သိရပြီး မြန်မာနိုင်ငံသားမှာ အထူးဒေသ (၄) နမ့်ပန်းဒေသ၊ ဖားလိုအုပ်စု၊ ဘာဆာကြီး ကျေးရွာမှ ဟွေဘူဆိုသူ ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် မိုင်းယောင်းမြို့သို့ တရုတ်နိုင်ငံသားများ တရားမဝင် ဝင်ရောက်လာလေ့ရှိသဖြင့် ယင်းကဲ့သို့ စစ်ဆေးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့သို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၃)ဦးနှင့် ကူညီပေးသည့် မြန်မာနိုင်ငံသား (၁) ဦးတို့အား မတ်လ (၂) ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒဖြေင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် မူးယစ်ဆေးဝါးနှင့် တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်မှု တားဆီးရေးအတွက် သက်ဆိုင်ရာဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့က ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် မတ်လ (၂) ရက်နေ့ နေ့လယ် (၂)နာရီခန့်က မိုင်းယောင်း - မိုင်းဖြတ် လမ်းဘေးတွင် တရုတ်နိုင်ငံသား အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁) ဦးအား ဆိုင်ကယ်နှစ်စီးဖြင့် တွေ့ရှိသဖြင့် စစ်ဆေးရာမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျင်းဟုန်ခရိုင်၊ ကျင်းဟာမြို့၊ မန်ဘာဟိုကျေးရွာမှ ရှောက်ယွင်းဟွာ၊ ထန်ဆုချွင်းနှင့် မဆာဒေ့တို့ ဖြစ်ကြောင်း သိရပြီး မြန်မာနို်င်ငံသားမှာ အထူးဒေသ (၄) နမ့်ပန်းဒေသ၊ ဖားလိုအုပ်စု၊ ဘာဆာကြီး ကျေးရွာမှ ဟွေဘူဆိုသူ ဖြစ်ကြောင်း သိရသည်။
၎င်းတို့ (၄) ဦးအား မိုင်းယောင်းမြို့မ ရဲစခန်းတွင် (ပ) ၂၁/၂၀၁၇ လဝက အက် ၁၃(၁)ဖြင့် အမှုဖွင့် ဆောင်ရွက် နေကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် မိုင်းယောင်းမြို့သို့ တရုတ်နိုင်ငံသားများ တရားမဝင် ဝင်ရောက်လာလေ့ရှိသဖြင့် ယင်းကဲ့သို့ စစ်ဆေးမှုများ လုပ်ဆောင်နခြေင်းဖြစ်သည်။