ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕တြင္ ေယာက်္ားေလးႏွင့္ မိန္းကေလးအဂၤါႏွစ္မ်ိဳးပါေနသည့္ အသက္(၁၇)ႏွစ္အရြယ္ လူငယ္တစ္ဦး ခြဲစိတ္ကုသမႈခံယူရန္လိုအပ္ေန၍ အလွဴရွင္ရွာေဖြေနေၾကာင္း သိရသည္။
မအဲလစ္ဝင္း (ေခၚ) ေအာင္လင္းႏိုင္မွာ မိန္းကေလးအျဖစ္ ေမြးဖြားလာေသာ္လည္း အသက္ (၇)ႏွစ္အရြယ္တြင္ ေယာက်္ားအဂၤါစတင္ထြက္ရိွလာၿပီး လက္ရိွအေျခအေနမွာ ေယာက်္ားေလးအျဖစ္ ဆက္လက္ဖြံ႕ၿဖိဳးလာၿပီး ကင္ဆာျဖစ္ႏုိင္သည့္ အေျခအေန ရိွေန၍ ခြဲစိတ္ကုသရန္ လိုအပ္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။
“အဲဒီလို အဆင့္ဆင့္ ေျပာင္းလဲခဲ့ၿပီးေတာ့ အသက္(၇)ႏွစ္မွာ သူ႔ကို ဘာမွလွည့္မၾကည့္ဘဲ ေယာက်္ားေလး အျဖစ္ပဲ ေနပါေစဆိုၿပီးေတာ့ လႊတ္ထားလိုက္တာေပါ့။ အခု အသက္(၁၇)ႏွစ္ေရာက္ေတာ့ သူက လုံးဝေျပာင္းလဲ လာတယ္။ ရင္သားေတြ ထြက္လာတယ္။ အမ်ိဳးသမီးေတြလို ရာသီေတာ့ မလာဘူး။ အဲဒါနဲ႔ ေဆးရုံမွာ ဆရာဝန္ႀကီးေတြနဲ႔ျပေပးေတာ့ သူ႔ကို ေဆးတိုက္တယ္။ အဲဒါမွ ရင္သားေတြက သိသိ သာသာေလး ျပန္ခ်ပ္သြားတယ္ ။ စစ္ေဆးၾကည့္ေတာ့ သူက အမ်ိဳးသမီးလို သားအိမ္ မပါဘူး။ မမ်ိဳးဥေတြ မပါဘူး။ ေယာက်ာ္းေလး အဂၤါကေတာ့ အသက္(၁၇)ႏွစ္မွာ သိသိသာသာ ဖြံ႕ၿဖိဳးလာတယ္။ ဆီးသြားရင္ေတာ့ မအဂၤါဖက္ကေန သြားတယ္။ သူကိုးတန္းေရာက္ေတာ့ ဒီလိုမ်ိဳး သူမ်ားနဲ႔လည္း မတူေတာ့ လူၾကားထဲ သူမေနခ်င္ေတာ့ဘူး။ ေက်ာင္းနားလိုက္ရတယ္ေပါ့ ”ဟု ၎၏ အစ္မျဖစ္သူက ေျပာျပသည္။
ေမာင္ေအာင္လင္းႏိုင္မွာ ေဆးစစ္မႈ ရလဒ္မ်ားအရ ေယာက်္ားေလး အျဖစ္ ဖြံ႕ၿဖိဳးမႈရိွေနၿပီး ၎ ကိုယ္တုိင္ကလည္း ေယာက်္ားေလးအျဖစ္ ခံယူထားသျဖင့္ ခြဲစိတ္ကုသ၍ ရႏုိင္ေသာ္လည္း အလွဴရွင္ လိုအပ္ေနေၾကာင္း လိြဳင္ေကာ္ၿမိဳ႕ သက္ပိုင္ေဆးခန္းမွ ေဒၚေမႀကီးပုလဲက ေျပာသည္။
“သူ႕ကို စစ္ေဆးၾကည့္တဲ့ သားဖြားနဲ႔ မီးယပ္ဆရာဝန္ႀကီးက ကေလးကိုအျမန္ဆုံး ခြဲစိတ္ကုသဖို႕ ရန္ကုန္ကို သြားဖို႕ေျပာတယ္။ သူ႔ကို ခြဲစိတ္ကုသဖို႔လိုေနၿပီ။ မခြဲစိတ္ဘဲထားလို႔ ၾကာလာရင္ ကင္ဆာျဖစ္ႏိုင္တယ္။ သူ႔အေနနဲ႔ ေယာက်္ားေလး အျဖစ္ ရပ္တည္ႏုိင္ဖို႔က ခြဲစိတ္ ကုသမႈခံယူဖို႔ လိုတယ္။ ရန္ကုန္ကိုသြားဖို႔က သူတို႔မိသားစုမွာ ေငြေၾကး မရိွဘူး။ ဒီမွာ တတ္ႏုိင္သေလာက္စုၿပီး ကူညီသြားဖို႔ရိွေပမယ့္ အလွဴရွင္ေတြ လိုေနပါေသးတယ္”ဟု သက္ပိုင္ေဆးခန္းမွ ေဒၚေမႀကီးပုလဲက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
လက္ရိွတြင္ ေမာင္ေအာင္လင္းႏိုင္အား လိြဳင္ေကာ္ေဆးရုံႀကီးမွ အရုိးဆရာဝန္ႀကီး ေဒါက္တာဦးမင္းသူ ၊ ဓာတ္မွန္ ဆရာဝန္ႀကီး ေဒါက္တာ ဦးေအာင္သန္းဝင္း ၊သားဖြားႏွင့္ မီးယပ္အထူးကု ဆရာဝန္ႀကီး ေဒါက္တာ ေဒၚအမာတို႕မွ စစ္ေဆး ေတြ႔ရိွခ်က္အရ ရန္ကုန္တြင္ ခြဲစိတ္ကုသမႈခံယူရန္ တုိက္တြန္းထားျခင္း ျဖစ္သည္။
“ ကၽြန္ေတာ္ ကေတာ့ ေယာက်္ားေလးပဲ ျဖစ္ခ်င္တယ္။ ေယာက်္ားေလးအျဖစ္နဲ႔ပဲ ဘဝတစ္ခုကို လိုခ်င္တယ္ ။ သူမ်ားေတြနဲ႔ သိပ္မေပါင္းဘူး။ ကၽြန္ေတာ့္ အေၾကာင္းသိတဲ့ သူငယ္ခ်င္းတစ္ေယာက္ ႏွစ္ေယာက္နဲ႔ပဲ ေပါင္းတယ္။ လူေတြၾကားထဲမွာ သူတို႕နဲ႔ ကၽြန္ေတာ္က မတူေတာ့ အားငယ္တယ္။ ရွက္တယ္။ ခြဲစိတ္မႈေတြလုပ္ဖို႕ ကူညီေပးၾကပါလို႕ အကူညီ ေတာင္းခ်င္တာေပါ့ ”ဟု ေမာင္ေအာင္လင္းႏိုင္ ကေျပာသည္။
ေမာင္ေအာင္လင္းႏုိင္သည္ ေမာင္ႏွမ ဆယ္ေယာက္တြင္ ရွစ္ေယာက္ေျမာက္ ျဖစ္ေၾကာင္း သိရသည္။
“ ခု ဒီက ေဒၚေမႀကီးပုလဲက ကူညီေပးမယ္ဆိုေတာ့ ဝမ္းသာတာေပါ့။ ဆရာမတို႔ ဦးေဆာင္မႈ ေနာက္ကေန ကၽြန္ေတာ္တို႔က လိုက္လုပ္မယ္။ အဓိကက သူ႔ဘဝေလး ေကာင္းသြားဖို႔ေပါ့။ သူလိုခ်င္တဲ့ ေယာက်္ားေလး ဘဝရဖို႕ ေနာက္ၿပီး ဗိုက္ထဲမွာရွိေနတဲ့ ဥေလးေပါ့။ ဒါကင္ဆာျဖစ္လာႏိုင္တယ္လို႕ ေျပာေတာ့ အရမ္း စိုးရိမ္တယ္။ ဒါေၾကာင့္ ကူညီေပးၾကပါ။ ေဆးကုသဖို႕ စရိတ္က အဆမတန္ ကုန္မွာေလ။ ဆရာမႀကီး တို႕ကလည္း အလွဴခံေပးမယ္ေပါ့။ ဝိုင္းဝန္းကူညီေပးၾကပါလို႕ ေျပာခ်င္ပါတယ္ ”ဟု ေမာင္ေအာင္လင္းႏုိင္၏ ဖခင္က ေျပာသည္။
ေမာင္ေအာင္လင္းႏုိင္သည္ လက္ရိွတြင္ ဖုန္းကုမၸဏီ တစ္ခုတြင္ အလုပ္လုပ္ေနၿပီး ခြဲစိတ္ရန္ ပိုက္ဆံစုေဆာင္းေနေၾကာင္း ႏွင့္ ၎အား ကူညီလိုသူမ်ားအေနျဖင့္ ဖုန္း - 09978974016 သို႔ ဆက္သြယ္ႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - #ဆန္းၿဖိဳးထြန္း
မအဲလစ်ဝင်း (ခေါ်) အောင်လင်းနိုင်မှာ မိန်းကလေးအဖြစ် မွေးဖွားလာသော်လည်း အသက် (၇)နှစ်အရွယ်တွင် ယောကျာ်းအင်္ဂါစတင်ထွက်ရှိလာပြီး လက်ရှိအခြေအနေမှာ ယောကျာ်းလေးအဖြစ် ဆက်လက်ဖွံ့ဖြိုးလာပြီး ကင်ဆာဖြစ်နိုင်သည့် အခြေအနေ ရှိနေ၍ ခွဲစိတ်ကုသရန် လိုအပ်နခြေင်း ဖြစ်ကြောင်း သိရသည်။
“အဲဒီလို အဆင့်ဆင့် ပြောင်းလဲခဲ့ပြီးတော့ အသက်(၇)နှစ်မှာ သူ့ကို ဘာမှလှည့်မကြည့်ဘဲ ယောကျာ်းလေး အဖြစ်ပဲ နေပါစေဆိုပြီးတော့ လွှတ်ထားလိုက်တာပေါ့။ အခု အသက်(၁၇)နှစ်ရောက်တော့ သူက လုံးဝပြောင်းလဲ လာတယ်။ ရင်သားတွေ ထွက်လာတယ်။ အမျိုးသမီးတွေလို ရာသီတော့ မလာဘူး။ အဲဒါနဲ့ ဆေးရုံမှာ ဆရာဝန်ကြီးတွေနဲ့ပြပေးတော့ သူ့ကို ဆေးတိုက်တယ်။ အဲဒါမှ ရင်သားတွေက သိသိ သာသာလေး ပြန်ချပ်သွားတယ်။ စစ်ဆေးကြည့်တော့ သူက အမျိုးသမီးလို သားအိမ် မပါဘူး။ မမျိုးဥတွေ မပါဘူး။ ယောကျာ်းလေး အင်္ဂါကတော့ အသက်(၁၇)နှစ်မှာ သိသိသာသာ ဖွံ့ဖြိုးလာတယ်။ ဆီးသွားရင်တော့ မအင်္ဂါဖက်ကနေ သွားတယ်။ သူကိုးတန်းရောက်တော့ ဒီလိုမျိုး သူများနဲ့လည်း မတူတော့ လူကြားထဲ သူမနေချင်တော့ဘူး။ ကျောင်းနားလိုက်ရတယ်ပေါ့ ”ဟု၎င်း၏ အစ်မဖြစ်သူက ပြောပြသည်။
မောင်အောင်လင်းနိုင်မှာ ဆေးစစ်မှု ရလဒ်များအရ ယောကျာ်းလေး အဖြစ် ဖွံ့ဖြိုးမှုရှိနပြေီး၎င်း ကိုယ်တိုင်ကလည်း ယောကျာ်းလေးအဖြစ် ခံယူထားသဖြင့် ခွဲစိတ်ကုသ၍ ရနိုင်သော်လည်း အလှူရှင် လိုအပ်နေကြောင်း လွိုင်ကော်မြို့ သက်ပိုင်ဆေးခန်းမှ ဒေါ်မကြေီးပုလဲက ပြောသည်။
“သူ့ကို စစ်ဆေးကြည့်တဲ့ သားဖွားနဲ့ မီးယပ်ဆရာဝန်ကြီးက ကလေးကိုအမြန်ဆုံး ခွဲစိတ်ကုသဖို့ ရန်ကုန်ကို သွားဖို့ပြောတယ်။ သူ့ကို ခွဲစိတ်ကုသဖို့လိုနပြေီ။ မခွဲစိတ်ဘဲထားလို့ ကြာလာရင် ကင်ဆာဖြစ်နိုင်တယ်။ သူ့အနေနဲ့ ယောကျာ်းလေး အဖြစ် ရပ်တည်နိုင်ဖို့က ခွဲစိတ် ကုသမှုခံယူဖို့ လိုတယ်။ ရန်ကုန်ကိုသွားဖို့က သူတို့မိသားစုမှာ ငွေကြေး မရှိဘူး။ ဒီမှာ တတ်နိုင်သလောက်စုပြီး ကူညီသွားဖို့ရှိပေမယ့် အလှူရှင်တွေ လိုနေပါသေးတယ်”ဟု သက်ပိုင်ဆေးခန်းမှ ဒေါ်မကြေီးပုလဲက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
လက်ရှိတွင် မောင်အောင်လင်းနိုင်အား လွိုင်ကော်ဆေးရုံကြီးမှ အရိုးဆရာဝန်ကြီး ဒေါက်တာဦးမင်းသူ၊ ဓာတ်မှန် ဆရာဝန်ကြီး ဒေါက်တာ ဦးအောင်သန်းဝင်း၊သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဒေါ်အမာတို့မှ စစ်ဆေး တွေ့ရှိချက်အရ ရန်ကုန်တွင် ခွဲစိတ်ကုသမှုခံယူရန် တိုက်တွန်းထားခြင်း ဖြစ်သည်။
“ ကျွန်တော် ကတော့ ယောကျာ်းလေးပဲ ဖြစ်ချင်တယ်။ ယောကျာ်းလေးအဖြစ်နဲ့ပဲ ဘဝတစ်ခုကို လိုချင်တယ်။ သူများတွေနဲ့ သိပ်မပေါင်းဘူး။ ကျွန်တော့် အကြောင်းသိတဲ့ သူငယ်ချင်းတစ်ယောက် နှစ်ယောက်နဲ့ပဲ ပေါင်းတယ်။ လူတွကြေားထဲမှာ သူတို့နဲ့ ကျွန်တော်က မတူတော့ အားငယ်တယ်။ ရှက်တယ်။ ခွဲစိတ်မှုတွေလုပ်ဖို့ ကူညီပေးကြပါလို့ အကူညီ တောင်းချင်တာပေါ့ ”ဟု မောင်အောင်လင်းနိုင် ကပြောသည်။
မောင်အောင်လင်းနိုင်သည် မောင်နှမ ဆယ်ယောက်တွင် ရှစ်ယောက်မြောက် ဖြစ်ကြောင်း သိရသည်။
“ ခု ဒီက ဒေါ်မကြေီးပုလဲက ကူညီပေးမယ်ဆိုတော့ ဝမ်းသာတာပေါ့။ ဆရာမတို့ ဦးဆောင်မှု နောက်ကနေ ကျွန်တော်တို့က လိုက်လုပ်မယ်။ အဓိကက သူ့ဘဝလေး ကောင်းသွားဖို့ပေါ့။ သူလိုချင်တဲ့ ယောကျာ်းလေး ဘဝရဖို့ နောက်ပြီး ဗိုက်ထဲမှာရှိနေတဲ့ ဥလေးပေါ့။ ဒါကင်ဆာဖြစ်လာနိုင်တယ်လို့ ပြောတော့ အရမ်း စိုးရိမ်တယ်။ ဒါကြောင့် ကူညီပေးကြပါ။ ဆေးကုသဖို့ စရိတ်က အဆမတန် ကုန်မှာလေ။ ဆရာမကြီး တို့ကလည်း အလှူခံပေးမယ်ပေါ့။ ဝိုင်းဝန်းကူညီပေးကြပါလို့ ပြောချင်ပါတယ် ”ဟု မောင်အောင်လင်းနိုင်၏ ဖခင်က ပြောသည်။
မောင်အောင်လင်းနိုင်သည် လက်ရှိတွင် ဖုန်းကုမ္ပဏီ တစ်ခုတွင် အလုပ်လုပ်နပြေီး ခွဲစိတ်ရန် ပိုက်ဆံစုဆောင်းနေကြောင်း နှင့်၎င်းအား ကူညီလိုသူများအနဖြေင့် ဖုန်း - 09978974016 သို့ ဆက်သွယ်နိုင်မှာ ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - #ဆန်းဖြိုးထွန်း
