လိုင္စင္မဲ့ဆိုင္ကယ္မ်ားအား တိုးျမႇင့္ထားသည့္ လိုင္စင္ဒဏ္ေၾကးျဖင့္ ပထမဆံုးအႀကိမ္ ျပဳလုပ္ေပးျခင္းျဖစ္

လိုင္စင္မဲ့ဆိုင္ကယ္မ်ားအား တိုးျမႇင့္ထားသည့္ လိုင္စင္ဒဏ္ေၾကးျဖင့္ ပထမဆံုးအႀကိမ္ ျပဳလုပ္ေပးျခင္းျဖစ္
မတ် 3, 2017
By Tachileik News Agency
၂၀၁၄ ခုႏွစ္က တစ္ႏုိင္ငံလံုးအတုိင္းအတာျဖင့္ လုိင္စင္မဲ့ဆုိင္ကယ္မ်ားအား မွတ္ပံုတင္ေပးၿပီးေနာက္ တိုးျမႇင့္ သတ္မွတ္လုိက္သည့္ ဒဏ္ေၾကးျဖင့္ ပထမဆံုးအႀကိမ္ ယာဥ္မွတ္ပံုတင္ေပးျခင္းကို ရွမ္းျပည္နယ္ႏွင့္ ပဲခူးတိုင္းေဒသႀကီးတို႔တြင္ ၂၀၁၇ခုႏွစ္ မတ္လ (၁) ရက္ေန႔မွ စတင္လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။
“အခြန္ေငြမ်ားတဲ့ ကိစၥကေတာ့ အရင္အစုိးရ လက္ထက္ကတည္းက (၅၀)ရာခုိင္ႏႈန္းဆိုတာ သတ္မွတ္ ညႊန္ၾကားထားတာပါ။ ဒါက ေနာက္ဆံုးလို႔ ေၾကညာၿပီးေတာ့မွ သတ္မွတ္ထားခဲ့တဲ့ ႏႈန္းထားျဖစ္ပါတယ္။ showroom ဖြင့္ၿပီး တရားဝင္ အခြန္ေဆာင္ၿပီး ေရာင္းခြင့္ျပဳထားခ်ိန္မွာ လိုင္စင္မဲ့ေတြ ဝင္တာကိုေတာ့ ဟန္႔တားခ်င္တဲ့အတြက္ အခြန္ႏႈန္းထား ျမႇင့္ထားတာပါ”ဟု တာခ်ီလိတ္ခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာန ခရိုင္ဦးစီးမွဴး ဦးေသာင္းျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
ပထမစီမံခ်က္ အျဖစ္ တစ္ႏုိင္ငံလံုး အတိုင္းအတာျဖင့္ လိုင္စင္မဲ့ ဆိုင္ကယ္မ်ားအား ျပင္ပ တန္ဖိုးထက္ဝက္၏ (၁၅) ရာခုိင္ႏႈန္း ဒဏ္ေၾကး သတ္မွတ္၍ (၇)ႀကိမ္အထိ ယာဥ္မွတ္ပံုတင္ ထုတ္ေပးခဲ့ၿပီးေနာက္ ၂၀၁၄ ခုႏွစ္တြင္ လိုင္စင္မဲ့ ဆိုင္ကယ္မ်ားအား ျပင္ပတန္ဖိုး၏ (၅၀) ရာခိုင္ႏႈန္း ဒဏ္ေၾကးျဖင့္ ယာဥ္မွတ္ပံုတင္ျခင္းကို တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရမ်ား အေနျဖင့္ မိမိတို႔ အစီအစဥ္ျဖင့္သာ ေဆာင္ရြက္ရန္ အမိန္႔ညႊန္ၾကားခ်က္မ်ား ထုတ္ျပန္ထားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“လုိင္စင္မဲ့ေတြ မ်ားလာရင္ေတာ့ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ အသီးသီးက ကိုယ့္အစီအစဥ္နဲ႔ ကိုယ္လုပ္ပါ။ လုပ္တဲ့အခါမွာ ကိုယ့္ေဒသတြင္း သင့္ေတာ္တဲ့ အေရအတြက္ သတ္မွတ္ၿပီးလုပ္ပါ။ ၿပီးေတာ့ ျပည္ေထာင္စု အစိုးရကို (၂၅) ရာခုိင္ႏႈန္းသြင္းၿပီးေတာ့ ျပည္နယ္အစိုးရ၊ တုိင္းေဒသႀကီးအစိုးရက (၇၅) ရာခုိင္ႏႈန္း ဒဏ္ေၾကးကို ယူပါဆိုၿပီးေတာ့ အရင္အစုုိးရ လက္ထက္ကတည္းက ထြက္ထားတဲ့ ရံုးအမိန္႔ညႊန္ၾကားခ်က္ ထြက္ထားၿပီးသား ရိွပါတယ္။ အဲဒီထြက္ထားတဲ့ ရံုးအမိန္႔အတိုင္းပဲ အခုလက္ရိွ အစုိးရက အေကာင္အထည္ ေဖာ္တာပါ။ အသစ္လုပ္ထားတာ မဟုတ္ပါဘူး။ ဒီတခါက (၅၀)ရာခုိုင္ႏႈန္းျဖစ္သြားေတာ့ ပိုမ်ားသြားပါမယ္”ဟု ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန တာခ်ီလိတ္ခရိုင္ဦးစီးမွဴး ဦးေသာင္းျမင့္က ေျပာသည္။
တစ္ႏုိင္ငံလံုး အတုိင္းအတာျဖင့္ လိုင္စင္မဲ့ ဆုိင္ကယ္မ်ား မွတ္ပံုတင္ေပးျခင္း၊ ဆိိုင္ကယ္ အေရာင္းျပခန္းမ်ား အျဖစ္ တရားဝင္အခြန္ေဆာင္ တင္သြင္းေစၿပီး ေရာင္းခ်ခြင့္ ျပဳထားေသာ္လည္း မွတ္ပံုတင္မဲ့ ဆိုင္ကယ္စီးနင္းမႈ ေဒသအလိုက္ တိုးလာေနဆဲျဖစ္ေၾကာင္း သိရသည္။
“အရင္တုန္းက လိုင္စင္မဲ့ ဆုိိင္ကယ္ေတြ မွတ္ပံုတင္ဆိုေတာ့ အားလံုးလိုလို မွတ္ပံုတင္ၾကပါတယ္။ ဒါေပမဲ့ လိုင္စင္မဲ့ေတြက ထပ္တိုးလာေနတာပဲ။ အရင္လို လိုင္စင္ထပ္ထုတ္ေပးမယ္ ထင္တာေပါ့။ အခုလို ဒဏ္ေၾကးက အမ်ားႀကီးနဲ႔ လိုင္စင္လုပ္ေပးမယ္ဆိုေတာ့ နည္းနည္းခက္တာေပါ့”ဟု တာခ်ီလိတ္မွ ေဒသခံတစ္ဦးျဖစ္သည့္ ဦးေက်ာ္စိုးက ေျပာသည္။
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရမ်ား အေနျဖင့္ ၂၀၁၄ ခုနွစ္က အမိန္႔ညႊန္ၾကားခ်က္အား ၂၀၁၆ ခုႏွစ္အထိ အေကာင္အထည္ ေဖာ္ခဲ့ျခင္းမရိွဘဲ ၂၀၁၇ ခုႏွစ္တြင္ အဆိုပါဒဏ္ေၾကးႏႈန္းထားအသစ္အား စတင္အေကာင္အထည္ ေဖာ္ျခင္းျဖစ္ေၾကာင္း သိရသည္။
“ပထမစီမံခ်က္ကို (၇) ႀကိမ္လုပ္ေပးတဲ့အခ်ိန္တုန္းက အခြန္ႏႈန္းထားက နည္းပါတယ္။ ျပင္ပတန္ဖိုးရဲ႕ တစ္ဝက္၊ အဲဒီတစ္ဝက္ရဲ႕ (၁၅) ရာခုိင္ႏႈန္းပါ။ အရင္အႀကိမ္ေတြက လုပ္ေပးခဲ့တယ္။ အဲဒီလိုလုပ္ေပးခ်ိန္မွာ ဒါက ေနာက္ဆံုး လုပ္ေပးျခင္းျဖစ္ပါတယ္။ ေနာက္ထပ္ မလုပ္ေပးေတာ့ပါဘူးဆိုၿပီး တီဗီြမွာ အႀကိမ္ႀကိမ္ ေၾကညာခဲ့ပါတယ္။ ေၾကညာၿပီး ၂၀၁၄ ခုႏွစ္မွာ ေနာက္ဆံုးအႀကိမ္ လိုင္စင္လုပ္ေပးခဲ့ပါတယ္။ ၿပီးၿပီးခ်င္းမွာပဲ အခုလက္ရိွ အမိန္႔ ထြက္ထားပါတယ္။ ဒါေပမဲ့ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္အစိိုးရေတြ အေနနဲ႔ ကိုယ့္ အစီအစဥ္နဲ႔ကိုယ္ အေကာင္အထည္ ေဖာ္ရမွာဆိုေတာ့ အရင္ လုပ္ထံုးလုပ္နည္းေတြအတုိင္း မဟုတ္ေတာ့ အေကာင္အထည္ မေဖာ္ႏုိင္ခဲ့ေသးတာပါ”ဟု ခရိုင္ဦးစီးမွဴး ဦးေသာင္းျမင့္က ေျပာသည္။ 
ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ဆုိင္ကယ္မ်ား ယာဥ္မွတ္ပံုတင္ ထုတ္ေပးေနျခင္းကို လက္ရိွအခ်ိန္ထိ ရက္ကန္႔သတ္ထားျခင္း မရိွေသးဘဲ လုပ္ထံုးလုပ္နည္းအေျပာင္းအလဲမ်ားေၾကာင့္ သက္ဆိုင္ရာဌာနမ်ားႏွင့္ ျပည္နယ္အစိုးရတို႔ ညိွႏိႈင္းလုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သိရသည္။
“လုပ္ထံုးလုပ္နည္းက အသစ္ျဖစ္သြားတာေပါ့။ အရင္ကေတာ့ တစ္ႏုိင္ငံလံုးအတုိင္းအတာဆိုေတာ့ ျပည္ေထာင္စု အစိုးရညႊန္ၾကားခ်က္ျဖစ္တယ္။ အခုက ျပည္နယ္အစိုးရနဲ႔ ညိႇႏိႈင္းရတာျဖစ္ပါတယ္”ဟု တာခ်ီလိတ္ခရိုင္ အေကာက္ခြန္ဦးစီးဌာနမွ ဦးစီးမွဴး ဦးေက်ာ္ေက်ာ္စိုးက ေျပာသည္။
ရွမ္းျပည္နယ္အတြင္း ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနရံုးမ်ားတြင္ အပတ္စဥ္ ဗုဒၶဟူးေန႔တုိင္း လိုင္စင္မဲ့ဆိုင္ကယ္မ်ား ယာဥ္မွတ္ပံုတင္ျခင္းကို လုပ္ေဆာင္ေပးေနၿပီး ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ နံနက္(၈)နာရီမွစတင္ကာ တစ္ေန႔တာ အတြင္းအစီးေရ (၁၀၀)ဝန္းက်င္ကို မွတ္ပံုတင္ေပးေနေၾကာင္း သိရသည္။
ယာဥ္မွတ္ပံုတင္အတြက္ ထုတ္ျပန္ေပးထားသည့္ ဆိုင္ကယ္အမ်ိဳးအစားအလိုက္ ေဒသေပါက္ေစ်း၏ ထက္ဝက္အား ဒဏ္ေၾကးအျဖစ္ ေပးေဆာင္ရမည္ျဖစ္ၿပီး ပံုမွန္လိုင္စင္ေၾကး ျဖစ္သည့္ ကုန္းလမ္း ပို႔ေဆာင္ေရး ညြန္ၾကားမႈဦးစီးဌာန အခြန္ က်ပ္ (၃၀၉၀၀)ႏွင့္ အာမခံအတြက္ က်ပ္ (၄၁၅၀)တို႔ကို ေပးသြင္းရမည္ျဖစ္ကာ ဆိုင္ကယ္လိုင္စင္အား တစ္ေန႔တာအတြင္း အၿပီးအစီး စိစစ္ထုတ္ေပးေနျခင္း ျဖစ္ေၾကာင္း သိရသည္။
သတင္း - ခ်ယ္ရီထိုက္
~~~~~~~~⊰❂ unicode ~~~~~~~~
၂၀၁၄ ခုနှစ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လိုင်စင်မဲ့ဆိုင်ကယ်များအား မှတ်ပုံတင်ပေးပြီးနောက် တိုးမြှင့် သတ်မှတ်လိုက်သည့် ဒဏ်ကြေးဖြင့် ပထမဆုံးအကြိမ် ယာဉ်မှတ်ပုံတင်ပေးခြင်းကို ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ၂၀၁၇ခုနှစ် မတ်လ (၁) ရက်နေ့မှ စတင်လုပ်ဆောင်ပေးနေကြောင်း သိရသည်။

“အခွန်ငွေများတဲ့ ကိစ္စကတော့ အရင်အစိုးရ လက်ထက်ကတည်းက (၅၀)ရာခိုင်နှုန်းဆိုတာ သတ်မှတ် ညွှန်ကြားထားတာပါ။ ဒါက နောက်ဆုံးလို့ ကြေညာပြီးတော့မှ သတ်မှတ်ထားခဲ့တဲ့ နှုန်းထားဖြစ်ပါတယ်။ showroom ဖွင့်ပြီး တရားဝင် အခွန်ဆောင်ပြီး ရောင်းခွင့်ပြုထားချိန်မှာ လိုင်စင်မဲ့တွေ ဝင်တာကိုတော့ ဟန့်တားချင်တဲ့အတွက် အခွန်နှုန်းထား မြှင့်ထားတာပါ”ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

ပထမစီမံချက် အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုင်စင်မဲ့ ဆိုင်ကယ်များအား ပြင်ပ တန်ဖိုးထက်ဝက်၏ (၁၅) ရာခိုင်နှုန်း ဒဏ်ကြေး သတ်မှတ်၍ (၇)ကြိမ်အထိ ယာဉ်မှတ်ပုံတင် ထုတ်ပေးခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် လိုင်စင်မဲ့ ဆိုင်ကယ်များအား ပြင်ပတန်ဖိုး၏ (၅၀) ရာခိုင်နှုန်း ဒဏ်ကြေးဖြင့် ယာဉ်မှတ်ပုံတင်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနဖြေင့် မိမိတို့ အစီအစဉ်ဖြင့်သာ ဆောင်ရွက်ရန် အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“လိုင်စင်မဲ့တွေ များလာရင်တော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်ပါ။ လုပ်တဲ့အခါမှာ ကိုယ့်ဒေသတွင်း သင့်တော်တဲ့ အရေအတွက် သတ်မှတ်ပြီးလုပ်ပါ။ ပြီးတော့ ပြည်ထောင်စု အစိုးရကို (၂၅) ရာခိုင်နှုန်းသွင်းပြီးတော့ ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီးအစိုးရက (၇၅) ရာခိုင်နှုန်း ဒဏ်ကြေးကို ယူပါဆိုပြီးတော့ အရင်အစိုးရ လက်ထက်ကတည်းက ထွက်ထားတဲ့ ရုံးအမိန့်ညွှန်ကြားချက် ထွက်ထားပြီးသား ရှိပါတယ်။ အဲဒီထွက်ထားတဲ့ ရုံးအမိန့်အတိုင်းပဲ အခုလက်ရှိ အစိုးရက အကောင်အထည် ဖော်တာပါ။ အသစ်လုပ်ထားတာ မဟုတ်ပါဘူး။ ဒီတခါက (၅၀)ရာခိုင်နှုန်းဖြစ်သွားတော့ ပိုများသွားပါမယ်”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တာချီလိတ်ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်က ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုင်စင်မဲ့ ဆိုင်ကယ်များ မှတ်ပုံတင်ပေးခြင်း၊ ဆိုင်ကယ် အရောင်းပြခန်းများ အဖြစ် တရားဝင်အခွန်ဆောင် တင်သွင်းစပြေီး ရောင်းချခွင့် ပြုထားသော်လည်း မှတ်ပုံတင်မဲ့ ဆိုင်ကယ်စီးနင်းမှု ဒေသအလိုက် တိုးလာနေဆဲဖြစ်ကြောင်း သိရသည်။

“အရင်တုန်းက လိုင်စင်မဲ့ ဆိုင်ကယ်တွေ မှတ်ပုံတင်ဆိုတော့ အားလုံးလိုလို မှတ်ပုံတင်ကြပါတယ်။ ဒါပေမဲ့ လိုင်စင်မဲ့တွေက ထပ်တိုးလာနေတာပဲ။ အရင်လို လိုင်စင်ထပ်ထုတ်ပေးမယ် ထင်တာပေါ့။ အခုလို ဒဏ်ကြေးက အများကြီးနဲ့ လိုင်စင်လုပ်ပေးမယ်ဆိုတော့ နည်းနည်းခက်တာပေါ့”ဟု တာချီလိတ်မှ ဒေသခံတစ်ဦးဖြစ်သည့် ဦးကျော်စိုးက ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနဖြေင့် ၂၀၁၄ ခုနှစ်က အမိန့်ညွှန်ကြားချက်အား ၂၀၁၆ ခုနှစ်အထိ အကောင်အထည် ဖော်ခဲ့ခြင်းမရှိဘဲ ၂၀၁၇ ခုနှစ်တွင် အဆိုပါဒဏ်ကြေးနှုန်းထားအသစ်အား စတင်အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

“ပထမစီမံချက်ကို (၇) ကြိမ်လုပ်ပေးတဲ့အချိန်တုန်းက အခွန်နှုန်းထားက နည်းပါတယ်။ ပြင်ပတန်ဖိုးရဲ့ တစ်ဝက်၊ အဲဒီတစ်ဝက်ရဲ့ (၁၅) ရာခိုင်နှုန်းပါ။ အရင်အကြိမ်တွေက လုပ်ပေးခဲ့တယ်။ အဲဒီလိုလုပ်ပေးချိန်မှာ ဒါက နောက်ဆုံး လုပ်ပေးခြင်းဖြစ်ပါတယ်။ နောက်ထပ် မလုပ်ပေးတော့ပါဘူးဆိုပြီး တီဗွီမှာ အကြိမ်ကြိမ် ကြေညာခဲ့ပါတယ်။ ကြေညာပြီး ၂၀၁၄ ခုနှစ်မှာ နောက်ဆုံးအကြိမ် လိုင်စင်လုပ်ပေးခဲ့ပါတယ်။ ပြီးပြီးချင်းမှာပဲ အခုလက်ရှိ အမိန့် ထွက်ထားပါတယ်။ ဒါပေမဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ အနေနဲ့ ကိုယ့် အစီအစဉ်နဲ့ကိုယ် အကောင်အထည် ဖော်ရမှာဆိုတော့ အရင် လုပ်ထုံးလုပ်နည်းတွေအတိုင်း မဟုတ်တော့ အကောင်အထည် မဖော်နိုင်ခဲ့သေးတာပါ”ဟု ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်က ပြောသည်။

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များ ယာဉ်မှတ်ပုံတင် ထုတ်ပေးနခြေင်းကို လက်ရှိအချိန်ထိ ရက်ကန့်သတ်ထားခြင်း မရှိသေးဘဲ လုပ်ထုံးလုပ်နည်းအပြောင်းအလဲများကြောင့် သက်ဆိုင်ရာဌာနများနှင့် ပြည်နယ်အစိုးရတို့ ညှိနှိုင်းလုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

“လုပ်ထုံးလုပ်နည်းက အသစ်ဖြစ်သွားတာပေါ့။ အရင်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာဆိုတော့ ပြည်ထောင်စု အစိုးရညွှန်ကြားချက်ဖြစ်တယ်။ အခုက ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းရတာဖြစ်ပါတယ်”ဟု တာချီလိတ်ခရိုင် အကောက်ခွန်ဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ကျော်စိုးက ပြောသည်။

ရှမ်းပြည်နယ်အတွင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လိုင်စင်မဲ့ဆိုင်ကယ်များ ယာဉ်မှတ်ပုံတင်ခြင်းကို လုပ်ဆောင်ပေးနပြေီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နံနက်(၈)နာရီမှစတင်ကာ တစ်နေ့တာ အတွင်းအစီးရေ (၁၀၀)ဝန်းကျင်ကို မှတ်ပုံတင်ပေးနေကြောင်း သိရသည်။

ယာဉ်မှတ်ပုံတင်အတွက် ထုတ်ပြန်ပေးထားသည့် ဆိုင်ကယ်အမျိုးအစားအလိုက် ဒေသပေါက်ဈေး၏ ထက်ဝက်အား ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်ပြီး ပုံမှန်လိုင်စင်ကြေး ဖြစ်သည့် ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန အခွန် ကျပ် (၃၀၉၀၀)နှင့် အာမခံအတွက် ကျပ် (၄၁၅၀)တို့ကို ပေးသွင်းရမည်ဖြစ်ကာ ဆိုင်ကယ်လိုင်စင်အား တစ်နေ့တာအတွင်း အပြီးအစီး စိစစ်ထုတ်ပေးနခြေင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~