ေက်ာက္မဲခ႐ိုင္အားကစားကြင္းတြင္ သင္တန္းသားမွ လြဲ၍ ျပင္ပလူကစားခြင့္ ေခတၱပိတ္ထား

ေက်ာက္မဲခ႐ိုင္အားကစားကြင္းတြင္ သင္တန္းသားမွ လြဲ၍ ျပင္ပလူကစားခြင့္ ေခတၱပိတ္ထား
မတ် 3, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ရွိ ခရိုင္အားကစားကြင္းအား ျမက္ခင္းျပင္မ်ား စိမ္းလန္း စိုျပည္ေစရန္ လုပ္ေဆာင္ေနသည့္အတြက္ ေႏြရာသီသင္တန္းမွ သင္တန္းသားမ်ားမွအပ အျခား ကစားသမားမ်ား ဝင္ေရာက္ကစားခြင့္ ေခတၱရပ္ဆိုင္းထားမည္ျဖစ္ေၾကာင္း ခရိုင္ အား/ကာ ရံုးမွ သိရသည္။

“ေႏြရာသီ ေရာက္လာၿပီျဖစ္တဲ့အတြက္ ကြ်န္ေတာ္တို႔ ေဘာလံုးကြင္းမွာရွိတဲ့ ျမက္ပင္ေတြ ေျခာက္ေသြ႔ေနတာကို ျပန္ၿပီး စိမ္းလန္းစိုျပည္ေအာင္လုပ္ဖို႔ရယ္ ပြဲၾကည့္စင္မွာ ပ်က္စီးေနတဲ့ အပိုင္းတခ်ိဳ႕ကို ျပန္လည္မြမ္းမံမႈေတြ လုုပ္ဖို႔ အတြက္ရယ္ေႀကာင့္ ခရိုင္အားကစားကြင္း အတြင္း ဝင္ေရာက္ကစားခြင့္မျပဳေသးဘဲ ေခတၱပိတ္ထားမွာျဖစ္ပါတယ္”ဟု ေက်ာက္မဲခ႐ိုင္ အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးေနေဇာ္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၇ ခုႏွစ္ ေႏြရာသီအေျခခံ အားကစား သင္တန္းအျဖစ္ ဖြင့္လွစ္ထားသည့္ အားကစားနည္း (၈) မ်ိဳးကုိ အခမဲ့သင္တန္းမ်ားမွ ကစားသမားမ်ားလည္း အသံုးျပဳေနသျဖင့္ အျခားသူမ်ားအား ကစားကြင္းတြင္ ဝင္ခြင့္ျပဳလုိက္ပါက ျမက္ခင္းမ်ားကို ေရျဖန္းျခင္း၊ ျပဳျပင္ ထိန္းသိမ္းျခင္းမ်ား ျပဳလုပ္ရန္ အခ်ိန္မရေသာေၾကာင့္ ေခတၱပိတ္ထားရျခင္းျဖစ္သည္ဟု ဆိုသည္။

“ကြ်န္ေတာ္တို႔ ေဘာလံုးကန္ေလ့က်င့္ဖို႔သြားေတာ့ ခရိုင္အားကစားကြင္းက ပိတ္ထားတာကိုပဲေတြ႔ရတယ္၊ ဘာေၾကာင့္ပိတ္ထားတယ္၊ ဘယ္ခ်ိန္ထိပိတ္ထားမယ္ဆိုတာ ေၾကညာထားတာ မေတြ႔ဘူး။ ၿမိဳ႕ထဲကကြင္း (ၿမိဳ႕နယ္ အားကစားကြင္း) မွာက်ေတာ့ ကြင္းက မေကာင္းဘူး။ ႏွစ္တိုင္း ၿပိဳင္ပြဲလုပ္ရင္ ဒီကြင္းမွာပဲ လုပ္တဲ့အတြက္ ဒီမွာပဲ ႏွစ္တိုင္း ေလ့က်င့္ရတာ။ ဒီကြင္းကိုပဲ တစ္ၿမိဳ႕လံုးက အားကိုးေနရတာျဖစ္တဲ့အတြက္ ဘာေၾကာင့္ ပိတ္ထားရတယ္ ဘယ္ခ်ိန္ထိပိတ္ထားမယ္ဆိုတာ ေၾကညာေပးေစခ်င္တယ္” ဟု ႏွစ္စဥ္ေဘာလံုးအားကစားၿပိဳင္ပြဲမ်ား ဝင္ေရာက္ ယွဥ္ၿပိဳင္ေနသူ ကိုေဇာ္ေဇာ္က ေျပာသည္။

ခရိုင္အားကစားကြင္းအား ေဖေဖာ္ဝါရီလ (၂၁) ရက္ေန႔မွ စတင္ကာ ေႏြရာသီအားကစားသင္တန္း တက္ေရာက္သူမ်ားမွလြဲ၍ ဝင္ေရာက္ကစားခြင့္ ပိတ္ပင္ထားသည့္အတြက္ ေဘာလံုးကန္ ေလ့က်င့္မည့္ သူမ်ား အခက္အခဲ ျဖစ္ေနရေၾကာင္း ၎က ေျပာသည္။

အားကစားမွဴးမ်ား၏ တာဝန္ႏွင့္ ဝတၱရားအရ အားကစားကြင္း၊ အားကစားရံုမ်ားအား ထိန္းသိမ္း ေစာင့္ေရွာက္ရန္ႏွင့္ မပ်က္စီးေစရန္ျပဳျပင္ေစာင့္ေရွာက္ရမည့္ တာဝန္ရွိသည့္အတြက္ ယခုကဲ့သို႔ လုပ္ေဆာင္ရျခင္းျဖစ္ၿပီး ျမက္ခင္းမ်ား စိမ္းလန္းစိုျပည္လာသည့္ အခ်ိန္ထိ ျပဳျပင္ေဆာင္ရြက္မႈမ်ား ဆက္လက္လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း ေက်ာက္မဲခရိုင္ အားကစားႏွင့္ ကာယပညာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴးထံမွ သိရသည္။

သတင္း - #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်ရှိ ခရိုင်အားကစားကွင်းအား မြက်ခင်းပြင်များ စိမ်းလန်း စိုပြည်စေရန် လုပ်ဆောင်နေသည့်အတွက် နွေရာသီသင်တန်းမှ သင်တန်းသားများမှအပ အခြား ကစားသမားများ ဝင်ရောက်ကစားခွင့် ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ခရိုင် အား/ကာ ရုံးမှ သိရသည်။

“နွေရာသီ ရောက်လာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘောလုံးကွင်းမှာရှိတဲ့ မြက်ပင်တွေ ခြောက်သွေ့နေတာကို ပြန်ပြီး စိမ်းလန်းစိုပြည်အောင်လုပ်ဖို့ရယ် ပွဲကြည့်စင်မှာ ပျက်စီးနေတဲ့ အပိုင်းတချို့ကို ပြန်လည်မွမ်းမံမှုတွေ လုပ်ဖို့ အတွက်ရယ်ကြောင့် ခရိုင်အားကစားကွင်း အတွင်း ဝင်ရောက်ကစားခွင့်မပြုသေးဘဲ ခေတ္တပိတ်ထားမှာဖြစ်ပါတယ်”ဟု ကျောက်မဲခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနေဇော်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၇ ခုနှစ် နွေရာသီအခြေခံ အားကစား သင်တန်းအဖြစ် ဖွင့်လှစ်ထားသည့် အားကစားနည်း (၈) မျိုးကို အခမဲ့သင်တန်းများမှ ကစားသမားများလည်း အသုံးပြုနေသဖြင့် အခြားသူများအား ကစားကွင်းတွင် ဝင်ခွင့်ပြုလိုက်ပါက မြက်ခင်းများကို ရဖြေန်းခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းများ ပြုလုပ်ရန် အချိန်မရသောကြောင့် ခေတ္တပိတ်ထားရခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ ဘောလုံးကန်လေ့ကျင့်ဖို့သွားတော့ ခရိုင်အားကစားကွင်းက ပိတ်ထားတာကိုပဲတွေ့ရတယ်၊ ဘာကြောင့်ပိတ်ထားတယ်၊ ဘယ်ချိန်ထိပိတ်ထားမယ်ဆိုတာ ကြေညာထားတာ မတွေ့ဘူး။ မြို့ထဲကကွင်း (မြို့နယ် အားကစားကွင်း) မှာကျတော့ ကွင်းက မကောင်းဘူး။ နှစ်တိုင်း ပြိုင်ပွဲလုပ်ရင် ဒီကွင်းမှာပဲ လုပ်တဲ့အတွက် ဒီမှာပဲ နှစ်တိုင်း လေ့ကျင့်ရတာ။ ဒီကွင်းကိုပဲ တစ်မြို့လုံးက အားကိုးနေရတာဖြစ်တဲ့အတွက် ဘာကြောင့် ပိတ်ထားရတယ် ဘယ်ချိန်ထိပိတ်ထားမယ်ဆိုတာ ကြေညာပေးစေချင်တယ်” ဟု နှစ်စဉ်ဘောလုံးအားကစားပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်နေသူ ကိုဇော်ဇော်က ပြောသည်။

ခရိုင်အားကစားကွင်းအား ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ စတင်ကာ နွေရာသီအားကစားသင်တန်း တက်ရောက်သူများမှလွဲ၍ ဝင်ရောက်ကစားခွင့် ပိတ်ပင်ထားသည့်အတွက် ဘောလုံးကန် လေ့ကျင့်မည့် သူများ အခက်အခဲ ဖြစ်နေရကြောင်း၎င်းက ပြောသည်။

အားကစားမှူးများ၏ တာဝန်နှင့် ဝတ္တရားအရ အားကစားကွင်း၊ အားကစားရုံများအား ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် မပျက်စီးစေရန်ပြုပြင်စောင့်ရှောက်ရမည့် တာဝန်ရှိသည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ပြီး မြက်ခင်းများ စိမ်းလန်းစိုပြည်လာသည့် အချိန်ထိ ပြုပြင်ဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကျောက်မဲခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးထံမှ သိရသည်။

သတင်း - #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~