ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ၿမိဳ႕နယ္တြင္ လက္ေရြးစင္ ေဘာလုံးသမားေကာင္းမ်ား ေရြးထုတ္ရန္ အတြက္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဖလား အလြတ္တန္း ေဘာလုံးၿပိဳင္ပဲြကို ေဒသတြင္း ေဘာလံုးအသင္း (၈)သင္းက ဝင္ေရာက္ ယွဥ္ၿပိဳင္ေနေၾကာင္း သိရသည္။
ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဖလား အဆိိုပါ ေဘာလံုးၿပိဳင္ပြဲအား မတ္လ (၃) ရက္ေန႔တြင္ စတင္ ဖြင့္လွစ္ လိုက္ျခင္းျဖစ္သည္။
ပထေန႔ၿပိဳင္ပြဲတြင္ မယ္ဆြမ္ေျမာက္အသင္းႏွင့္ မာကိုပိုလိုအသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကရာ မယ္ဆြမ္ေျမာက္ အသင္းက မာကိုပိုလိုအသင္းကို သုံးဂိုး ဂိုးမရိွျဖင့္ အႏိုင္ရရိွသြားေၾကာင္း သိရသည္။
အဆိုပါ ဖြင့္ပဲြသို႔ ခ႐ိုင္၊ ၿမိဳ႕နယ္မွ ဌာနဆိုင္ရာမ်ား၊ ေဘာလုံး ၀ါသနာရွင္မ်ားႏွင့္ ၿပိဳင္ပဲြ၀င္ေဘာလုံး အသင္း(၈) သင္းမွ အားကစားသမားမ်ား တက္ေရာက္ခဲ့ၾကၿပီး ၿပိဳင္ပဲြကို မတ္လ (၁၉) ရက္ေန႔အထိ က်င္းပမည္ ျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - သန္းေဇာ္ဦး
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင် လက်ရွေးစင် ဘောလုံးသမားကောင်းများ ရွေးထုတ်ရန် အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်း ဘောလုံးပြိုင်ပွဲကို ဒေသတွင်း ဘောလုံးအသင်း (၈)သင်းက ဝင်ရောက် ယှဉ်ပြိုင်နေကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အဆိုပါ ဘောလုံးပြိုင်ပွဲအား မတ်လ (၃) ရက်နေ့တွင် စတင် ဖွင့်လှစ် လိုက်ခြင်းဖြစ်သည်။
ပထနေ့ပြိုင်ပွဲတွင် မယ်ဆွမ်မြောက်အသင်းနှင့် မာကိုပိုလိုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မယ်ဆွမ်မြောက် အသင်းက မာကိုပိုလိုအသင်းကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲသို့ ခရိုင်၊ မြို့နယ်မှ ဌာနဆိုင်ရာများ၊ ဘောလုံး ဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်ဘောလုံး အသင်း(၈) သင်းမှ အားကစားသမားများ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲကို မတ်လ (၁၉) ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - သန်းဇော်ဦး