ကြတ္ခုိင္ၿမိဳ႕အနီး ပစ္ခတ္မႈေၾကာင့္ ျပည္ေထာင္စုလမ္းမႀကီး ျပဳျပင္ေနသည့္ လမ္းလုပ္သား ၃ ဦး ဒဏ္ရာရ

ကြတ္ခုိင္ၿမိဳ႕အနီး ပစ္ခတ္မႈေၾကာင့္ ျပည္ေထာင္စုလမ္းမႀကီး ျပဳျပင္ေနသည့္ လမ္းလုပ္သား ၃ ဦး ဒဏ္ရာရ
မတ် 4, 2017
By Tachileik News Agency
ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕ နမ့္ခိုက္ေက်းရြာအနီးတြင္ မတ္လ (၄) ရက္ေန႔ နံနက္ (၄) နာရီ (၄၅) မိနစ္ခန္႔က တပ္မေတာ္ႏွင့္ ေျမာက္ပိုင္း မဟာမိတ္အဖြဲ႕တို႔ ပစ္ခတ္မႈျဖစ္ပြားသျဖင့့္ လမ္းလုပ္သား (၃) ဦး ဒဏ္ရာရသြားေၾကာင္း သိရသည္။
"မနက္ (၄) နာရီ (၄၅) ေလာက္မွာစၿပီး ပစ္ခတ္မႈေတြ ျဖစ္ၾကတယ္။ (၅) နာရီခြဲေလာက္မွာ ပစ္ခတ္တာေတြ ရပ္သြားတယ္။ ပစ္ခတ္ၾကတဲ့ေနရာ အနီးမွာရိွေနတဲ့ လမ္းလုပ္သားေတြရဲ႕ တဲအိမ္ေပၚကို လက္နက္က်ည္ က်ေရာက္ၿပီးေတာ့ လမ္းလုပ္သား (၃) ဦး ဒဏ္ရာရရွိထားပါတယ္။ အခုေတာ့ သြားေရာက္ သယ္ေဆာင္ေနၾကတုန္းပဲ ရွိပါေသးတယ္။ ဒဏ္ရာ အေျခအေနေတာ့ မေျပာျပတတ္ေသးဘူး"ဟု ကြတ္ခိုင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္လြင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။
ပစ္ခတ္မႈအတြင္း ဒဏ္ရာရရွိခဲ့သည့္ လမ္းလုပ္သား (၃) ဦးမွာ ျပည္ေထာင္စုလမ္းမႀကီး လမ္းပိုင္းျပဳျပင္ေရး လုပ္ေနသည့္ Oriental Highway Co.ltd  မွ လမ္းလုပ္သားမ်ားျဖစ္ေၾကာင္း သိရသည္။
"မနက္က ပစ္ခတ္မႈျဖစ္တယ္ ဆိုတာပဲ ၾကားထားပါေသးတယ္။ ကြ်န္ေတာ္တို႔ အတည္ျပဳလို႔ မရေသးပါဘူး ခင္ဗ်။ အခုေတာ့ တာဝန္ရွိတဲ့ အဖြဲ႔ေတြသြားၿပီး စစ္ေဆးေနပါတယ္" ဟု ကြတ္ခိုင္ၿမိဳ႕မရဲစခန္းမွ တာဝန္မွဴး ရဲအရာရိွက ေျပာသည္။
အဆိုပါ ပစ္ခတ္မႈျဖစ္ပြားရာသို႔ ရဲတပ္ဖြဲ႕က သြားေရာက္ စစ္ေဆးေနၿပီး နံနက္ (၈)နာရီခြဲ အခ်ိန္ခန္႔တြင္ ၿမိဳ႕တြင္း အသြားအလာမွာ ပံုမွန္အတုိင္းရိွေနေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ နမ့်ခိုက်ကျေးရွာအနီးတွင် မတ်လ (၄) ရက်နေ့ နံနက် (၄) နာရီ (၄၅) မိနစ်ခန့်က တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားသဖြင့် လမ်းလုပ်သား (၃) ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

"မနက် (၄) နာရီ (၄၅) လောက်မှာစပြီး ပစ်ခတ်မှုတွေ ဖြစ်ကြတယ်။ (၅) နာရီခွဲလောက်မှာ ပစ်ခတ်တာတွေ ရပ်သွားတယ်။ ပစ်ခတ်ကြတဲ့နေရာ အနီးမှာရှိနေတဲ့ လမ်းလုပ်သားတွေရဲ့ တဲအိမ်ပေါ်ကို လက်နက်ကျည် ကျရောက်ပြီးတော့ လမ်းလုပ်သား (၃) ဦး ဒဏ်ရာရရှိထားပါတယ်။ အခုတော့ သွားရောက် သယ်ဆောင်နကြေတုန်းပဲ ရှိပါသေးတယ်။ ဒဏ်ရာ အခြေအနေတော့ မပြောပြတတ်သေးဘူး"ဟု ကွတ်ခိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိခဲ့သည့် လမ်းလုပ်သား (၃) ဦးမှာ ပြည်ထောင်စုလမ်းမကြီး လမ်းပိုင်းပြုပြင်ရေး လုပ်နေသည့် Oriental Highway Co.ltd မှ လမ်းလုပ်သားများဖြစ်ကြောင်း သိရသည်။

"မနက်က ပစ်ခတ်မှုဖြစ်တယ် ဆိုတာပဲ ကြားထားပါသေးတယ်။ ကျွန်တော်တို့ အတည်ပြုလို့ မရသေးပါဘူး ခင်ဗျ။ အခုတော့ တာဝန်ရှိတဲ့ အဖွဲ့တွေသွားပြီး စစ်ဆေးနေပါတယ်" ဟု ကွတ်ခိုင်မြို့မရဲစခန်းမှ တာဝန်မှူး ရဲအရာရှိက ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးနပြေီး နံနက် (၈)နာရီခွဲ အချိန်ခန့်တွင် မြို့တွင်း အသွားအလာမှာ ပုံမှန်အတိုင်းရှိနေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~