တာခ်ီလိတ္တြင္ သကၤန္း၀တ္ျဖင့္ အရက္ေသစာ ေသာက္စားသူကို ဖမ္းဆီးအေရးယူထား

တာခ်ီလိတ္တြင္ သကၤန္း၀တ္ျဖင့္ အရက္ေသစာ ေသာက္စားသူကို ဖမ္းဆီးအေရးယူထား
မတ် 4, 2017
By Tachileik News Agency
တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(က) ရပ္ကြက္အတြင္း သကၤန္း၀တ္ျဖင့္ အရက္ေသစာ ေသာက္စားကာ ေနအိမ္လိုင္းခန္းအတြင္းငွားရမ္းေနထိုင္သူကို သာသနာ သန္႔ရွင္းေရး အစီအစဥ္ျဖင့္ ဖမ္းဆီးကာ အမႈဖြင့္ အေရးယူလိုက္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္အတြင္းရွိ သံုးထပ္လုိင္းခန္းငွား၏ ေအာက္ဆံုးထပ္ ေနအိမ္အခန္းငွားတြင္ လြန္ခဲ႔ေသာ(၁)လခန္႔က ငွားရမ္းေနထိုင္သူ အမ်ိဳးသမီးတစ္ဦး၏ ေသာ့ခတ္ထားေသာအခန္းအား ဘုန္းႀကီး(၁)ပါးမွ ရိုက္ဖ်က္ကာ ၀င္ေရာက္ေနထိုင္ေၾကာင္း သိရွိရ၍ မတ္လ(၄)ရက္ေန႔ နံနက္(၉)နာရီ ၀န္းက်င္အခ်ိန္က တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအးလြင္ ႏွင့္ တပ္ဖြဲ၀င္မ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးအဖြဲ႔ႏွင့္ တာ၀န္ရွိသူမ်ားက သြားေရာက္ ၾကည့္ရႈစစ္ေဆးေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆးမႈျပဳလုပ္ရာ အဆိုပါ အခန္းအတြင္း သကၤန္း၀တ္ျဖင့္ အရက္နံ႔ရေနသည့္ ဦးေခမာစာရ (ခ) ဦးေက်ာ္စိုးလင္းဆိုသူကို ေတြ႕ရွိသျဖင့္ စစ္ေဆးရာ ၎တြင္ သာသနာ၀င္ကတ္ (၁)ခု၊ မွတ္ပံုတင္ (၁)ခု ႏွင့္ အရက္ပုလင္း အေသး(၁)လံုးတို႔အား ေတြ႕ရွိရေၾကာင္း သိရသည္။

ဦးေခမာစာရ (ခ) ဦးေက်ာ္စိုးလင္းသည္ လြန္ခဲ့ေသာ (၆)လခန္႔က သကၤန္း၀တ္ျဖင့္ပင္ သာသနာေတာ္ ညႇိဳးႏြမ္းေစမႈကို က်ဴးလြန္ခဲ့သူ ျဖစ္သျဖင့္ ထိုစဥ္က မကာဟိုခမ္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ လူ၀တ္ လဲေစခဲ့ဖူးၿပီး ယခုအခါမွာ ၎အစီအစဥ္ျဖင့္ သကၤန္းျပန္လည္၀တ္ရံုကာ ထပ္မံ၍ က်ဴးလြန္သည့္ အတြက္ ၎အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ (ပ)၅၂/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၄၄၇/၄၂၇/၂၉၅ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်အတွင်း သင်္ကန်းဝတ်ဖြင့် အရက်သေစာ သောက်စားကာ နေအိမ်လိုင်းခန်းအတွင်းငှါးရမ်းနေထိုင်သူကို သာသနာ သန့်ရှင်းရေး အစီအစဉ်ဖြင့် ဖမ်းဆီးကာ အမှုဖွင့် အရေးယူလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ သုံးထပ်လိုင်းခန်းငှါး၏ အောက်ဆုံးထပ် နေအိမ်အခန်းငှါးတွင် လွန်ခဲ့သော(၁)လခန့်က ငှါးရမ်းနေထိုင်သူ အမျိုးသမီးတစ်ဦး၏ သော့ခတ်ထားသောအခန်းအား ဘုန်းကြီး(၁)ပါးမှ ရိုက်ဖျက်ကာ ဝင်ရောက်နေထိုင်ကြောင်း သိရှိရ၍ မတ်လ(၄)ရက်နေ့ နံနက်(၉)နာရီ ဝန်းကျင်အချိန်က တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင် နှင့် တပ်ဖွဲဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုပြုလုပ်ရာ အဆိုပါ အခန်းအတွင်း သင်္ကန်းဝတ်ဖြင့် အရက်နံ့ရနေသည့် ဦးခေမာစာရ (ခ) ဦးကျော်စိုးလင်းဆိုသူကို တွေ့ရှိသဖြင့် စစ်ဆေးရာ၎င်းတွင် သာသနာဝင်ကတ် (၁)ခု၊ မှတ်ပုံတင် (၁)ခု နှင့် အရက်ပုလင်း အသေး(၁)လုံးတို့အား တွေ့ရှိရကြောင်း သိရသည်။

ဦးခေမာစာရ (ခ) ဦးကျော်စိုးလင်းသည် လွန်ခဲ့သော (၆)လခန့်က သင်္ကန်းဝတ်ဖြင့်ပင် သာသနာတော် ညှိုးနွမ်းစေမှုကို ကျူးလွန်ခဲ့သူ ဖြစ်သဖြင့် ထိုစဉ်က မကာဟိုခမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လူဝတ် လဲစေခဲ့ဖူးပြီး ယခုအခါမှာ၎င်းအစီအစဉ်ဖြင့် သင်္ကန်းပြန်လည်ဝတ်ရုံကာ ထပ်မံ၍ ကျူးလွန်သည့် အတွက်၎င်းအား တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၅၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၄၇/၄၂၇/၂၉၅ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~