ေက်ာက္မဲၿမိဳ႕ သုသာန္ေဟာင္းမွ ေအးခ်မ္းသာ သုသာန္သို႔ ၀ိညာဥ္မ်ား စတင္ေျပာင္းေရႊ႕

ေက်ာက္မဲၿမိဳ႕ သုသာန္ေဟာင္းမွ ေအးခ်မ္းသာ သုသာန္သို႔ ၀ိညာဥ္မ်ား စတင္ေျပာင္းေရႊ႕
မတ် 5, 2017
By Tachileik News Agency
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕တြင္ ယေန႔ မတ္လ (၅) ရက္ေန႔မွစ၍  ဘာသာေပါင္းစံု ေတာင္သုသာန္မွ ေအးခ်မ္းသာ သုသာန္သို႔ ဝိညာဥ္မ်ားအား ယာဥ္ႀကီး ယာဥ္ငယ္မ်ားျဖင့္ ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ ဦးေဆာင္ကာ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔ျဖင့္  ေျပာင္းေရႊ႕ ေနလွ်က္ရွိေၾကာင္း သိရသည္။
"ဒီေန႔က စၿပီး သုသာန္ေဟာင္းကေန ေအးခ်မ္းသာ သုႆန္သို႔  ဝိညာဥ္ေတြကို ကားႀကီး(၁၅)စီး နဲ႔ အရန္(၃)စီး စုစုေပါင္း (၁၈)စီးနဲ႔ စေရႊ႕ေနပါၿပီ"ဟု ေဒသခံ တစ္ဦးက ဆိုသည္။
သုသာန္ေဟာင္းရွိ ဗုဒၶဘာသာ၊ အစၥလာမ္၊ ခရစ္ယာန္ စသည့္သခ်ဳႋင္းမ်ားအား ေရႊ႕ရန္အခ်ိန္ တစ္ႏွစ္ ေပးထားၿပီး တရုတ္သခ်ဳႋင္းရွိ အုတ္ဂူမ်ားမွာ ခိုင္မာစြာ ျပဳလုပ္ထားျခင္းေၾကာင့္ ၂၀၂၀ ခုႏွစ္အထိ အခ်ိန္ (၃) ႏွစ္ေပးထားျခင္း ျဖစ္ေၾကာင္း သိရသည္။
အသစ္စတင္ အသံုးျပဳမည့္ သခ်ဳႋင္းေျမေနရာတြင္ စုစုေပါင္းေျမ (၂၅)ဧက ပါဝင္ၿပီး ျမန္မာသုသာန္ အတြက္ (၈) ဧက၊ တရုတ္ (၆.၂၃) ဧက၊ အစၥလာမ္ (၃.၉၉) ဧက၊ ခရစ္ယာန္ (၂ )ဧကႏွင့္ ဟိႏၷဴ(၁)ဧက ပါဝင္မည္ျဖစ္ၿပီး မီးသၿဂဳႋလ္စက္ႏွင့္ ေရတြင္းေရကန္မ်ား ထရန္စေဖာ္မာမ်ားထားရွိရန္ အတြက္ (၃.၇) ဧကပါဝင္ကာ လမ္း ဧရိယာမ်ားႏွင့္ သပ္ရပ္လွပစနစ္တက်ရွိေစရန္ လုပ္ေဆာင္ေနေၾကာင္း သိရွိရသည္။
သတင္း/ဓာတ္ပံု = #ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ယနေ့ မတ်လ (၅) ရက်နေ့မှစ၍ ဘာသာပေါင်းစုံ တောင်သုသာန်မှ အေးချမ်းသာ သုသာန်သို့ ဝိညာဉ်များအား ယာဉ်ကြီး ယာဉ်ငယ်များဖြင့် ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနမှ ဦးဆောင်ကာ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ပြောင်းရွှေ့ နေလျှက်ရှိကြောင်း သိရသည်။

"ဒီနေ့က စပြီး သုသာန်ဟောင်းကနေ အေးချမ်းသာ သုဿန်သို့ ဝိညာဉ်တွေကို ကားကြီး(၁၅)စီး နဲ့ အရန်(၃)စီး စုစုပေါင်း (၁၈)စီးနဲ့ စရွှေ့နေပါပြီ"ဟု ဒေသခံ တစ်ဦးက ဆိုသည်။

သုသာန်ဟောင်းရှိ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန် စသည့်သင်္ချိုင်းများအား ရွှေ့ရန်အချိန် တစ်နှစ် ပေးထားပြီး တရုတ်သင်္ချိုင်းရှိ အုတ်ဂူများမှာ ခိုင်မာစွာ ပြုလုပ်ထားခြင်းကြောင့် ၂၀၂၀ ခုနှစ်အထိ အချိန် (၃) နှစ်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

အသစ်စတင် အသုံးပြုမည့် သင်္ချိုင်းမြေနေရာတွင် စုစုပေါင်းမြေ (၂၅)ဧက ပါဝင်ပြီး မြန်မာသုသာန် အတွက် (၈) ဧက၊ တရုတ် (၆.၂၃) ဧက၊ အစ္စလာမ် (၃.၉၉) ဧက၊ ခရစ်ယာန် (၂ )ဧကနှင့် ဟိန္နူ(၁)ဧက ပါဝင်မည်ဖြစ်ပြီး မီးသင်္ဂြိုလ်စက်နှင့် ရေတွင်းရေကန်များ ထရန်စဖော်မာများထားရှိရန် အတွက် (၃.၇) ဧကပါဝင်ကာ လမ်း ဧရိယာများနှင့် သပ်ရပ်လှပစနစ်တကျရှိစေရန် လုပ်ဆောင်နေကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ = #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~