ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေညာင္ေရႊၿမိဳ႕တြင္ ပ်ံက်ေစ်းသည္အမ်ားဆံုး ရိွေနသည့္ ၿမိဳ႕မေစ်းအား အဆင့္္ျမင့္ မဂၤလာေစ်းအျဖစ္ ေျပာင္းလဲ တည္ေဆာက္ရန္ ေစ်းသူ/ေစ်းသားမ်ားက သေဘာတူသျဖင့္ ျပည္နယ္အဆင့္သို႔ ဆက္လက္ တင္ျပရန္ ေဆာင္ရြက္ေနေၾကာင္း ေညာင္ေရႊၿမဳိ႕ေတာ္စည္ပင္ အင္ဂ်င္နီယာမွဴး ဦးေက်ာ္သူရေဆြထံမွ သိရသည္။
“ေစ်းသည္အားလံုးကိုေခၚၿပီး အစည္းအေ၀း ႏွစ္ႀကိမ္လုပ္ၿပီးပါၿပီ။ ေစ်းသူ/ေစ်းသားေတြကေတာ့ လက္ခံၾကပါတယ္။ အဆင့္ျမင့္ေစ်း လုပ္ခ်င္တယ္။ လုပ္ေပးၾကပါဆိုၿပီး ေျပာၾကပါတယ္။ ကၽြန္ေတာ္တို႕က သူတို႕ရဲ႕ သေဘာထားေတြ ယူတယ္။ ေစ်းရဲ႕ အေနအထားကိုလည္း ျပန္လည္စစ္ေဆးမယ္။ ၿပီးရင္ ျပည္နယ္ စည္ပင္ကေန တစ္ဆင့္ ျပည္နယ္ အစိုးရကို တင္ျပမယ္။ သူတို႔ဖက္ကေန မူ၀ါဒလမ္းစဥ္ေတြ ခ်လာရင္ေတာ့ တင္ဒါေခၚလိုက္မွာပါ” ဟု ေညာင္ေရႊၿမဳိ႕နယ္စည္ပင္သာယာေရးဌာနမွ အင္ဂ်င္နီယာမွဴး ဦးေက်ာ္သူရေဆြက ေျပာသည္။
အဆိုပါေစ်း အဆင့္ျမႇင့္ရန္မွာ ပ်ံက်ေစ်းသည္ အမ်ားစုျဖစ္ေနသည့္ အတြက္ ဆိုင္ခန္းစာရင္းအား စိစစ္ညိႇႏိႈင္းရန္ လိုအပ္ေနေၾကာင္းသိရသည္။
“ဘယ္လိုေဆာက္မယ္။ ဘယ္ေလာက္ ကုန္က်မယ္ဆိုတာေတာ့ အတိအက် မေျပာနိင္ေသးပါဘူး။ ေစ်းဆိုင္ခန္းထက္ ပ်ံက်ေစ်းသည္ေတြ ပိုမ်ားေနပါတယ္။ ေစ်းအေနအထားအရ ေညာင္ေရႊေစ်းက ေတာင္ႀကီးေစ်းေတြနဲ႔ မတူဘူး။ ေတာင္ႀကီးမွာက ေစ်းဆိုင္ခန္းေတြ အတည္တက် မွတ္လို႕ရတယ္။ ဒီမွာက တိုင္စိုက္ၿပီး ဖြင့္ထားတာေတြ မ်ားေနတယ္။ ပ်ံက်ပံုစံေပါ့ေနာ္။ ပ်ံက်ေစ်းသည္ေတြက ေစ်းေန႔မွာဆို ပိုေတာင္မ်ားေနေသးတယ္။ ဆိုင္ခန္းက ပ်ံက်ရဲ႕ သံုးပံုတစ္ပံုေလာက္ပဲ ရွိတာ။ ဆိုင္ခန္းကို ျပန္လည္ စိစစ္အံုးမွာပါ။ ေစ်းသစ္ေဆာက္ၿပီးရင္ေတာ့ ပ်ံက်ေတြအတြက္ ဘယ္လို စီစဥ္မယ္ဆိုတာေတာ့ ေျပာလို႔ မရေသးပါဘူး။ ညိႇႏိႈင္း ေဆြးေႏြးသြားမွာပါ” ဟု ဦးေက်ာ္သူရေဆြက ေျပာသည္။
အဆိုပါေစ်းသည္ ၁၉၆၂ ခုႏွစ္မတိုင္မီ ေစာ္ဘြားလက္ထက္ကတည္းက ေစ်းျဖစ္ၿပီး လက္ရိွတြင္ ဆိုင္ခန္းေပါင္း (၇၀၀) ႏွင့္ ပ်ံက်ေစ်းသည္ (၁၀၀၀) ခန္႔ရွိေၾကာင္း သိရသည္။
သတင္း - ႏိုႏို
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှမြေို့တွင် ပျံကျဈေးသည်အများဆုံး ရှိနေသည့် မြို့မဈေးအား အဆင့်မြင့် မင်္ဂလာဈေးအဖြစ် ပြောင်းလဲ တည်ဆောက်ရန် ဈေးသူ/ဈေးသားများက သဘောတူသဖြင့် ပြည်နယ်အဆင့်သို့ ဆက်လက် တင်ပြရန် ဆောင်ရွက်နေကြောင်း ညောင်ရွှမြေို့တော်စည်ပင် အင်ဂျင်နီယာမှူး ဦးကျော်သူရဆွေထံမှ သိရသည်။
“ဈေးသည်အားလုံးကိုခေါ်ပြီး အစည်းအေဝး နှစ်ကြိမ်လုပ်ပြီးပါပြီ။ ဈေးသူ/ဈေးသားတွေကတော့ လက်ခံကြပါတယ်။ အဆင့်မြင့်ဈေး လုပ်ချင်တယ်။ လုပ်ပေးကြပါဆိုပြီး ပြောကြပါတယ်။ ကျွန်တော်တို့က သူတို့ရဲ့ သဘောထားတွေ ယူတယ်။ ဈေးရဲ့ အနေအထားကိုလည်း ပြန်လည်စစ်ဆေးမယ်။ ပြီးရင် ပြည်နယ် စည်ပင်ကနေ တစ်ဆင့် ပြည်နယ် အစိုးရကို တင်ပြမယ်။ သူတို့ဖက်ကနေ မူဝါဒလမ်းစဉ်တွေ ချလာရင်တော့ တင်ဒါခေါ်လိုက်မှာပါ” ဟု ညောင်ရွှမြေို့နယ်စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာမှူး ဦးကျော်သူရဆွေက ပြောသည်။
အဆိုပါဈေး အဆင့်မြှင့်ရန်မှာ ပျံကျဈေးသည် အများစုဖြစ်နေသည့် အတွက် ဆိုင်ခန်းစာရင်းအား စိစစ်ညှိနှိုင်းရန် လိုအပ်နေကြောင်းသိရသည်။
“ဘယ်လိုဆောက်မယ်။ ဘယ်လောက် ကုန်ကျမယ်ဆိုတာတော့ အတိအကျ မပြောနိင်သေးပါဘူး။ ဈေးဆိုင်ခန်းထက် ပျံကျဈေးသည်တွေ ပိုများနေပါတယ်။ ဈေးအနေအထားအရ ညောင်ရွှေဈေးက တောင်ကြီးဈေးတွေနဲ့ မတူဘူး။ တောင်ကြီးမှာက ဈေးဆိုင်ခန်းတွေ အတည်တကျ မှတ်လို့ရတယ်။ ဒီမှာက တိုင်စိုက်ပြီး ဖွင့်ထားတာတွေ များနေတယ်။ ပျံကျပုံစံပေါ့နော်။ ပျံကျဈေးသည်တွေက ဈေးနေ့မှာဆို ပိုတောင်များနေသေးတယ်။ ဆိုင်ခန်းက ပျံကျရဲ့ သုံးပုံတစ်ပုံလောက်ပဲ ရှိတာ။ ဆိုင်ခန်းကို ပြန်လည် စိစစ်အုံးမှာပါ။ ဈေးသစ်ဆောက်ပြီးရင်တော့ ပျံကျတွေအတွက် ဘယ်လို စီစဉ်မယ်ဆိုတာတော့ ပြောလို့ မရသေးပါဘူး။ ညှိနှိုင်း ဆွေးနွေးသွားမှာပါ” ဟု ဦးကျော်သူရဆွေက ပြောသည်။
အဆိုပါဈေးသည် ၁၉၆၂ ခုနှစ်မတိုင်မီ စော်ဘွားလက်ထက်ကတည်းက ဈေးဖြစ်ပြီး လက်ရှိတွင် ဆိုင်ခန်းပေါင်း (၇၀၀) နှင့် ပျံကျဈေးသည် (၁၀၀၀) ခန့်ရှိကြောင်း သိရသည်။
သတင်း - နိုနို