တာခ်ီလိတ္ခရိုင္ နမ့္ဝမ္း(၁)ေက်းရြာတြင္ လားဟူဘာသာစကားျဖင့္ စိုက္ပ်ိဳးေရး အသိပညာေပး

တာခ်ီလိတ္ခရိုင္ နမ့္ဝမ္း(၁)ေက်းရြာတြင္ လားဟူဘာသာစကားျဖင့္ စိုက္ပ်ိဳးေရး အသိပညာေပး
မတ် 5, 2017
By Tachileik News Agency
လားဟူတုိင္းရင္းသား အမ်ားစုေနထိုင္သည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ မုိင္းပါလွ်ိဳးအုပ္စု ၊ နမ့္ဝမ္း(၁)ေက်းရြာမွ ေတာင္သူမ်ားအား လားဟူ ဘာသာစကားျဖင့္ စိုက္ပိ်ဳးေရး အသိပညာေပး ေဟာေျပာပြဲကုိ မတ္လ (၅) ရက္ေန႔တြင္ လုပ္ေဆာင္ေၾကာင္း သိရသည္။
စိုက္ပ်ိဳးေရး ဦးစီးဌာနက ေဒသတြင္း ေတာင္သူမ်ား လယ္ယာ က႑ဖြံ႕ၿဖိဳးေရး အတြက္ နည္းပညာ ျဖန္႔ျဖဴးျခင္းအား လုပ္ေဆာင္ရာတြင္ ေဒသအလိုက္ တုိင္းရင္းသား ဘာသာ စကားမ်ားျဖင့္ လုပ္ေဆာင္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေဟာေျပာပြဲတြင္ ေတာခုတ္မီးရိႈ႕ရသည့္ ေတာင္ယာစိုက္ပ်ိဳးနည္း စနစ္အစား သဘာဝပတ္ဝန္းက်င္ မပ်က္ စိုက္ပ်ိဳးနည္းကို လက္ေတြ႕သရုပ္ျပ ေဟာေျပာျခင္းႏွင့္ လယ္ယာေျမ ပံုစံ(၇) ရရိွေရး ေဆာင္ရြက္ပံု အဆင့္ဆင့္တို႔ကို ေဟာေျပာၾကေၾကာင္း သိရသည္။
ေဟာေျပာပြဲသို႔ စိုက္ပ်ိဳးေရးဦးစီးဌာန ခရိုင္ဦးစီးမွဴး ဦးလွဝင္း၊ က်ိဳင္းလပ္ၿမိဳ႕ ဦးစီးမွဴး ဦးသိန္းေရႊ၊ လယ္ယာေျမစီမံခန္႔ခြဲမႈႏွင့္ စာရင္းအင္းဦးစီးဌာန က်ိဳင္းလပ္ၿမိဳ႕ဦးစီးမွဴး ဦးႏုိင္မင္း၊ မုိင္းပါလွ်ိဳးအုပ္စု အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ေတာင္သူမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။
ဓာတ္ပံု - ခရိုင္စိုက္ပ်ဳိးေရး


~~~~~~~~⊰❂ unicode ~~~~~~~~

လားဟူတိုင်းရင်းသား အများစုနေထိုင်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းပါလျှိုးအုပ်စု၊ နမ့်ဝမ်း(၁)ကျေးရွာမှ တောင်သူများအား လားဟူ ဘာသာစကားဖြင့် စိုက်ပျိုးရေး အသိပညာပေး ဟောပြောပွဲကို မတ်လ (၅) ရက်နေ့တွင် လုပ်ဆောင်ကြောင်း သိရသည်။

စိုက်ပျိုးရေး ဦးစီးဌာနက ဒေသတွင်း တောင်သူများ လယ်ယာ ကဏ္ဍဖွံ့ဖြိုးရေး အတွက် နည်းပညာ ဖြန့်ဖြူးခြင်းအား လုပ်ဆောင်ရာတွင် ဒေသအလိုက် တိုင်းရင်းသား ဘာသာ စကားများဖြင့် လုပ်ဆောင်နခြေင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် တောခုတ်မီးရှို့ရသည့် တောင်ယာစိုက်ပျိုးနည်း စနစ်အစား သဘာဝပတ်ဝန်းကျင် မပျက် စိုက်ပျိုးနည်းကို လက်တွေ့သရုပ်ပြ ဟောပြောခြင်းနှင့် လယ်ယာမြေ ပုံစံ(၇) ရရှိရေး ဆောင်ရွက်ပုံ အဆင့်ဆင့်တို့ကို ဟောပြောကြကြောင်း သိရသည်။

ဟောပြောပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှဝင်း၊ ကျိုင်းလပ်မြို့ ဦးစီးမှူး ဦးသိန်းရွှေ၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ကျိုင်းလပ်မြို့ဦးစီးမှူး ဦးနိုင်မင်း၊ မိုင်းပါလျှိုးအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

ဓာတ်ပုံ - ခရိုင်စိုက်ပျိုးရေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~