“ျဖစ္တာကေတာ့ မိုင္းလံုၿမိဳ႕နယ္အပိုင္ထဲမွာျဖစ္တာဆိုေတာ့ မိုင္းလံုၿမိဳ႕နယ္ရဲစခန္းမွာပဲ အမႈဖြင့္တာနဲ႔ ပတ္သက္တာေတြ လုပ္ထားပါတယ္။ ျပစ္မႈက်ဴးလြန္တဲ့ တရားခံေတြကိုေတာ့ စံုစမ္းေနဆဲ အေနအထားပဲ ရွိပါေသးတယ္။ လတ္တေလာ အေျခအေနကေတာ့ အဲဒီလိုပဲ သိရပါေသးတယ္။ က်ဴးလြန္ခံရသူ လူနာကေတာ့ ေက်ာက္မဲေဆးရံုမွာ ေဆးကုသမႈခံယူေနပါတယ္”ဟု ေက်ာက္မဲၿမိဳ႕နယ္ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။
ေက်ာက္မဲၿမိဳ႕ရွိ Pact Myanmar အေသးစားေခ်းေငြ လုပ္ငန္းရံုးမွ ရံုးဝန္ထမ္း အမ်ိဳးသမီးတစ္ဦးအား ေက်ာက္မဲ-မိုင္းလံုသြားလမ္းေပၚရွိ မန္ကန္ေက်းရြာႏွင့္ အံုငန္ေက်းရြာၾကားတြင္ လူတစ္စုမွ တုတ္၊ ဓား ျဖင့္ တိုက္ခိုက္လုယက္ခဲ့ျခင္းေၾကာင့္ လည္ပင္းျပတ္ရွ ဒဏ္ရာမ်ားရရွိကာ ေငြေၾကးအခ်ိဳ႕ႏွင့္ ရံုးစာရြက္စာတမ္း အခ်ိဳ႕ပါသြားျခင္း ျဖစ္ေၾကာင္း သိရသည္။
“တိုက္ခိုက္ခံရသူ အမ်ိဳးသမီးက ေအာက္ေမးရိုး ပ်က္စီးသြားတယ္။ သြားေတြဘာေတြ ထပ္ကုန္တာဆိုေတာ့ ဒီမွာ ကုလို႔ရရင္လည္း ဒီမွာပဲ ကုသေပးမယ္။ ေလျပြန္ျပတ္ရွ ဒဏ္ရာေတြလည္း ရထားတယ္။ ေလျပြန္ကေတာ့ ဒဏ္ရာ အေနအထားကို ေသခ်ာစစ္ေဆးၿပီးမွ ဒီမွာ ကုသႏိုင္မလား၊ မကုသႏိုင္ဘူးလားဆိုတာ ၾကည့္ရမွာ။ တစ္ကယ္လို႔ ဒဏ္ရာ အေနအထားအရ ဒီမွာကုသဖို႔ မျဖစ္ႏိုင္ဘူး ဆိုရင္ေတာ့ မႏၱေလးကို လႊဲေျပာင္းေပးဖို႔ စီစဥ္ထားပါတယ္။ စကားေတာ့ မေျပာႏိုင္ေသးဘူး။ ဒါေပမဲ့ အသက္အႏၱရာယ္ေတာ့ မစိုးရိမ္ရေတာ့ပါဘူး” ဟု ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာေအာင္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
လုယက္မႈက်ဴးလြန္သူမ်ားအား သက္ဆိုင္ရာၿမိဳ႕နယ္ရဲစခန္းမ်ားမွ စံုစမ္းရွာေဖြမႈမ်ား လုပ္ေဆာင္ေနၿပီး မိုင္းလံုၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။
သတင္း - #ေနၿဖဳိးျမင့္
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် မိုင်းလုံမြို့နယ်တွင် မတ်လ (၂)ရက်နေ့က Pact Myanmar အသေးစားချေးငွေလုပ်ငန်းမှ အမျိုးသမီး တစ်ဦးအား ဓားဖြင့် တိုက်ခိုက် လုယက်သွားသူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
“ဖြစ်တာကတော့ မိုင်းလုံမြို့နယ်အပိုင်ထဲမှာဖြစ်တာဆိုတော့ မိုင်းလုံမြို့နယ်ရဲစခန်းမှာပဲ အမှုဖွင့်တာနဲ့ ပတ်သက်တာတွေ လုပ်ထားပါတယ်။ ပြစ်မှုကျူးလွန်တဲ့ တရားခံတွေကိုတော့ စုံစမ်းနေဆဲ အနေအထားပဲ ရှိပါသေးတယ်။ လတ်တလော အခြေအနေကတော့ အဲဒီလိုပဲ သိရပါသေးတယ်။ ကျူးလွန်ခံရသူ လူနာကတော့ ကျောက်မဲဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်”ဟု ကျောက်မဲမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
ကျောက်မဲမြို့ရှိ Pact Myanmar အသေးစားချေးငွေ လုပ်ငန်းရုံးမှ ရုံးဝန်ထမ်း အမျိုးသမီးတစ်ဦးအား ကျောက်မဲ-မိုင်းလုံသွားလမ်းပေါ်ရှိ မန်ကန်ကျေးရွာနှင့် အုံငန်ကျေးရွာကြားတွင် လူတစ်စုမှ တုတ်၊ ဓား ဖြင့် တိုက်ခိုက်လုယက်ခဲ့ခြင်းကြောင့် လည်ပင်းပြတ်ရှ ဒဏ်ရာများရရှိကာ ငွေကြေးအချို့နှင့် ရုံးစာရွက်စာတမ်း အချို့ပါသွားခြင်း ဖြစ်ကြောင်း သိရသည်။
“တိုက်ခိုက်ခံရသူ အမျိုးသမီးက အောက်မေးရိုး ပျက်စီးသွားတယ်။ သွားတွေဘာတွေ ထပ်ကုန်တာဆိုတော့ ဒီမှာ ကုလို့ရရင်လည်း ဒီမှာပဲ ကုသပေးမယ်။ လပြွေန်ပြတ်ရှ ဒဏ်ရာတွေလည်း ရထားတယ်။ လပြွေန်ကတော့ ဒဏ်ရာ အနေအထားကို သေချာစစ်ဆေးပြီးမှ ဒီမှာ ကုသနိုင်မလား၊ မကုသနိုင်ဘူးလားဆိုတာ ကြည့်ရမှာ။ တစ်ကယ်လို့ ဒဏ်ရာ အနေအထားအရ ဒီမှာကုသဖို့ မဖြစ်နိုင်ဘူး ဆိုရင်တော့ မန္တလေးကို လွှဲပြောင်းပေးဖို့ စီစဉ်ထားပါတယ်။ စကားတော့ မပြောနိုင်သေးဘူး။ ဒါပေမဲ့ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပါဘူး” ဟု ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
လုယက်မှုကျူးလွန်သူများအား သက်ဆိုင်ရာမြို့နယ်ရဲစခန်းများမှ စုံစမ်းရှာဖွေမှုများ လုပ်ဆောင်နပြေီး မိုင်းလုံမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း - #နဖြေိုးမြင့်