ကယားလူမ်ိဳးမ်ား၏ မူရင္းအမည္ ကယားလီဖု ကို ျပန္လည္သံုးစြဲသြားမည္

ကယားလူမ်ိဳးမ်ား၏ မူရင္းအမည္ ကယားလီဖု ကို ျပန္လည္သံုးစြဲသြားမည္
မတ် 6, 2017
By Tachileik News Agency

ကယားလူမ်ိဳးမ်ား၏ မူရင္း အမည္ျဖစ္သည့္ ကယားလီဖု ဟူေသာ အမည္ကို ျပန္လည္သံုးစြဲရန္ ဒုတိယအႀကိမ္ ကယားအမ်ိဳးသား လူငယ္ညီလာခံတြင္ ဆံုးျဖတ္လိုက္ေၾကာင္း သိရသည္။

မတ္လ (၁) ရက္ေန႕မွ (၃) ရက္ေန႔အထိ က်င္းပခဲ့ေသာ ဒုတိယအႀကိမ္ ကယားအမ်ိဳးသား လူငယ္ ညီလာခံတြင္ ဆံုးျဖတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ အရင္တုန္းကဆို ကယားလီဖု လို႔ ေခၚခဲ့တယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ ကယားပဲ ျဖစ္တာ မ်ားတယ္ေပါ့ေနာ္။ အမွန္က မူရင္းနာမည္က ကယားလီဖု ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီလူငယ္ထုထဲမွာလည္း ကယားလီဖု ဆိုတဲ့ အမည္နာမကို ျပန္ၿပီး ေခၚေဝၚသုံးစြဲၾကဖို႔ပါ။ ၿပီးေတာ့ အခုဆိုလည္း ေကာ္မတီအသစ္ဖြဲ႕တဲ့ အခါမွာ ကယားလီဖု လူငယ္ေကာ္မတီဆိုၿပီး ျပန္လည္ ေခၚဆိုသြားမွာျဖစ္ပါတယ္။ ကယားလူမ်ိဳးေတြရဲ႕ အမည္နာမ အျပည့္အစုံ ကယားလီဖုလို႔ ျပန္လည္ေခၚဆိုသြားဖို႔ ျဖစ္ပါတယ္”ဟု ဒုတိယအႀကိမ္ ကယားအမ်ိဳးသားလူငယ္ညီလာခံ ျဖစ္ေျမာက္ေရးေကာ္မတီဥကၠဌ လီရယ္အန္းေဂ်လိုက ေျပာသည္။

ကယားလီဖု ဟူေသာအမည္မွာ ကယားလူမ်ိဳးမ်ားမွာ အနီေရာင္ ဝတ္ဆင္ေသာလူမ်ိဳးဟု အဓိပၸာယ္ရွိၿပီး အဆိုပါ မူရင္းအမည္နာမ ကြယ္ေပ်ာက္ျခင္းမရွိေစရန္ ကယားလူမ်ိဳးမ်ား၏ အမည္နာမ အျပည့္အစုံျဖစ္သည့္ ကယားလီဖု အမည္ကို ေခၚဆိုၾကေစလိုေၾကာင္း ဦးလီရယ္အန္းေဂ်လိုက ေျပာသည္။

“ဒါကအရင္ ဘိုးဘြားစဥ္ဆက္ကတည္းက အမည္ရင္းေလ။ ကၽြန္ေတာ္တို႕လူငယ္ပဲ မဟုတ္ပါဘူး အားလုံးေပါ့။ ကယားလူထုတစ္ရပ္လုံးရယ္၊ ၿပီးေတာ့ ကၽြန္ေတာ္တို႕ လူမ်ိဳးမဟုတ္တဲ့သူေတြ အားလုံးကပါ ကၽြန္ေတာ္တို႕ကို ကယားလီဖု လို႔ေခၚၾကပါလို႔ တိုက္တြန္းခ်င္တာေပါ့ ”ဟု ကယားလူငယ္ ခူးစိုးရယ္က ေျပာသည္။

ဒုတိယအႀကိမ္ေျမာက္ ကယားအမ်ိဳးသားလူငယ္ညီလာခံအား ဒီးေမာ့ဆိုၿမိဳ႕နယ္ ေသးဆူလဲေက်းရြာတြင္ သုံးရက္ၾကာ ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ကယားစာေပ တိုးတက္ျပန္႔ပြားေရး လုပ္ေဆာင္ရန္၊ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ႏွင့္ ႏိုင္ငံေရး ျဖစ္စဥ္တြင္ ပူးေပါင္းပါဝင္ရန္ ၊ ကယားလူငယ္ထုၾကား အိမ္ေထာင္ဖက္ ေရြးခ်ယ္ျခင္း ဆိုင္ရာႏွင့္ က်ားမတန္းတူ ေရးရာကိစၥရပ္မ်ား၊ ကယားအမ်ိဳးသား လူငယ္ေကာ္မတီအား ကယားလီဖု လူငယ္အမ်ိဳးသား ေကာ္မတီအျဖစ္ ေျပာင္းလဲ ဖြဲ႕စည္းျခင္း စသည့္ ဆုံးျဖတ္ခ်က္မ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားလူမျိုးများ၏ မူရင်း အမည်ဖြစ်သည့် ကယားလီဖု ဟူသော အမည်ကို ပြန်လည်သုံးစွဲရန် ဒုတိယအကြိမ် ကယားအမျိုးသား လူငယ်ညီလာခံတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

မတ်လ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ကျင်းပခဲ့သော ဒုတိယအကြိမ် ကယားအမျိုးသား လူငယ် ညီလာခံတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အရင်တုန်းကဆို ကယားလီဖု လို့ ခေါ်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကယားပဲ ဖြစ်တာ များတယ်ပေါ့နော်။ အမှန်က မူရင်းနာမည်က ကယားလီဖု ဖြစ်ပါတယ်။ ဒါကြောင့် ဒီလူငယ်ထုထဲမှာလည်း ကယားလီဖု ဆိုတဲ့ အမည်နာမကို ပြန်ပြီး ခေါ်ဝေါ်သုံးစွဲကြဖို့ပါ။ ပြီးတော့ အခုဆိုလည်း ကော်မတီအသစ်ဖွဲ့တဲ့ အခါမှာ ကယားလီဖု လူငယ်ကော်မတီဆိုပြီး ပြန်လည် ခေါ်ဆိုသွားမှာဖြစ်ပါတယ်။ ကယားလူမျိုးတွေရဲ့ အမည်နာမ အပြည့်အစုံ ကယားလီဖုလို့ ပြန်လည်ခေါ်ဆိုသွားဖို့ ဖြစ်ပါတယ်”ဟု ဒုတိယအကြိမ် ကယားအမျိုးသားလူငယ်ညီလာခံ ဖြစ်မြောက်ရေးကော်မတီဥက္ကဌ လီရယ်အန်းဂျေလိုက ပြောသည်။

ကယားလီဖု ဟူသောအမည်မှာ ကယားလူမျိုးများမှာ အနီရောင် ဝတ်ဆင်သောလူမျိုးဟု အဓိပ္ပါယ်ရှိပြီး အဆိုပါ မူရင်းအမည်နာမ ကွယ်ပျောက်ခြင်းမရှိစေရန် ကယားလူမျိုးများ၏ အမည်နာမ အပြည့်အစုံဖြစ်သည့် ကယားလီဖု အမည်ကို ခေါ်ဆိုကြစေလိုကြောင်း ဦးလီရယ်အန်းဂျေလိုက ပြောသည်။

“ဒါကအရင် ဘိုးဘွားစဉ်ဆက်ကတည်းက အမည်ရင်းလေ။ ကျွန်တော်တို့လူငယ်ပဲ မဟုတ်ပါဘူး အားလုံးပေါ့။ ကယားလူထုတစ်ရပ်လုံးရယ်၊ ပြီးတော့ ကျွန်တော်တို့ လူမျိုးမဟုတ်တဲ့သူတွေ အားလုံးကပါ ကျွန်တော်တို့ကို ကယားလီဖု လို့ခေါ်ကြပါလို့ တိုက်တွန်းချင်တာပေါ့ ”ဟု ကယားလူငယ် ခူးစိုးရယ်က ပြောသည်။

ဒုတိယအကြိမ်မြောက် ကယားအမျိုးသားလူငယ်ညီလာခံအား ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာတွင် သုံးရက်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကယားစာပေ တိုးတက်ပြန့်ပွားရေး လုပ်ဆောင်ရန်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် နိုင်ငံရေး ဖြစ်စဉ်တွင် ပူးပေါင်းပါဝင်ရန်၊ ကယားလူငယ်ထုကြား အိမ်ထောင်ဖက် ရွေးချယ်ခြင်း ဆိုင်ရာနှင့် ကျားမတန်းတူ ရေးရာကိစ္စရပ်များ၊ ကယားအမျိုးသား လူငယ်ကော်မတီအား ကယားလီဖု လူငယ်အမျိုးသား ကော်မတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းခြင်း စသည့် ဆုံးဖြတ်ချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~