ေလာက္ကိုင္ၿမိဳ႕တြင္ လက္နက္ကိုင္အဖြဲ႔၏ ဝင္ေရာက္တုိက္ခုိက္မႈေၾကာင့္ ေဒသခံမ်ား တိမ္းေရွာင္ေနရ

ေလာက္ကိုင္ၿမိဳ႕တြင္ လက္နက္ကိုင္အဖြဲ႔၏ ဝင္ေရာက္တုိက္ခုိက္မႈေၾကာင့္ ေဒသခံမ်ား တိမ္းေရွာင္ေနရ
မတ် 6, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေလာက္ကိုင္ၿမိဳ႕တြင္ မတ္လ(၆) ရက္ေန႔ နံနက္ (၂)နာရီခန္႔ကတည္းက လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႔က ဝင္ေရာက္ တိုက္ခိုက္သျဖင့္ မူဆယ္ၿမိဳ႕ႏွင့္ တရုတ္ႏုိင္ငံဘက္သို႔ ထြက္ေျပး တိမ္းေရွာင္မႈမ်ား ရိွေနေၾကာင္း သိရသည္။

“အရပ္သားေတြကို ထိခိုက္ဒဏ္ရာရတာေတြ အမ်ားႀကီးလို႔ေတာ့ ၾကားတယ္။ မနက္ ၂ နာရီေလာက္ ကတည္းက ၾကားရတဲ့ပစ္ခတ္သံေတြက ေန႔ခင္း ၁၁ နာရီအထိ ဟိုနား ဒီနား ၾကားေနရတုန္းပဲ။ အမ်ားစုကေတာ့ နီးတဲ့ တရုတ္ႏုိင္ငံဘက္ကို ေျပးၾကတာထင္တယ္”ဟု မူဆယ္ၿမိဳ႕ဘက္သို႔ တိမ္းေရွာင္ရန္ ထြက္လာသည့္ ေလာက္ကိုင္ၿမိဳ႕မွ တာဝန္က် ဝန္ထမ္းအမ်ိဳးသမီးတစ္ဦးက တာခ်ီိလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နံနက္ပိုင္းက စတင္သည့္ တုိက္ခိုက္မႈေၾကာင့္ တပ္မေတာ္မွ နယ္ေျမရွင္းလင္းေရး ဆက္လက္ ေဆာင္ရြက္ေနေၾကာင္း တပ္မေတာ္မွ အရာရိွတစ္ဦးထံက သိရသည္။

“နယ္ေျမရွင္းလင္းေရး ဆက္ၿပီးလုပ္ေနပါတယ္။ အားလံုးၿပီးသြားရင္ေတာ့ သတင္းထုတ္ျပန္ေရး ကေန အေျခအေနေတြကို ရွင္းလင္းမွာ ျဖစ္ပါတယ္”ဟု အဆိုပါ တပ္မေတာ္အရာရိွက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ အတည္ျပဳ ေျပာၾကားသည္။

ေလာက္ကိုင္ေဒသတြင္း တုိက္ခိုက္မႈမ်ားေၾကာင့္ ေသဆံုး၊ထိခိုက္ ဒဏ္ရာရသူစာရင္းကို မသိရေသးဘဲ အရပ္သားအခ်ိဳ႕မွာ နီးစပ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း သိရသည္။

အဆိုပါ တိုက္ခုိက္မႈမွာ MNDAA လက္နက္ကိုင္အဖြဲ႕မွျဖစ္ၿပီး ေလာက္ကိုင္ၿမိဳ႕အေရွ႕ဘက္မွ ဝင္ေရာက္၍ လူေန အေဆာက္အဦး၊ တပ္စခန္း၊ ရဲစခန္းမ်ားအား လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ျခင္းေၾကာင့္ လူေန အေဆာက္အဦး၊ ဟိုတယ္မ်ားႏွင့္ ကားမ်ား ပ်က္စီးေၾကာင္း ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္၏ သတင္းထုတ္ျပန္ေရး ေကာ္မတီ၏ သတင္းထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

 နံနက္ ၂ နာရီတြင္  ရဲဝတ္စံု ဝတ္ဆင္ထားကာ အေယာင္ေဆာင္ထားသည့္ MNDAA  လက္နက္ကိုင္ အင္အား (၃၀)ခန္႔က ေလာက္ကိုင္ၿမိဳ႕ ရန္လံုက်ိဳင္း ရဲစခန္းအား ဝင္ေရာက္တိုက္ခိုက္ကာ နံနက္ (၂)နာရီခြဲခန္႔တြင္ က်င္းတင္ဟိုတယ္အား ဝင္ေရာက္ ပစ္ခတ္ၿပီး ေမာ္ေတာ္ယာဥ္ (၄)စီးအား မီးရိႈ႕ကာ ဖူလီလိုက္ဟိုတယ္ ေငြသိမ္းေကာင္တာတြင္လည္း ဓါးျပတုိက္လုယက္သြားေၾကာင္း သိရသည္။

နံနက္ (၅)နာရီခန္႔တြင္ ကိုုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖြဲ႕ အဖြဲ႕ဝင္ ဦးေဝဆန္း၏ ေနအိမ္အား MNDAA လက္နက္ကိုင္ အင္အား (၅၀)ခန္႔က ပစ္ခတ္တုိက္ခိုက္ၿပီး ဝင္ေရာက္တုိက္ခိုက္သည့္ MNDAA အဖြဲ႕မ်ားသည္ အေရွ႕ဘက္ ႏွစ္ႏုိင္ငံနယ္စပ္သို႔  ဆုတ္ခြာသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ေလာက္ကိုင္ၿမိဳ႕အား တုိက္ခိုက္ေနခ်ိန္ႏွင့္ တၿပိဳင္တည္းမွာပင္ ႏွစ္ႏုိင္ငံ နယ္စပ္ၾကားရိွ တပ္မေတာ္ စခန္းမ်ားအားလည္း ဝင္ေရာက္ တုိက္ခုိက္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

ကနဦး သတင္းမ်ားအရ အရပ္သားအမ်ားအျပား ထိခိုက္သြားကာ မီးရိႈ႕ခံထားရသည့္ အေလာင္း (၂၀)ေတြ႔ရၿပီး ကိုးကန္႔ယာဥ္ထိန္းရဲ (၅)ဦးႏွင့္ မူလတန္းျပဆရာမအပါအဝင္ ျပည္သူ (၅) ဦးေသဆံုးေၾကာင္းသိရသည္။

ကိုးကန္႔ယာဥ္ထိန္းတပ္ဖြဲ႕မွ ယာဥ္ထိိန္းရဲ (၄) ဦးအား ဓါးစာခံအျဖစ္ ဝင္ေရာက္တုိက္ခိုက္သည့္ လက္နက္ကိုင္အဖြဲ႕က ေခၚေဆာင္သြားၿပီး  အဆိုပါ တိုက္ခိုက္မႈမ်ားတြင္ MNDAA လက္နက္ကိုင္ အဖြဲ႕ႏွင့္အတူ အျခားပူးေပါင္းအဖြဲ႕မ်ား ပါဖြယ္ရိွေၾကာင္း  သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

သတင္း - ခ်ယ္ရီထိုက္၊ ေနၿဖဳိးျမင့္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် မတ်လ(၆) ရက်နေ့ နံနက် (၂)နာရီခန့်ကတည်းက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်သဖြင့် မူဆယ်မြို့နှင့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်မှုများ ရှိနေကြောင်း သိရသည်။

“အရပ်သားတွေကို ထိခိုက်ဒဏ်ရာရတာတွေ အများကြီးလို့တော့ ကြားတယ်။ မနက် ၂ နာရီလောက် ကတည်းက ကြားရတဲ့ပစ်ခတ်သံတွေက နေ့ခင်း ၁၁ နာရီအထိ ဟိုနား ဒီနား ကြားနေရတုန်းပဲ။ အများစုကတော့ နီးတဲ့ တရုတ်နိုင်ငံဘက်ကို ပြေးကြတာထင်တယ်”ဟု မူဆယ်မြို့ဘက်သို့ တိမ်းရှောင်ရန် ထွက်လာသည့် လောက်ကိုင်မြို့မှ တာဝန်ကျ ဝန်ထမ်းအမျိုးသမီးတစ်ဦးက တာချိီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နံနက်ပိုင်းက စတင်သည့် တိုက်ခိုက်မှုကြောင့် တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆက်လက် ဆောင်ရွက်နေကြောင်း တပ်မတော်မှ အရာရှိတစ်ဦးထံက သိရသည်။

“နယ်မြေရှင်းလင်းရေး ဆက်ပြီးလုပ်နေပါတယ်။ အားလုံးပြီးသွားရင်တော့ သတင်းထုတ်ပြန်ရေး ကနေ အခြေအနေတွေကို ရှင်းလင်းမှာ ဖြစ်ပါတယ်”ဟု အဆိုပါ တပ်မတော်အရာရှိက တာချီလိတ်သတင်း အေဂျင်စီသို့ အတည်ပြု ပြောကြားသည်။

လောက်ကိုင်ဒေသတွင်း တိုက်ခိုက်မှုများကြောင့် သေဆုံး၊ထိခိုက် ဒဏ်ရာရသူစာရင်းကို မသိရသေးဘဲ အရပ်သားအချို့မှာ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုမှာ MNDAA လက်နက်ကိုင်အဖွဲ့မှဖြစ်ပြီး လောက်ကိုင်မြို့အရှေ့ဘက်မှ ဝင်ရောက်၍ လူနေ အဆောက်အဦး၊ တပ်စခန်း၊ ရဲစခန်းများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် လူနေ အဆောက်အဦး၊ ဟိုတယ်များနှင့် ကားများ ပျက်စီးကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ သတင်းထုတ်ပြန်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 နံနက် ၂ နာရီတွင် ရဲဝတ်စုံ ဝတ်ဆင်ထားကာ အယောင်ဆောင်ထားသည့် MNDAA လက်နက်ကိုင် အင်အား (၃၀)ခန့်က လောက်ကိုင်မြို့ ရန်လုံကျိုင်း ရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ကာ နံနက် (၂)နာရီခွဲခန့်တွင် ကျင်းတင်ဟိုတယ်အား ဝင်ရောက် ပစ်ခတ်ပြီး မော်တော်ယာဉ် (၄)စီးအား မီးရှို့ကာ ဖူလီလိုက်ဟိုတယ် ငွေသိမ်းကောင်တာတွင်လည်း ဓားပြတိုက်လုယက်သွားကြောင်း သိရသည်။ 

နံနက် (၅)နာရီခန့်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးဝေဆန်း၏ နေအိမ်အား MNDAA လက်နက်ကိုင် အင်အား (၅၀)ခန့်က ပစ်ခတ်တိုက်ခိုက်ပြီး ဝင်ရောက်တိုက်ခိုက်သည့် MNDAA အဖွဲ့များသည် အရှေ့ဘက် နှစ်နိုင်ငံနယ်စပ်သို့ ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။ 

လောက်ကိုင်မြို့အား တိုက်ခိုက်နေချိန်နှင့် တပြိုင်တည်းမှာပင် နှစ်နိုင်ငံ နယ်စပ်ကြားရှိ တပ်မတော် စခန်းများအားလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကနဦး သတင်းများအရ အရပ်သားအများအပြား ထိခိုက်သွားကာ မီးရှို့ခံထားရသည့် အလောင်း (၂၀)တွေ့ရပြီး ကိုးကန့်ယာဉ်ထိန်းရဲ (၅)ဦးနှင့် မူလတန်းပြဆရာမအပါအဝင် ပြည်သူ (၅) ဦးသေဆုံးကြောင်းသိရသည်။

ကိုးကန့်ယာဉ်ထိန်းတပ်ဖွဲ့မှ ယာဉ်ထိန်းရဲ (၄) ဦးအား ဓားစာခံအဖြစ် ဝင်ရောက်တိုက်ခိုက်သည့် လက်နက်ကိုင်အဖွဲ့က ခေါ်ဆောင်သွားပြီး အဆိုပါ တိုက်ခိုက်မှုများတွင် MNDAA လက်နက်ကိုင် အဖွဲ့နှင့်အတူ အခြားပူးပေါင်းအဖွဲ့များ ပါဖွယ်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်း - ချယ်ရီထိုက်၊ နဖြေိုးမြင့်



 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~