ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ကိုးကန္႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေလာက္ကိုင္ၿမိဳ႕တြင္ ျဖစ္ပြားေနသည့္ တုိက္ပြဲေၾကာင့္ ေဒသတြင္း စိုးရိမ္မႈမ်ား မျဖစ္ေပၚေစရန္ ေက်ာက္မဲၿမိဳ႕နယ္ အတြင္း လံုၿခံဳေရး တိုးျမႇင့္ေဆာင္ရြက္ ထားေၾကာင္း သိရသည္။
“ကြ်န္ေတာ္တို႔ ေက်ာက္မဲၿမိဳ႕နယ္ အေနနဲ႔ လံုၿခံဳေရး တိုးျမႇင့္ထားပါတယ္။ အနီးကပ္ အဖြဲ႔အစည္းေတြ အားလံုး ေပါင္းစပ္ၿပီးေတာ့ ခါတိုင္းထက္ပိုၿပီး မ်က္ျခည္မျပတ္ သတင္းေတြလည္း ရယူေနပါတယ္။ နယ္ေျမ လံုၿခံဳေရးခ်တဲ့ ေနရာေတြမွာလည္း ခါတိုင္း အေနအထားေတြထက္ ႏွစ္ဆ တိုးၿပီးခ်ထားပါတယ္”ဟု ေက်ာက္မဲၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴး ရဲမွဴး ဝင္းခုိင္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
ေက်ာက္မဲၿမိဳ႕နယ္အေနျဖင့္ ပံုမွန္အားျဖင့္ လံုၿခံဳေရး သတိထားရသည့္ အေျခအေနတြင္ရိွေနၿပီး ထူးျခား အေျခအေနျဖစ္ပါက လံုၿခံဳေရးတိုးျမႇင့္ထားသည့္ အတြက္ ျပည္သူမ်ား စိုးရိမ္ရန္ မလိုေၾကာင္း ၎က ဆိုသည္။
“လံုၿခံဳေရးနဲ႔ ပတ္သက္တာအကုန္ တပ္နဲ႔ေပါင္းစပ္ၿပီးေတာ့ အသင့္အေနအထား ျဖစ္ေအာင္ ေဆာင္ရြက္ထားပါတယ္။ လက္ရွိ အေျခအေနကေတာ့ တည္တည္ၿငိမ္ၿငိမ္ပါပဲ”ဟု ရဲမွဴး ဝင္းခုိင္က ေျပာသည္။
MNDAA ႏွင့္ ပူးေပါင္းအဖြဲ႕ဟုယူဆရသည့္ လက္နက္ကိုင္အဖြဲ႕က ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေလာက္ကိုင္ၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္မွ တပ္စခန္းမ်ားအား မတ္လ(၆) ရက္ေန႔ နံနက္ (၂)နာရီခန္႔က စတင္ဝင္ေရာက္ တုိက္ခုိက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ဒေသတွင်း စိုးရိမ်မှုများ မဖြစ်ပေါ်စေရန် ကျောက်မဲမြို့နယ် အတွင်း လုံခြုံရေး တိုးမြှင့်ဆောင်ရွက် ထားကြောင်း သိရသည်။
“ကျွန်တော်တို့ ကျောက်မဲမြို့နယ် အနေနဲ့ လုံခြုံရေး တိုးမြှင့်ထားပါတယ်။ အနီးကပ် အဖွဲ့အစည်းတွေ အားလုံး ပေါင်းစပ်ပြီးတော့ ခါတိုင်းထက်ပိုပြီး မျက်ခြည်မပြတ် သတင်းတွေလည်း ရယူနေပါတယ်။ နယ်မြေ လုံခြုံရေးချတဲ့ နေရာတွေမှာလည်း ခါတိုင်း အနေအထားတွေထက် နှစ်ဆ တိုးပြီးချထားပါတယ်”ဟု ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းခိုင်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
ကျောက်မဲမြို့နယ်အနဖြေင့် ပုံမှန်အားဖြင့် လုံခြုံရေး သတိထားရသည့် အခြေအနေတွင်ရှိနပြေီး ထူးခြား အခြေအနဖြေစ်ပါက လုံခြုံရေးတိုးမြှင့်ထားသည့် အတွက် ပြည်သူများ စိုးရိမ်ရန် မလိုကြောင်း၎င်းက ဆိုသည်။
“လုံခြုံရေးနဲ့ ပတ်သက်တာအကုန် တပ်နဲ့ပေါင်းစပ်ပြီးတော့ အသင့်အနေအထား ဖြစ်အောင် ဆောင်ရွက်ထားပါတယ်။ လက်ရှိ အခြေအနေကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ”ဟု ရဲမှူး ဝင်းခိုင်က ပြောသည်။
MNDAA နှင့် ပူးပေါင်းအဖွဲ့ဟု ယူဆရသည့် လက်နက်ကိုင်အဖွဲ့က ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နှင့် အနီးတစ်ဝိုက်မှ တပ်စခန်းများအား မတ်လ(၆) ရက်နေ့ နံနက် (၂)နာရီခန့်က စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်