ရွမ္းျပည္နယ္ (အေရွ႕ပိုုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဖုန္း(က)ေက်းရြာအုပ္စု၊ ဝမ္တံုေက်းရြာႏွင့္ ဟိုနား (အာခါ) ေက်းရြာၾကားတြင္ မတ္လ (၇) ရက္ေန႔ ေန႔လယ္ (၁)နာရီခြဲခန္႔က အမ်ိဳးသမီးအေလာင္း တစ္ေလာင္းေတြ႔ရွိသျဖင့္ ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးမႈမ်ား ေဆာင္ရြက္ေနေၾကာင္း သိရသည္။
အဆိုပါ ေနရာတြင္ အမ်ိဳးသမီး အေလာင္းေတြ႕ရေၾကာင္း သတင္းအရ ဝမ္တံုေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးရံုး အဖြဲ႕ဝင္ ဦးအိုက္ဖုန္းက ဝမ္ပံုနယ္ေျမရဲစခန္းသို႔ အေၾကာင္းၾကားသျဖင့္ ရဲတပ္ဖြဲ႕ႏွင့္ သက္ဆိိုင္ရာ တာဝန္ရိွသူမ်ားသည္ ေန႔လယ္ (၁)နာရီ (၄၅)မိနစ္ခန္႔က အခင္းျဖစ္ေနရာသို႔ ေရာက္ရိွ စစ္ေဆးေၾကာင္း သိရသည္။
ေသဆံုးေနသည့္ အေလာင္းမွာ အသက္ (၅၃)ႏွစ္အရြယ္ ေဒၚပါလူ (ခ) ေဒၚနန္းလူ ျဖစ္ေနၿပီး တာခ်ီလိတ္ၿမိဳ႕နယ္ ၀မ္ပံုရြာတြင္ ေနထိုင္ကာ လယ္လုပ္သူျဖစ္ေၾကာင္း ႏွင့္ ၎တြင္ ဦးေခါင္း ဖူးေရာင္ ဒဏ္ရာမ်ား၊ လက္ႏွင့္ေျခေထာက္တြင္ ပြန္းပဲ့ဒဏ္ရာမ်ား၊ ေနာက္ေက်ာတြင္ ထိုးသြင္း ဒဏ္ရာတို႔ျဖင့္ ေသဆံုးေနသည္ကို ေတြ႔ရေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
အေလာင္းအား တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရံုႀကီးသို႔ ရဲေဆးစာႏွင့္အတူ ပို႔ေဆာင္ထားၿပီး ဝမ္ပံုနယ္ေျမ ရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ (ပ) ၂/၂၀၁၇ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ထားေၾကာင္း ႏွင့္ ရဲတပ္ဖြဲ႔မွ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရွိရသည္။
ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်တုံကျေးရွာနှင့် ဟိုနား (အာခါ) ကျေးရွာကြားတွင် မတ်လ (၇) ရက်နေ့ နေ့လယ် (၁)နာရီခွဲခန့်က အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ နေရာတွင် အမျိုးသမီး အလောင်းတွေ့ရကြောင်း သတင်းအရ ဝမ်တုံကျေးရွာ အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင် ဦးအိုက်ဖုန်းက ဝမ်ပုံနယ်မြေရဲစခန်းသို့ အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် နေ့လယ် (၁)နာရီ (၄၅)မိနစ်ခန့်က အခင်းဖြစ်နေရာသို့ ရောက်ရှိ စစ်ဆေးကြောင်း သိရသည်။
သေဆုံးနေသည့် အလောင်းမှာ အသက် (၅၃)နှစ်အရွယ် ဒေါ်ပါလူ (ခ) ဒေါ်နန်းလူ ဖြစ်နပြေီး တာချီလိတ်မြို့နယ် ဝမ်ပုံရွာတွင် နေထိုင်ကာ လယ်လုပ်သူဖြစ်ကြောင်း နှင့်၎င်းတွင် ဦးခေါင်း ဖူးရောင် ဒဏ်ရာများ၊ လက်နှင့်ခြေထောက်တွင် ပွန်းပဲ့ဒဏ်ရာများ၊ နောက်ကျောတွင် ထိုးသွင်း ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အလောင်းအား တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ရဲဆေးစာနှင့်အတူ ပို့ဆောင်ထားပြီး ဝမ်ပုံနယ်မြေ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (ပ) ၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း နှင့် ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း