တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စုတြင္ မူးယစ္ေဆးသံုးစြဲေနသူႏွင့္ စိတ္ၾကြေဆးျပားမ်ားဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စုတြင္ မူးယစ္ေဆးသံုးစြဲေနသူႏွင့္ စိတ္ၾကြေဆးျပားမ်ားဖမ္းမိ
မတ် 8, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ သတင္းရရိွသည့္ ေနအိမ္ႏွစ္လံုးအား မတ္လ (၈) ရက္ေန႔ နံနက္ပိုင္းက ရဲတပ္ဖြဲ႕မွ ဝင္ေရာက္ရွာေဖြရာ မူးယစ္ေဆး သံုးစြဲသူႏွင့္ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ သိရသည္။
မူးယစ္တပ္ဖြဲ႔စု (၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မ်ား ပါ၀င္သည့္ သက္ဆိုင္ရာ ပူးေပါင္း အဖြဲ႔သည္ သတင္းအရ တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းကို္းအုပ္စု၊ ရန္ရွင္း(၂)ရြာမွ အားေဖာ္၏ ေနအိမ္အား မတ္လ (၈) ရက္ေန႔ နံနက္(၇)နာရီအခ်ိန္တြင္ လည္းေကာင္း၊ နံနက္ (၇)နာရီ (၁၅)မိနစ္အခ်ိန္တြင္ ရန္ရွင္း (၂)ရြာမွ အားေၾကြ၏ ေနအိမ္အား လည္းေကာင္း ရွာေဖြမႈမ်ား လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ပူးေပါင္းအဖြဲ႔သည္ အားေဖာ္၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ မူးယစ္ေဆးသံုးစြဲရန္ ေရာက္ေနသည့္ ထူးထူးေစာ ဆိုသူကိုလည္း ေတြ႔ရၿပီး အားေဖာ္အိပ္သည့္ အိပ္ယာေခါင္းရင္းမွ WY စာတမ္းပါ ပန္းေရာင္ စိတ္ႂကြေဆးျပား (၂၀)ျပား၊ အေလးခ်ိန္ (၂)ဂရမ္ခန္႔၊ ေဒသတန္ဖိုး (၃၀၀၀၀)က်ပ္ခန္႔အား လည္းေကာင္း၊ ထူးထူးေစာအိပ္ ေနသည့္ အိပ္ယာေျခရင္းဘက္မွ ဘိန္းရွဴရာတြင္ အသုံးျပဳသည့္ ဘိန္းေျပာင္း(၁)ခု၊ ဆီမီးခြက္(၁)ခုနွင့္ စိတ္ႂကြေဆးျပား ရွဴရာတြင္ အသုံးျပဳသည့္ ပိုက္တပ္လွ်က္ ေကာ္ဘူး(၁)ဘူးတို႔အား လည္းေကာင္း စစ္ေဆးေတြ႔ရိွရေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
မူးယစ္ေဆးဝါးမ်ားနွင့္ အတူ ဖမ္းဆီးရမိသည့္ အားေဖာ္ႏွင့္ ထူးထူးေစာတို႔အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၉/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၆(ဂ)/၂၁ အရ အမႈဖြင့္စစ္ေဆး ေဆာင္ရြက္ေနေၾကာင္း သိရသည္။
ဆက္လက္၍ ပူးေပါင္းအဖြဲ႔သည္ အားေႂကြ၏ ေနအိမ္အား ဝင္ေရာက္ ရွာေဖြရာတြင္ မ်ိဳးလြင္ဆိုသူကိုလည္း ေတြ႔ရၿပီး အားေႂကြအိပ္သည့္ အိပ္ယာေဘးရွိ သားေရလြယ္အိတ္ အတြင္းမွ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ႂကြေဆးျပား (၇၃)ျပားနွင့္ အိုက္စ္အျဖဴေရာင္ပုံေဆာင္ခဲ (၂)ဂရမ္ခန္႔အား လည္းေကာင္း၊ အားေႂကြ ပိုင္ဆိုင္သည့္ နံပါတ္မပါ Honda Wave-110 အမ်ိဳးအစား ဆိုင္ကယ္ တူးေဘာက္အတြင္းမွ WY စာတမ္းပါ နီညိဳေရာင္ စိတ္ႂကြေဆးျပား (၆၂)ျပား စုစုေပါင္း စိတ္ႂကြေဆးျပား (၁၃၅)ျပား၊ အေလးခ်ိန္ (၁၃.၅)ဂရမ္၊ ေဒသတန္ဖိုး (၂၀၂,၅၀၀)က်ပ္ခန္႔ႏွင့္ အိုက္စ္(၂)ဂရမ္၊ ေဒသတန္ဖိုး (၅၀,၀၀၀) က်ပ္ခန္႔တို႔ႏွင့္အတူ အဆိုပါ ေနအိမ္တြင္ ေတြ႔ရသည့္ မ်ိဳးလြင္ ပိုင္ဆိုင္သည့္ Honda Dream အမ်ိဳးအစား အနက္ေရာင္ ဆိုင္ကယ္(၁)စီးတို႔အား လည္းေကာင္း စစ္ေဆး ဖမ္းဆီးရမိေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးမ်ားနွင့္အတူ ဖမ္းဆီးရမိသည့္ အားေႂကြႏွင့္ မ်ိဳးလြင္တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၀/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အရ အမႈဖြင့္အေရးယူေဆာင္ရြက္ေနေၾကာင္း သိရသည္။
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် သတင်းရရှိသည့် နေအိမ်နှစ်လုံးအား မတ်လ (၈) ရက်နေ့ နံနက်ပိုင်းက ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေး သုံးစွဲသူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့များ ပါဝင်သည့် သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့သည် သတင်းအရ တာချီလိတ်မြို့နယ်၊ မိုင်းကို်းအုပ်စု၊ ရန်ရှင်း(၂)ရွာမှ အားဖော်၏ နေအိမ်အား မတ်လ (၈) ရက်နေ့ နံနက်(၇)နာရီအချိန်တွင် လည်းကောင်း၊ နံနက် (၇)နာရီ (၁၅)မိနစ်အချိန်တွင် ရန်ရှင်း (၂)ရွာမှ အားကြွေ၏ နေအိမ်အား လည်းကောင်း ရှာဖွေမှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် အားဖော်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးသုံးစွဲရန် ရောက်နေသည့် ထူးထူးစော ဆိုသူကိုလည်း တွေ့ရပြီး အားဖော်အိပ်သည့် အိပ်ယာခေါင်းရင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၀)ပြား၊ အလေးချိန် (၂)ဂရမ်ခန့်၊ ဒေသတန်ဖိုး (၃၀၀၀၀)ကျပ်ခန့်အား လည်းကောင်း၊ ထူးထူးစောအိပ် နေသည့် အိပ်ယာခြေရင်းဘက်မှ ဘိန်းရှူရာတွင် အသုံးပြုသည့် ဘိန်းပြောင်း(၁)ခု၊ ဆီမီးခွက်(၁)ခုနှင့် စိတ်ကြွဆေးပြား ရှူရာတွင် အသုံးပြုသည့် ပိုက်တပ်လျှက် ကော်ဘူး(၁)ဘူးတို့အား လည်းကောင်း စစ်ဆေးတွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသည့် အားဖော်နှင့် ထူးထူးစောတို့အား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၉/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် အားကြွေ၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာတွင် မျိုးလွင်ဆိုသူကိုလည်း တွေ့ရပြီး အားကြွေအိပ်သည့် အိပ်ယာဘေးရှိ သားရေလွယ်အိတ် အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၇၃)ပြားနှင့် အိုက်စ်အဖြူရောင်ပုံဆောင်ခဲ (၂)ဂရမ်ခန့်အား လည်းကောင်း၊ အားကြွေ ပိုင်ဆိုင်သည့် နံပါတ်မပါ Honda Wave-110 အမျိုးအစား ဆိုင်ကယ် တူးဘောက်အတွင်းမှ WY စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၆၂)ပြား စုစုပေါင်း စိတ်ကြွဆေးပြား (၁၃၅)ပြား၊ အလေးချိန် (၁၃.၅)ဂရမ်၊ ဒေသတန်ဖိုး (၂၀၂,၅၀၀)ကျပ်ခန့်နှင့် အိုက်စ်(၂)ဂရမ်၊ ဒေသတန်ဖိုး (၅၀,ဝဝဝ) ကျပ်ခန့်တို့နှင့်အတူ အဆိုပါ နေအိမ်တွင် တွေ့ရသည့် မျိုးလွင် ပိုင်ဆိုင်သည့် Honda Dream အမျိုးအစား အနက်ရောင် ဆိုင်ကယ်(၁)စီးတို့အား လည်းကောင်း စစ်ဆေး ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အားကြွေနှင့် မျိုးလွင်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၀/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~