ရှမ်းပြည်နယ် (မြောက်ပိုင်း)။ ပြည်ထောင်စု လမ်းမကြီးပေါ် လားရှိုး - မူဆယ် လမ်းပိုင်း၊ ကွတ်ခိုင် နှင့် နမ့်ဖက်ကာ ကျေးရွာအကြားတွင် မတ်လ(၁၄)ရက်နေ့ နေ့လယ်(၂)နာရီခွဲ ၀န်းကျင်က မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုမှ ယာဉ်ကြီး၊ ယာဉ်ငယ်များအား တားဆီးကာ ဆက်ကြေး ကောက်ခံနေ၍ မူဆယ်မှ ဆင်းလာသည့် ယာဉ်များမှ နောက်ပြန်လှည့်နေရကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်
"ကွတ်ခိုင်ရှုခင်းသာ နားကနေ ကားတွေကပြန်လှည့်နကြေတယ်၊ မူဆယ်က ဆင်းလာတဲ့ကားတွေ တော်တော် များများ ရပ်ထားတယ်၊ တစ်ချို့က မူဆယ်ဘက်ကို ပြန်လှည့်သွားကြပြီ၊ ဆက်ကြေးကောက်တဲ့ နေရာကိုတော့ ကျွန်တော်တို့ မရောက်သေးဘူး"ဟု မူဆယ်မှ လားရှိုးသို့ အရေးပေါ် လူနာ သယ်ဆောင် လာသည့် မူဆယ်မြို့မှ စေတနာ့ဝန်ထမ်း တစ်ဦးက ပြောသည်။
ဆီဘောက်ဆာ ယာဉ်အချို့နှင့် ကုန်တင်ကားကြီးအချို့ကို ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာကျေးရွာ အကြားရှိ နမ့်ကွတ် ကျေးရွာအဝင်တွင် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့မှ ကားသော့များ ဖြုတ်ယူသွားပြီး လမ်းပိတ်ဆို့ကာ ဆက်ကြေးကောက်ခံနခြေင်း ဖြစ်ကြောင်း သိရသည်။
လားရှိုးမှ မူဆယ်သို့ တက်သွားသည့် ကုန်တင် ယာဉ်ကြီး၊ ယာဉ်ငယ်များမှာ ကွတ်ခိုင်မြို့ အနီးတွင် ရပ်တန့်ထားရပြီး အချို့ယာဉ်များမှာ လားရှိုးသို့ ပြန်လှည့်သွားကြောင်း ကွတ်ခိုင်သို့ရောက်ရှိနေသည့် ယာဉ်မောင်းတစ်ဦးထံမှ သိရသည်။
မတ်လ ၁၄ ရက် နံနက် (၄)နာရီ ဝန်းကျင်မှစ၍ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီးတွင် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ၏ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျေးရွာဒေသခံ အသက် ၁၃ နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဦး ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာရရှိထားပြီး မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသနေရာမှ သတိပြန်မလည်လာသဖြင့် နေ့လယ်ပိုင်း တွင် လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ ပြန်လည် ပို့ဆောင်ကုသရန်အတွက် သယ်ဆောင်လာရကြောင်း မူဆယ်ကရုဏာလူမှုကူညီရေးအသင်းမှ သိရသည်။
သတင်း - နဖြေိုးမြင့်