မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အိုက်ကျောက်နှင့် မူးယစ်ဆေး ရောင်းချပေးသူဟုဆိုသည့် ကျိုင်းနန်ရီတို့အား ဝမ်ပုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်ကျေးရွာတွင် မတ်လ (၁၄) ရက်နေ့ နံနက် (၁၀)နာရီ (၁၅)မိနစ်ခန့်က ဆိုင်ကယ်မောင်းနှင်လာသူထံမှ စိတ်ကြွဆေးပြား (၂၀၀) နှင့်အတူ မူးယစ်ဆေးရောင်းချသူဟု သံသယရှိသူတို့အား ပါခုတ်စစ်ဆေးရေးစခန်း၌ ဖမ်းဆိီးရမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် ဝမ်ပုံနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူများ၊ သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပါခုတ်စစ်ဆေးရေးစခန်းတွင် စစ်ဆေးဆောင်ရွက်နေစဉ် တာချီလိတ်မှ ဝမ်ပုံကျေးရွာသို့ ဆိုင်ကယ်မောင်းနှင်လာသူအား စစ်ဆေးရာမှ ကိုယ်ခန္ဓာတွင် ဝှက်၍ သယ်ဆောင် လာသည့် စိတ်ကြွဆေးပြား (၂၀၀)အား ဖမ်းဆီးရမိပြီး ဝှေလေလန်ကျေးရွာရှိ ကျိုင်းနန်ရီထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။
ရဲတပ်ဖွဲ့သည် ရရှိလာသည့်ထွက်ဆိုချက်အရ ဝှေလေလန်ကျေးရွာရှိ ကျိုင်းနန်ရီ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများ မတွေ့ရကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အိုက်ကျောက်နှင့် မူးယစ်ဆေး ရောင်းချပေးသူဟုဆိုသည့် ကျိုင်းနန်ရီတို့အား ဝမ်ပုံနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးဥပဒဖြေင့် အရေးယူထားကြောင်း သိရသည်။